V.I.P <19>

1.5K 175 7
                                    

Unicode

-ဂျောင်ကုရုံးခန်း-

"ရော့ မင်းပိုက်ဆံအိတ်ကိုထပ်မမေ့နဲ့တော့"

​သူမေ့ကျန်ခဲ့တဲ့ ပိုက်ဆံအိတ်အား လှမ်းပေးပြီး လှည့်ထွက်တော့မယ့်အချိန် ဂျီမင်းလက်အား ပြန်ဆွဲလိုက်သည်။

"မင်းတစ်ခုခုမေ့နေသလိုပဲ"

ပြောကာ နှုတ်ခမ်းတစ်ဖက်အားပင့်တင်ပြီး သူ့နှုတ်ခမ်းသူ လက်ညှိုးထိုးနေသေးသည်။

ဒါပေမယ့်လည်း တံခါးခေါက်သံနှစ်သံကြားလိုက်တာမို့ ဂျောင်ကုနားမှ ဂျီမင်းချက်ချင်းခွာလိုက်သည်။ အခိုက်အတန့်လေးလှတော့မယ်ဆို အနှောင့်အယှက်တွေကတော့ လာလာနှောင့်ယှက်နေဆဲ..

ဂျောင်ကုလည်း သက်ပြင်းချကာ ထိုသူအား ဝင်ခိုင်းလိုက်သည်။ တံခါးပွင့်ပြီး သူ့ရဲ့ ရည်းစားဟောင်း ကင်မ်ယူဂျွန်း ဝင်လာသည်။

သူမ ပထမဆုံးမြင်ရသူက ဂျီမင်းဖြစ်ပေမယ့်လည်း လန့်စရာမရှိပါဘူးလေ။

"ကျွန်မဒီကိုအလုပ်ကိစ္စနဲ့လာတာ"

ထိုသူမဟာ ဂျီမင်းတစ်ယောက်လုံးကို လျှစ်လျူရှုပြီး ဂျောင်ကုရှေ့သို့သာ တန်းမတ်စွာလျှောက်သွားသည်။

"ကျွန်မအလုပ်ထွက်ပြီး နယ်ပြောင်းချင်လို့ ဒီမှာစာရွက်စာတမ်းတွေ"

ဖိုင်တွဲအတွဲလိုက်တွေကို ဂျောင်ကုလက်ထဲသို့ကမ်းပေးပြီး ဘာမှမဖြစ်ခဲ့သလို ဆံပင်တစ်ခါသပ်ကာ ထွက်သွားလေတော့သည်။

~~~

နေရောင်ခြည်လည်း ပျောက်ကွယ်သွားကာ အလင်းရောင်မှေးမှေးလေးပဲကျန်တော့သည်။ အိမ်ပြန်ချိန်ရောက်ပြန်ပြီလေ~

ဂျီမင်းလည်း အိမ်ပြန်ဖို့ စားပွဲအားရှင်းနေစဥ် သူ၏ ခင်ပွန်း ဂျွန်ဂျောင်ကုဆီမှ မတ်ဆေ့ချ် တစ်စောင်ဝင်လာသည်။

"ကိုယ့်မှာ လုပ်စရာလေးတွေရှိသေးလို့ မင်းအိမ်အရင်ပြန်လိုက်လို့ရတယ်နော် <3"

အဲ့နောက်ဆုံးက သေးသေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ အသဲလေးဟာ ဂျီမင်းရဲ့ နှလုံးသားကို တလှပ်လှပ်ဖြင့် ခုန်စေနိုင်သည်။

V.I.P {Jikook U & Z}Where stories live. Discover now