Unicode
{ဒီအပိုဒ်လေး မဖတ်ခင် "if you" ၊ the butterfly effect" ကိုနားထောင်ဖို့ အကြံပေးပါတယ်ရှင့်}"ဟူးး ပင်ပန်းလိုက်တာ.."
ဂျီမင်းလည်း တစ်နေ့လုံးပင်ပန်းသွားရတာကြောင့် ကြောင်ငယ်လေးတစ်ကောင်လို အပျင်းကြောတွေဆန့်မိနေသည်။
မနက်ဖြန်ကျရင် ကုမ္ပဏီမှ ထွက်သွားရတော့မှာကြောင့် ပုံးထဲသို့ ပစ္စည်းတွေထည့်နေရတာအခုထိ မပြီးသေးချေ။ ည ဆယ်နာရီလည်းထိုးနေပြီး ကုမ္ပဏီထဲမှာ လူတွေတောင်သိပ်ကျန်တော့တာမဟုတ်ဘူး။ သုံးယောက် လေးယောက်လောက်ပဲ။
ရုံးခန်းအတွင်းကို ဂျီမင်းလှည့်ပတ်ကြည့်မိသည်။ မနက်အစောကြီး ဂျောင်ကုတစ်ယောက် သူ့အတွက် ဒိုးနပ်နဲ့ မစ်တီးလာပေးတာကို သတိရမိသည်။ သူအဲ့နေ့တုန်းက တကယ် ကောင်းခဲ့တာပါလား?
တံခါးခေါက်သံကြောင့် ဂျီမင်းရဲ့ အတွေးတွေတောင် ပျောက်ကွယ်သွားရပါသည်။
"ဝင်လာခဲ့ပါ"
ထူးဆန်းစွာနဲ့ ဘယ်သူမှဝင်မလာခဲ့ဘူး။ ကြက်သီးတွေထရပါပြီ။ ပြီးတော့ ဒီလိုအချိန်ကြီးမှာ ဘယ်သူကတံခါးလာခေါက်မှာလဲ?
မာနအားအရှေ့ထားပြီး တံခါးဆီသို့လျှောက်သွားကာ ဖွင့်လိုက်သည်။ သို့ပေမယ့် ဘယ်သူမှရှိမနေခဲ့။ ဘာတွေဖြစ်သွားတာလဲ?
တံခါးပြန်ပိတ်မယ် ကြံရွယ်နေချိန်မှာတင် ဂျီမင်းရဲ့ မျက်လုံးတွေက ကြမ်းပြင်ပေါ်၌ အရာတစ်ခုကို မြင်မိလိုက်သေးသည်။ ကတ်လေးတစ်ကတ်ပေါ်မှာ မြေပဲချောကလတ်လေးတစ်ခုသာ။
အောက်သို့ဆောင့်ကြောင့်ထိုင်ပြီး ကြည့်လိုက်သည်။ ပြီးတော့ ကတ်လေးမှာရေးထားတဲ့စာလေးကိုဖတ်ကြည့်မိသည်။
"မင်းကချစ်ဖို့ကောင်းပြီး ငါကသနားဖို့ကောင်းတယ်"
"အိုမို.."
ရှက်ပြုံးလေးက ဂျီမင်းနှုတ်ခမ်းအထပ်မှာပေါ်လာပြီး ကတ်ပေါ်မှာရေးထားတဲ့ စကားလုံး ချိုချိုလေးတွေကြောင့် ရှက်နေမိပါပြီ။
ဘေးကို ကြည့်မိတော့လည်း နောက်တစ်ကတ်ရှိနေပြန်သည်။ တစ်ယောက်ယောက်က ပြင်ဆင်ထားပုံပဲ။ ဒါပေမယ့် ဘယ်သူလဲ? ဘာလို့ အဲ့လူက ဒီလိုတွေ ပြင်ဆင်ထားရတာလဲ?
أنت تقرأ
V.I.P {Jikook U & Z}
أدب الهواةကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..