Unicode
Jungkook P.O.V
ရထားအပြင်ဘက်တွင်တော့ ဝန်ထမ်းတစ်ဦးက ရထားအား ထွက်လို့ရပြီဟု ခြေဟန်လက်ဟန်ပြုကာ အချက်ပြနေသည်။
ကျနော်လည်းနားမလည်ပေမယ့် ဘူဆန်ကိုရုတ်တရက်ကြီးလွမ်းသွားတာ။ ဂျီမင်းနဲ့တူတူသွားရမှာမို့ ရင်ခုန်မိပေမယ့် ဟိုနှစ်ယောက်ကလည်း လိုက်လာသေးတယ်။ ဒါတင်မကသေးဘူး ကျနော်မမှားရင် သူ့သူငယ်ချင်း နောက်.. တစ်..နှစ်..သုံးယောက်ကြီးများတောင်ခေါ်လာသေးတယ်။
ဂျီမင်းဘေးမှာထိုင်နေပေမယ့် ထိုသူဆိုသည်မှာလည်း အနောက်ပဲတစ်လှည့်လှည့်ဖြင့် သူတို့နှင့်စကားသွားပြောနေတယ်။ အမှန်တိုင်းပြောရရင် အင်း~ မနာလိုတယ်။
သူနဲ့ပိုပြီးခင်မယ် ပိုပြီးသူ့အကြောင်းသိအောင်လုပ်ဖို့ စီစဥ်ထားတာ အဲ့နှစ်ယောက်ကဖျက်ပြန်ပြီ
နေသာထိုင်သာကောင်းအောင် သီချင်းအေးအေးလေးတွေ နားထောင်ဖို့ နားကြပ်တပ်လိုက်သည်။ သီချင်းကလည်း အရမ်းကောင်းနေတာကြောင့် ကျနော်အိပ်ပျော်သွားတယ်။
End P.O.V
"ထတော့ ဘူဆန်ရောက်ပြီ"
ဂျီမင်းလည်း ဂျောင်ကုအား တံတောင်ဖြင့် ထိုးကာနှိုးလိုက်သည်။ ဂျောင်ကုသည် မျက်လုံးပြူးသွားကာ မျက်လုံးနီနီများဖြင့် ဂျီမင်းအားစိုက်ကြည့်လာသည်။
"ဘာ..ဘာဖြစ်လို့လဲ"
နှုတ်ခမ်းကိုကိုက်ပြီး အရယ်ထိန်းကာ ဂျီမင်းမေးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဂျောင်ကု၏ ယခုပုံစံဟာ အရမ်းရယ်ချင်စရာကောင်းနေသောကြောင့်ပင်။
"ကိုယ်အိပ်မက်မက်ခဲ့တယ်"
ပြောရင်းဆိုရင်း ဂျီမင်းနားအား အခြားရထားပေါ်မှဆင်းနေသည့် လူတွေကိုဂရုမစိုက်ပဲ ကပ်လာသည်။
"ဘယ်လိုအိပ်မက်မျိုးလဲ?"
"ကိုယ်အိပ်မက်မက်ခဲ့တာက.. ကိုယ်တို့ဒီရထားနဲ့ ဘူဆန်သွားနေတုန်းလေ ကြောက်ဖို့ကောင်းတဲ့ ဇွန်ဘီတစ်အုပ်စုက ကိုယ်တို့ကိုလာတိုက်ခိုက်တာတဲ့ ကိုယ်သူတို့တွေကို တစ်ယောက်မကျန် သတ်လိုက်နိုင်ပေမယ့် မင်းကတော့ ကိုက်ခံလိုက်ရပြီး ဇွန်ဘီဖြစ်သွားတယ်တဲ့ကွ"
YOU ARE READING
V.I.P {Jikook U & Z}
Fanfictionကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..