Unicode
"အဖေ့ရဲ့သားက ဒီမှာမနက်ဖြန်ကစ, အလုပ်လုပ်မယ်? ဟုတ်လား?"
ဂျောင်ကုတစ်ယောက် အဖေ့အား မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြင့် မေးမိသည်။
"မင်းသူ့ကို အရင်က တခါမှမတွေ့ဖူးဘူးမလား?"
အဖေသည် စမတ်ကျကျ အမည်းရောင်ဖိုင်အား ပိတ်ပြီး ဘောပင်ကိုနေရာတကျပြန်ထားကာ ထိုင်နေရာမှထသည်။
အဖြေအနေနှင့် ဂျောင်ကု ခေါင်းခါပြလိုက်သည်။ အဲ့လောက်ကြီးမှ စိတ်မဝင်စားတာကို။
"သူ ဒီနေ့သူ့သူငယ်ချင်းနဲ့ ကုမ္ပဏီလာပြီး လျှောက်ကြည့်မယ်ပြောတာပဲ"
လူအိုကြီးဟာ ရုံးခန်းထဲမှ ထွက်သွားပြီး သူ့တစ်ယောက်တည်းထားခဲ့လေတော့တယ်။
ဂျောင်ကုတစ်ယောက် သတင်းတွေပေါ် ဂရုမစိုက်ပဲ ကိုယ့်ရုံးခန်းကိုသာ ခြေဦးတည်လိုက်သည်။ သို့ပေမယ့် ပြန်နေချိန်မှာပဲ သူ့အနီးတစ်ဝိုက်က ဝန်ထမ်းတွေအားလုံး ခုနက အဖေနဲ့ပြောခဲ့တဲ့ ဝန်ထမ်းအသစ်လေးအကြောင်း ပြောနေကြသည်။
"မင်း ဥက္ကဌပတ်ရဲ့ သားကိုတွေ့ပြီးပြီလား? ယောကျ်ားလေးပေမယ့် အသေလှတာနော်"
ဝန်ထမ်းတွေအကုန်လုံးက တီးတိုးတီးတိုးပြောသွားကြတော့ ဂျောင်ကုသိချင်မိသွားပြီး တစ်နည်းနည်းနဲ့ စိတ်လှုပ်ရှားနေမိတယ် *သူအဲ့လောက် ချောလို့လား?*
ရုတ်တရက် မှန်ရှည်တစ်ခုရှေ့၌ရပ်၍ ခေါင်းအစမှ ခြေအဆုံး ကိုယ့်ကိုယ်ကို စစ်ကြည့်မိသည်။
*အာ ခန ငါ့ဆံပင်ပုံမကျသေးဘူးပဲ*
မျက်လုံးနှစ်ဖက်အား လှိမ့်ပြီး ပိုကြည့်ကောင်းအောင် ဆံပင်အားပြင်လိုက်သည်။
ထိုအချိန်တွင် သူရပ်နေရာမှ မနီးမဝေးနေရာမှာတော့ ဂျီမင်းတစ်ယောက် ဟိုဆော့ဖြင့်။ ကုမ္ပဏီသို့ ပထမဆုံးလာဖူးတာဖြစ်ကြ၍ နှစ်ယောက်လုံး လမ်းပျောက်နေလေသည်။
"မင်း.. mask ကြီးချွတ်လိုက်စမ်း ဂျောင်ဟိုဆော့။ မင်းပုံက အရမ်းမိုက်နေတော့ အားလုံးစိတ်ဝင်စားနေကြတယ်ကွ"
"ငါ့မှာတုပ်ကွေးရှိတယ်လို့ မင်းကိုဘယ်နှစ်ခါပြောရမလဲ? ပြီးတော့ သူတို့က ငါ့ကိုကြည့်နေတာမဟုတ်ဘူး။ မင်းကို့ကြည့်နေကြတာ"
BẠN ĐANG ĐỌC
V.I.P {Jikook U & Z}
Fanfictionကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..