{unicode}
ဂျောင်ကုကားပါကင်ထိုးပြီးတဲ့ အချိန်မှာတော့ သူမဆင်းခင် ဂျီမင်း မြန်မြန်သာ ကားပေါ်ကဆင်းသွားလိုက်သည်။ မဟုတ်ရင် သူနဲ့တူတူလမ်းလျှောက်နေရဦးမှာလေ။ သူ့အတွက် ခံစားချက်တွေကို တဖြည်းဖြည်းနဲ့ မေ့ပစ်ချင်ပြီ။
"မနေ့က မင်းပြောခဲ့တာတွေ... ငါကြိုးစားကြည့်ပါ့မယ်"
သူ့ကိုမကြည့်ပဲပြောပြီး အမြန်ဆုံးသာ အဲ့နေရာက လှည့်ထွက်မိသည်။
"ကျေးဇူးပဲ"
တဖြည်းဖြည်းနဲ့ထွက်သွားတဲ့ ဂျီမင်းရဲ့ ခန္ဓာကိုယ်သေးသေးလေးဟာ နောက်တော့ အစက်သေးသေးလေးဖြစ်သွားပြီး ပျောက်ကွယ်သွားလေသည်။ ဂျောင်ကုကတော့ ကားထဲမှာပဲ ခနလောက်နေနေကာ အဲ့ဒါက ကောင်းတဲ့ရွေးချယ်မှုလားလို့ စဉ်းစားနေမိသည်။
**ကွာရှင်းတာကောင်းရောကောင်းရဲ့လား?**
အဲ့အချိန်မှာ ဂျီမင်းကတော့ အားလုံးကို အဆုံးသတ်ချင်တဲ့ ရည်ရွယ်ချက်ဖြင့် အဖေ့ရဲ့ ရုံးခန်းကိုသာ ခြေလှမ်းတွေ ဦးတည်လိုက်သည်။
"အဖေ.."
တံခါးဖွင့်ပြီး ခေါ်တော့ အဖေဖြစ်သူက ဖုန်းပြောနေလေရဲ့။
"ဂျီမင်းရေ အဖေမအားဘူး။ ဒါနဲ့ ဒါလေးကို ဂျောင်ကုကို ပေးပေးပါလား?"
အမည်းရောင် ဖိုင်လေးတစ်ခုပေးကာ ဂျီမင်းအား တစ်ယောက်တည်းထားခဲ့ပြီး ထွက်သွားလေသည်။
ပြောဖို့အဆင်ပြေမယ့်အချိန်ကို ထပ်ရွေးရမည့် ရွေးချယ်ချက်ကလွဲလို့ ဘာရွေးချယ်စရာရှိသေးလို့လဲ? စိတ်ပျက်ပျက်ဖြင့် ဓါတ်လှေကားမှာ ဂျောင်ကု ရုံးခန်းရှိတဲ့ နံပါတ် (၅) ကိုသာ နှိပ်လိုက်သည်။
သူ့ရုံးခန်းရှေ့ရောက်တော့ အခန်းတံခါးအားနည်းနည်း ဟပြီး သူတစ်ယောက်တည်းလား? ဆိုတာ ကြည့်မိသည်။
ဒီလိုဟကြည့်လို့တော်သေးတာပေါ့။ သူ့အရှေ့မှာ ယူဂျွန်း ဆိုတဲ့မိန်းမ ထိုင်နေလေရဲ့။
YOU ARE READING
V.I.P {Jikook U & Z}
Fanfictionကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..