Unicode
ဂျီမင်းတို့အိမ်ရောက်တော့ အထဲရောက်နေပြီဖြစ်တဲ့ ဂျောင်ကုကို အပေါက်ဝမှဂျီမင်းကကြောက်ကြောက်ဖြင့်
"ငါ..ငါမဝင်ချင်ဘူး.."
"အခန်းကိုပဲပြေးဝင်သွားလိုက် ပြီးတော့ ငါ့အခန်းထဲကဟာတွေ သိမ်းလာမယ် ရေချိုးခန်းကဟာတွေရောပဲ မင်းက ကျန်တာတွေ သိမ်းလိုက်နော်"
ဂျီမင်းလည်း ခြေတစ်လှမ်းကို ချကာ ကိုယ့်အခန်းထဲသို့ပြေးဝင်သွားလိုက်သည်။ မီးဖိုချောင်ကိုမကြည့်ဖို့ကြိုးစားရင်းပေါ့။ ကိုယ့်အခန်းကိုရောက်တော့ လေထဲမှာပလူပျံနေတဲ့ ဖုန်တွေကြောင့် နှာတောင်ချေမိသည်။
အခန်းထဲကိုဝေ့လည်ကြည့်တော့ ပစ္စည်းတွေသိပ်မရှိဘူး။ တော်သေးတာပေါ့ သိမ်းစရာသိပ်မလိုတော့ဘူး။
ပထမဆုံး အဝတ်တွေအားလုံးသိမ်းပြီး အိတ်ကြီးကြီးတစ်လုံးထဲထည့်လိုက်သည်။ နောက်တော့ ကျန်ပစ္စည်းတွေကို ခွဲထားတဲ့ ပုံးတွေထဲထည့်လိုက်သည်။ ညဥ့်နက်ထိမပြီးဆုံးနိုင်သေးတာပင်။
~~~
"ဟူး နောက်ဆုံးတော့!"
ခါးထောက်ကာ တစ်နေ့တည်းအကုန်အပြီးသတ်လိုက်နိုင်လို့ ကျေနပ်နေမိ၏။
ပစ္စည်းတွေအားလုံး ဧည့်ခန်းထဲရောက်နေပြီဖြစ်ကာ ပရိဘောဂနှင့် ကျန်လေးသော အရာတွေကတော့ နောက်နေ့မှ အရွှေ့အပြောင်းသမားတွေ ကူညီပေးမှာဖြစ်သည်။
ပလက်စတစ်ဖြင့်အုပ်ထားသော ထိုင်ခုံရှည်ပေါ်မှာ ဂျီမင်းထိုင်ကာ အနားယူနေတုန်း မီးဖိုချောင်မှ ဆူညံသံတွေကြားလိုက်ရသည်။ တစ်ယောက်ယောက်က ကြောင်အိမ်ကိုဖွင့်နေတာဖြစ်သည်။
"ဂျောင်ကုလား?"
မီးဖိုချောင်ရှင်းနေသော ဂျောင်ကုလို့ထင်မိပေမယ့်လည်း မီးတွေပိတ်ကာ ဘယ်သူမှအကြောင်းပြန်မလာပေ။ ကြောက်၏။ အဲ့ဒါကြောင့် အပေါ်တက်ကာ သူ့အခန်းသို့ဝင်သွားမိသည်။ ကြည့်မိတော့ ကုတင်စွန်း၌ ထိုင်ပြီး ထုံးစံအတိုင်း ဖုန်းဆော့နေသော ဂျောင်ကု။
ဂျီမင်းသည် ပါးစပ်အဟောင်းသားဖြင့် သူ့အားကြည့်နေတော့ မျက်လုံးက ဖုန်းမှမခွာပဲ
YOU ARE READING
V.I.P {Jikook U & Z}
Fanfictionကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..