Unicode
အချိန်တွေကုန်သွားပေမယ့် Jungkook ကခုထိပြန်မရောက်သေး ဘယ်တွေသွားနေလို့အဲ့လောက်ကြာနေတာပါလိမ့် အိမ်သာထဲမှာမို့လို့လား? ဒါပေမယ့် ၃ နာရီကြီးများတောင်?
Jimin လည်းသူပြန်လာမှာကို စိတ်ရှည်ရှည်နဲ့စောင့်နေသေးသည် ဘယ်လိုပဲထိုင်ထိုင် ထိုင်ခံုကမေကာင်းတာေကြာင့် ကျောကုန်းပဲအောင့်အောင့်လာသည် ပိုပိုဆိုးလာသည်
ကြာတော့ မစောင့်နိုင်တော့ပဲ ဒီနေရာကထွက်သွားဖို့ဆုံးဖြတ်လိုက်သည် ဓါတ်လှေကားထဲဝင်သည်အထိ Jimin ဒေါသတွေထွက်နေ..
တံခါးဖြည်းဖြည်းချင်းပိတ်သွားပြီး ဓါတ်လှေကားကအောက်ဆင်းသွားသည် ဒါပေမယ့် စက္ကန့်အနညးငယ်မှာတင် အရာအားလုံးက မှောင်မည်းသွားသည်
ဓါတ်လှေကားကအလုပ်မလုပ်တော့တာဖြစ်သည်
Jimin လဲကြောက်ပြီး ဒီတိုင်းရပ်နေမိသည် သရဲကားတွေထဲက ကြောက်ဖို့ကောင်းတဲ့ အရာတွေက Jimin စိတ်ထဲပေါ်ပေါ်လာသည်
အခုမှအသိစိတ်ပြန်ဝင်လာပြီး ဖုန်းထုတ်ကာ မီးဖွင့်လိုက်သည် မီးအကူညီနဲ့ ဓါတ်လှေကားခလုပ်တွေအကုန် နှိပ်ကြည့်ပေမယ့် ဘာမှအလုပ်မလုပ်ပေ အရေးပေါ်ခလုပ်ကတောင် အသုံးမဝင်ဘူး
Jungkook ကိုလည်းခေါ်ကြည့်ပေမယ့် တမင်သက်သက်ချပစ်သည် ဒါတင်မဟုတ်သေးဘူး မီးကအားတွေအကုန်စားသွားတော့ အကူညီခေါ်တော့မယ့်အချိန် ဖုန်းကအလိုလိုပိတ်သွားလေသည်
"အေး $ကံကလည်း ကောင်းပါ့"
အော်မိလိုက်သည်..လက်တွေရော,ကျောကုန်းရော,နှလုံးသားရောက စိတ်ဖိစီးမှုကြောင့် ပိုပိုနာကျင်လာသည်
"ကယ်ပါ! တစ်ယောက်ယောက်ကယ်ပေးပါ!! လူရှိလား? ဓါတ်လှေကားထဲပိတ်မိနေလို့ပါ!"
ချွေးတွေလည်းထွက် မျက်ရည်တွေလည်း ထွက်သောကြောင့် တစ်ကိုယ်လုံးလဲစိုရွှဲနေလေသည် ၂၀ မိနစ်လောက် ငိုပြီးအော်ပြီးသော် လူတစ်ယောက် Jimin ရဲ့အသံကိုနောက်ဆုံးတော့ကြားသွားပြီဖြစ်သည် ဝန်ထမ်းတွေထဲကတစ်ယောက်ပေါ့
သူက စိတ်လျှော့ခိုင်းပြီး အကူညီတောင်းဖို့ထွက်သွားသည် ကယ်ဆယ်ရေးသမားတွေက နောက်ဆုံးတော့ ရောက်လာခဲ့သည်
YOU ARE READING
V.I.P {Jikook U & Z}
Fanfictionကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..