V.I.P <21>

1.5K 145 8
                                        

Unicode

တောက်ပနေတဲ့ ကြယ်စုလေးတွေ ညအမှောင်မှာ ထွန်းလင်းနေပေမယ့် ဖိုးလမင်းကြီးကိုတော့ ရှာလို့တောင်မတွေ့ပေ။ ဝရန်တာမှ ဒန်းလေးပေါ် ထိုင်ကာ သီချင်းနားထောင်ရင်း မျက်နှာထပ်သို့ မသိမသာလေးလာထိလာတဲ့ လေအေးအေးလေး အရသာဟာ အရမ်းခံစားလို့ကောင်းလှသည်။

ဂျီမင်းတစ်ယောက်တည်းအနားယူနေချိန် ဘေးနားသို့ရောက်ပြီး လာထိုင်တာ သူ့အဖေသာ။ သူစကားပြောချင်နေမှန်းသိတာနဲ့ အလိုက်သိလေး နားကြပ်ကို ဖြုတ်လိုက်သည်။

"သား.. ကွာရှင်းချင်တာသေချာလား?"

ထင်တဲ့အတိုင်းပါပဲ မေးတယ်လေ။ မေ့ထားတာပါ အဖေရယ်။ အနာလာမစွပါနဲ့။

နားကြပ်ကြိုးလေးအား ခေါက်ပြီး

"ဟူးးး ကျနော် အရာအားလုံးကိုမေ့ပစ်ပြီး ဘဝသစ်စချင်တယ် ဖေဖေ"

"ဖေဖေ သိတယ် သားလေး နာကျင်ရတယ် ဝမ်းနည်းရတယ် ပြီးတော့ ဖြစ်ခဲ့တာတွေအတွက် စိတ်ပျက်နေတယ်ဆိုတာ ဒါပေမယ့် ပြီးမှ ကိုယ့်ရွေးချယ်မှုအတွက် နောင်တမရစေနဲ့ သား"

"ဖေဖေ...သူလုပ်ခဲ့တာတွေအတွက် ဂျောင်ကုကိုမမုန်းဘူးလား?"

အဖေဖြစ်သူသည် လက်ပိုက်ကာ ကြယ်တွေအားကြည့်ရင်း မေးခွန်း၏ အဖြေအား ရှာဖွေနေတော့သည်။

"ဖေဖေ အဲ့အကြောင်းတွေသိတော့ သူ့ကိုမုန်းတာပေါ့ ဒါပေမယ့် ရက်တွေကျော်လွန်လာတော့ "အမုန်း" ဆိုတဲ့ စကားလုံးက တကယ်သန်မာတာပဲ လို့ထင်လာတယ်"

အဖေသည် ပြောပြီး မတ်တပ်ရပ်ကာ အိပ်ရာဝင်ဖို့ အခန်းထဲဝင်သွားတော့သည်။

သူ့ရဲ့ စကားလုံးတွေက ဘယ်လိုခံစားရပြီး ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို ပိုတောင် စိတ်ရှုပ်ထွေးစေမိသည်။

ထိုအချိန်တွင် ဂျောင်ကုသည် ဟိုဆော့တို့၏ တိုက်ခန်းမှာဖြစ်သည်။ သူတို့ခြောက်ယောက်လုံး ရုပ်ရှင်ကြည့်နေကြတာပင်။ ဂျီမင်းက သူ့မိဘတွေအိမ်မှာသွားနေတော့ ဂျောင်ကုသည် သူ၏ အထီးကျန်မှုများကို ထိုခြောက်ယောက်နှင့်သာ ဖြေလျော့နေရသည်။

V.I.P {Jikook U & Z}Donde viven las historias. Descúbrelo ahora