Unicode
"သားတို့လက်ထပ်ပြီးတာ ၁လတောင်ရှိနေပြီလေ ဟန်းနီးမွန်းမသွားကြသေးဘူးလား?"
"သားအလုပ်မအားဘူးဖေဖေရဲ့ Jungkook ရောပဲ" အပြုံးတုလေးနဲ့ပဲပြောလိုက်တယ်
ဟန်းနီးမွန်းဟုတ်လား? ကောင်းတာပေါ့.. ဒါပေမယ့် Jungkook ကစိတ်ဝင်စားမှာမဟုတ်တာ Jimin ကိုသူကဂရုမစိုက်ဘူး သူဂရုစိုက်တာက အလုပ်,သူ့ရည်းစားနဲ့ Jimin အဖေပဲ.. သူ့ရဲ့ခင်ပွန်းဖြစ်နေတာတောင် list ထဲမပါသေးဘူး
"အလုပ်အတွက်စိတ်မပူပါနဲ့ သားတို့နှစ်ယောက်ကိုပျော်စေချင်လို့ပါ ဖေဖေ Jungkook ကိုပြောလိုက်မယ် သူ့ရဲ့အချစ်ရဆုံး ခင်ပွန်းအတွက်သွားရမှာပေါ့ မဟုတ်ဘူးလား?"
*အချစ်ရဆုံးခင်ပွန်းတဲ့? ဟက်*
"ဟုတ်ကဲ့"
အဖေ့ကိုကျေးဇူးတင်မိတယ် အဖေက Jungkook ကိုတစ်ခုခုမှာရင် သူဘယ်လိုမှမငြင်းဆန်နိုင်မှန်းသိနေလို့ပေါ့
အဲ့တော့ အခု Jungkook ဟန်းနီးမွန်းအတွက်သွားရတော့မှာ သေချာနေပါပြီ
...........,
ကိုယ့်အိမ်ကိုအိမ်ပြန်ရောက်တော့ Jimin အိပ်ခန်းထဲကိုတန်းဝင်သွားတယ် အိတ်ကိုအိပ်ရာထဲပစ်ပြီး luggage ကိုရှာတယ် ဘယ်နေရာမှာရှာရှာမတွေ့တော့ သေချာတယ် Jungkook အခန်းထဲမှာဆိုတာ ဟုတ်ပါတယ် သူတို့နှစ်ယောက်က အခန်းတောင်ခွဲအိပ်ကြတယ် အခန်းခွဲအိပ်တာ Jungkook လိုချင်တာပါ ဒါတွေအကုန်လုံးကို လျှို့ဝှက်ချက်ကြီးအဖြစ်ထားခိုင်းထားတော့ Jimin အဖေကဘာမှမသိပါ
Jungkook အိမ်မရောက်သေးခင် သူ့အခန်းထဲကို Jimin ဝင်ပြီး Luggage သွားရှာတယ် Jungkook ရဲ့အိပ်ရာအောက်မှာရှိနေတာပါ ဖုန်တွေနဲ့..
Jimin ကသူ့ရဲ့အိပ်ရာပေါ်ထိုင်ပြီး luggage ကိုဖုန်ရှင်းဖို့ရှိသေးတယ်
*ဟ! ငါသူ့အိပ်ရာပေါ်ထိုင်နေမိတာပဲ*
Jungkook ကသူ့အခန်းထဲမဝင်ဖို့ပြောထားပေမယ့် ဘယ်သူဂရုစိုက်လဲ?Jimin လည်း luggage ကိုအောက်ချပြီး သူ့အိပ်ရာပေါ်မှာ လှဲချလိုက်တယ် ဒီလိုအခွင့်အရေးကြီးမျိုး လက်လွှတ်မခံသင့်ဘူး
KAMU SEDANG MEMBACA
V.I.P {Jikook U & Z}
Fiksi Penggemarကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..