V.I.P <23>

1.5K 143 5
                                    

Unicode

-ယောကျ်ားလေး သန့်စင်ခန်း-

*တောက်.. မနက်အစောကြီး အများကြီးမစားခဲ့သင့်ဘူးကွာ*

သန့်စင်ခန်းမှ ထွက်ဖို့ပြင်ပေမယ့်လည်း တစ်ယောက်ယောက် သူ့နာမည်အကြောင်း ပြောနေတာကြားလိုက်ရသည်။

“ဂျွန်ဂျောင်ကု ဂျီမင်းအပေါ် ဖောက်ပြန်တာ ငါမယုံနိုင်ဘူးကွာ”

ပထမလူတစ်ယောက်က ဒီလိုပြောတာကြောင့် ဂျောင်ကုမှာ ရင်တဒုန်းဒုန်းဖြစ်သွားရသည်။ သူ့နောက်ကွယ်မှာ ဒီလိုအတင်းပြောတာတွေ တခါမှ မကြားဖူးပါဘူး။ သတင်းပျံ့တာ မြန်လိုက်တာ။

“အေးလေ ငါသာသူ့ခင်ပွန်းဖြစ်လို့ကတော့ ဘယ်တော့မှ ဒီလိုလုပ်မှာမဟုတ်ဘူး ဟားဟား”

“သူတို့တကယ် ကွာရှင်းဖြစ်ကြရင် ငါ့အသက် ဂျီမင်းလေးကို ချက်ချင်း လက်ထပ်ခွင့်တောင်းမှာ”

နောက်တစ်ယောက်က ဒီလိုပြောလာတာကြောင့် ဂျောင်ကု ဒေါသအလိပ်လိုက်ထွက်ရပါသည်။

*ခွေးကောင် ဘာတွေစဉ်းစားနေတာလဲ?!*

ရှေ့ဆက် သူတို့တွေ ဂျောင်ကုမကောင်းကြောင်း ဆက်ပြောနေပေမယ့် ဂျောင်ကုကတော့ တိတ်တိတ်လေးပဲ နားထောင်နေမိသည်။ သေချာတာပေါ့ ဂျောင်ကု ရွံရှာမယ် ဒေါသထွက်နေမယ်ဆိုတာ။ ဒါပေမယ့်လည်း သူတို့ပြောနေတာတွေက မှန်လုနီးပါးတွေပဲလေ။ နောက်ဆုံးပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်တော့ သူမနေနိုင်တော့ အပြင်ထွက်ပြီး သေချာမေးမှကို ဖြစ်မည်။

“သူ့ခင်ပွန်းကြောင့် သူဒီ ကုမ္ပဏီက ထွက်သွားတော့မယ်ကြားတယ်”

အဲ့အချိန်တွင်တော့ဂျောင်ကု သန့်စင်ခန်းတံခါးအားဖွင့်ကာ လက်ဆေးဖို့ ဘေစင်သို့လျှောက်လာခဲ့လိုက်သည်။ ခုနက ဂျောင်ကုအား မကောင်းကြောင်းတွေပြောနေတဲ့ ဝန်ထမ်းနှစ်ယောက် သူတို့ဘေးမှာ လာရပ်နေသူကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

မှန်မှတဆင့် သူတို့နှစ်ယောက်အားကြည့်ရင်း

“သူထွက်သွားတော့မယ်ဆိုတာ မင်းဘယ်ကကြားလာတာလဲ?”

V.I.P {Jikook U & Z}Where stories live. Discover now