Unicode
mall ကဘယ်လောက်ကြီးပဲကြီးကြီး ဂျောင်ကု ဂျီမင်းကိုရှာဖို့ လက်မလျှော့သေးဘူး ရှိရှိသမျှ ဆိုင်တွေဝင်တာမို့ ခြေထောက်တွေကပါ ရောင်နေသလိုခံစားရနေပြီ
ရှာနေချိန်မှာပဲ အဖေဆီကဖုန်းဝင်လာသည် ကိုင်ဖို့ ကြေ က်ရွံ့နေလို့ ပထမဆုံးအကြိမ် မကိုင်ပဲနေမိသည်
*တောင်းပန်ပါတယ် အဖေရယ်*
ညနေနောက်ကျသည်အထိ ဆက်ရှာနေတုန်း.. မှောင်သွားပေမယ့် ဂျီမင်းရဲ့အရိပ်အယောင်တောင်မတွေ့သေး mall အပြင်ရောက်သွားပြီး ဖုန်းဖွင့်ကြည့်တော့ အဖေ့ဆီက miss call ၄ call တောင် အပြစ်ရှိသလို ခံစားရပေမယ့် မတတ်နိုင်ဘူးလေ
ဂျီမင်းကတည်းခိုခန်းပြန်သွားပြီထင်ပြီး ဝန်ထမ်းတွေကိုဖုန်းဆက်ကြည့်ပေမယ့် မတွေ့ဘူးပြောတော့ ပိုပြီးစိတ်ပူသွားသည်
~~~~~~
"၉ နာရီတောင်ထိုးနေပြီ?!"
နောက်ကျသွားတော့ mall တောင်ပိတ်ချိန်ရောက်ပြီဖြစ်သည်.. တိတ်ဆိတ်နေတဲ့ လမ်းတစ်သွယ်မှာ သူလမ်းလျှောက်နေပြီး ဂျီမင်းကိုရှာမတွေ့လို့ စိတ်ပျက်နေတာနဲ့ နံရံကိုထိုးပြီး ဆဲနေမိသည်
သူ့အမှားတွေကြောင့် ဂျီမင်းတစ်ခုခုဖြစ်သွားမှာ မလိုလားဘူး နောက်အခွင့်အရေးသာရရင် အရင်လိုမဆိုးတော့ပါဘူးလို့ ကတိပေးပါတယ်လို့ သာဆုတောင်းနေရသည်
ဘုရားသခင်ကလည်း ဂျောင်ကုရဲ့ ဆုတောင်းစကားတွေကြားသွားတဲ့ပုံပဲ သူ့နားက ခြေသံတွေကြားတော့ ခေါင်းထောင်မိသည်
"ဂျောင်ကု..? မင်းလား..?"
"ဂျီမင်း..."
မျက်လုံးလေးပြူးပြီး ဂျီမင်းဆီသို့ပြေးသွားသည် ဂျီမင်းရဲ့ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ခွက်ပြီး ခေါင်းအစခြေအဆုံး တစ်ခုခုများဖြစ်လာလားဆိုပြီး စစ်ဆေးနေမိသည်
"ငါ ခရက်ဒစ်ကတ်ယူလာဖို့မေ့သွားတယ်.. ငါ့မှာ ပိုက်ဆံနည်းနည်းပဲပါလာတာနဲ့.. ဒါတွေအတွက်အကုန်သုံးပစ်လိုက်တာ.. ငါ..ငါလမ်းပျောက်နေပြီထင်နေတာ..ပြီး-ပြီးတော့"
YOU ARE READING
V.I.P {Jikook U & Z}
Fanfictionကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..