Unicode
-Jungkook's POV-
နောက်နေ့မနက်ခင်းမှာတော့ နေရောင်သည် ကျနော့်မျက်နှာကို မထိတထိလာထိနေမှူကြောင့် နိုးထလာရပြန်ပါသည်။ မျက်စိ မှိတ်လိုက်ဖွင့်လိုက်လုပ်ရင်း ဂျီမင်း၏ အိပ်ရာထပ်ဠ် ရှိနေသည်ကို သတိထားမိသည်။
အော် ဟုတ်သားပဲ မှတ်မိပြီ။ မနေ့ညက အရမ်းအေးပြီး အထီးကျန်နေတာမို့ သူမရှိတာသိပေမယ့်လည်း သူ့အခန်းလေးထဲပဲ ဝင်သွားခဲ့မိတာ။
အခု ကျနော် သူ့ခန္ဓာကိုယ်လေးရှိနေကျဖြစ်တဲ့ သူ့အိပ်ရာအထပ်မှာ လှဲအိပ်နေမိတယ်။ သူ့ရနံ့တွေနဲ့ ပြည့်နေတာကြောင့် အဲ့ရနံ့လေးကို သေချာ မွှေးချင်ပြီး သေချာ သူ့ကိုကျနော့်လက်တွေနဲ့ ဖက်တွယ်ထားချင်မိတယ်။ ကျနော်လည်း မတတ်နိုင်ပဲ ရူးမိုက်စွာ သူပြန်လာပါစေလို့ပဲ ထပ်ခါတလဲလဲ ဆုတောင်းနေမိတယ်။
ကျနော် သူ့ကိုအရမ်းလွမ်းတယ်။ လွမ်းလွန်းလို့ သေနိုင်တယ်။
"အရင်တုန်းကရော သူဒီလိုခံစားခဲ့ရတာလား?"
ကိုယ့်ဘာသာကိုယ်မေးမိပြီး အရင်တုန်းက သူ့အပေါ်လုပ်ခဲ့မိတဲ့ လုပ်ရပ်တွေကို တစ်ဖန် နောင်တရမိနေပြန်ပြီ။
အချိန်တွေကိုသာ ပြန်လှည့်လို့ရရင် တကယ်.. ပြန်လှည့်လို့ရရင် သူ့ကိုပိုချစ်ခင်တွယ်ပေးခဲ့မှာ။ ဒါပေမယ့် အရာအားလုံးက ဝေဝါးခဲ့ပြီး အကုန်လုံးက ကျနော့်အမှားတွေကြီးပဲ။
ဖြည်းညှင်းစွာ အိပ်ရာပေါ်မှ ထပြီး မီးဖိုချောင်သို့ ဝင်သွားပြန်တယ်။ ဟက် ငါတကယ်ရူးတာပါလား..? ဂျီမင်းငါ့အတွက် အရင်တုန်းကလို မီးဖိုချောင်မှာ အရသာရှိတဲ့ မုန့်တွေပြင်ဆင်ပေးနေမယ်လို့ တွေးမိတဲ့ ငါက တကယ်ရူးတာပဲ..
အတွေးတွေကိုဖယ်ရှားပစ်ပြီး အနီးနားကဆိုင်မှ ပဲခေါက်ဆွဲသာ ဖုန်းနဲ့ အော်ဒါလှမ်းမှာလိုက်တော့တယ်။
လာပို့မှာကို စောင့်နေချိန် ဝရန်တာဆီသို့ ယိုင်စွာ လမ်းလျှောက်နေမိတယ်။ အောက်မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးကို မျက်လုံးမှ စကန်ဖတ်နေချိန် ပန်းခြံမှ အတွဲတစ်တွဲကို သတိပြုမိတယ်။ သူတို့နှစ်ယောက်ဟာ လက်တွေမကိုင်ထားတာတောင်မှ တယ်ရင်းနှီးကြတာပဲ။ တကယ်.. အားကျမိတယ်။
YOU ARE READING
V.I.P {Jikook U & Z}
Fanfictionကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..