Unicode
နောက်နေ့မှာတော့ ဂျီမင်းရဲ့ မျက်လုံးတွေမှာ အတော်ရောင်နေပြီး မနေ့ကကိစ္စတွေကြောင့် နှလုံးသားက နာကျင်မှုကလည်း အခုထိမပျောက်နိုင်သေးပေမယ့်လို့ ရုံးကိုတော့သွားနေတုန်း။
အားနည်းပြီး စိတ်ရှုပ်နေပေမယ့်လည်း အလုပ်ကိုကြိုးကြိုးစားစားလုပ်နေတုန်း ဘယ်သူမှမှကိုယ်စားလုပ်ပေးလို့မရဘူးလေ။
ရုတ်တရက်ကြီး ဂျောင်ကုက ဂျီမင်းရဲ့ အခန်းထဲဗြုန်းစားကြီးဝင်လာပြန်တယ်။ ဂျီမင်းကတော့ သူ့အားလုံးဝလျစ်လျူရှုပြီး လပ်တော့ မှန်သားပြင်ပေါ်မှာသာ အကြည့်တွေ စူးစိုက်ထားလိုက်တယ်။သူကတော့ ခြေလှမ်းတွေပိုမိုလျှောက်ကာ ဂျီမင်းစားပွဲရှေ့သို့ပင်ရောက်လာပြီလေ။
"ဂျီမင်းနား... မင်း ညကဘယ်လိုဖြစ်တာလဲဟင်..?"
"....."
"ရား ကိုယ့်ကိုစကားပြန်ပြောလေ"
ဂျောင်ကုသည် စိတ်မရှည်တတ်သူဖြစ်၍ စာရိုက်နေတဲ့သူရဲ့လက်အား အကြမ်းပတမ်းဆွဲယူလိုက်သည်။ ဆွဲယူလိုက်ခြင်းမှာ အားပါသွားသောကြောင့် ဂျီမင်းလည်း နာသွားရပြန်သည်။
"နာတယ်! လွှတ်!"
"မီယန်း.. ကိုယ်မရည်ရွယ်ပါဘူး"
အခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားပြန်ပေမယ့်လည်း တစ်ယောက်ယောက်က တံခါးခေါက်လာပြန်သည်။ အရေးကြီးနေတဲ့ပုံပဲ။
"ဆရာပတ်က အကိုတို့နှစ်ယောက်ကိုတွေ့ချင်လို့ပါတဲ့။"
V.I.P by Izumi
ဂျီမင်းအဖေရုံးခန်းမှာတော့ နှစ်ယောက်လုံး ကြောက်ရွံ့စွာ မတ်တပ်ရပ်နေရပြန်သည်။ အဖေ့ရဲ့ မျက်နှာအားကြည့်ခြင်းအားဖြင့် ကြက်သီးမွှေးတောင် ထရလောက်သည်။
"ဒါဘာလဲ? ဂျွန်ဂျောင်ကု ဒါမင်းမလား? ဟင်?"
အဖေက လပ်တော့အား သူတို့နှစ်ယောက်ဖက်သို့ လှည့်ပေးသည်။
ဖန်သားပြင်ပေါ်၌ပေါ်နေသော အရာအားကြည့်ပြီး နှစ်ယောက်လုံးဆွံ့အသွားရသည်။ယူဂျွန်းနဲ့ ဂျောင်ကုတို့ ဒိတ်တုန်းကတူတူရိုက်ထားသော ပုံတစ်ပုံပင်။ ဒါတင်မဟုတ်သေး။ ဂျီမင်းနှင့်ဂျောင်ကုတို့ ဟန်းနီးမွန်းသွားတုန်းက ယူဂျွန်းနှင့်အတူရိုက်ထားသောပုံတွေလဲ များစွာပါဝင်သည်။ ဓာတ်ပုံအများစုကိုကြည့်လို့ မသိရင် လက်ထပ်ပြီးသားအတွဲနှင့်တောင် တူနေသေးသည်သာ။
KAMU SEDANG MEMBACA
V.I.P {Jikook U & Z}
Fiksi Penggemarကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..