Unicode
"ငါက Jeon Jungkook ပါ သူ့ရဲ့ခင်ပွန်းပေါ့"
Taehyung လည်းခနတာ ရပ်တန့်သွားသည် သေချာတာကတော့ လန့်သွားတာပေါ့
"ငါက Kim Taehyung ပါ"
လက်တွဲနှုတ်ဆက်လိုက်ကြသည်"Jimin ကလက်ထပ်ပြီးသားဆိုတော့ ခင်ဗျားလန့်သွားတဲ့ပုံပဲ ဘာလဲ? Jimin-ah မင်းမပြောရသေးဘူးလား?"
Jimin ကအားလုံးထပ် စိတ်ရှုပ်ထွေးနေရသော သူဖြစ်သည်..နောက်ဆုံးတော့တွေ့လိုက်ရပြီ Jungkook ရဲ့နှုတ်ခမ်းတွေပေါ်မှာ ပြနေတဲ့ အပြုံးတုကြီးကို ဟား သူက Taehyung နဲ့ Jimin ရှေ့မှာ အပျော်လုပ်နေမှန်း အခုမှသိတယ်
"Jimin-ah မင်းဘာလုပ်တာလဲကွာ ကိုယ့်ကိုမကြိုက်တော့ပဲ နောက်တစ်ယောက်ရှာဖို့လုပ်နေတာလား?"
Jungkook ဆိုတာ သရုပ်ဆောင်ဘယ်လောက်ကောင်းလဲ.. မျက်နှာကြီးဆူပုပ်နေတာများ ဖျက်ရိုက်ပစ်ချင်စရာကောင်းသည်
"ဒီလိုမဟုတ်-"
"Jimin-ah မင်းငါ့ကိုတကယ်မုန်းမှန်းသိပေမယ့် အခြားတစ်ယောက်နဲ့ကိုယ်မပါပဲတွေ့တာကတော့.. ရင်နာတယ်"
အခြေအနေကြီးကပိုပိုဆိုးလာမှန်း Taehyung တွေ့တော့ ကြားဝင်ပြောဖို့လုပ်ပေမယ့် Jungkook ကအခွင့်အရေးမပေးပေ.. Jimin ရဲ့နှလုံးသားလဲနဂိုထပ်ခုန်နေလေသည် Taehyung ရှေ့မှာရှက်မိပြီး နားရွက်တွေလဲနီရဲလို့ ပူကလည်းပူသေး Taehyung တစ်ယောက် Jungkook ပြောလိုက်တဲ့စကားတွေကြောင့် ဆွံ့အနေလေသည်
"အဲ့လိုမဟုတ်ဘူး"
Jimin မဖြေရှင်းခင် ဓါတ်လှေကားက အဆင့် ၅ မှာရပ်သွားလေသည်
"ခင်ဗျားတို့နှစ်ယောက်ကြားဘာတွေဖြစ်နေမှန်းမသိပေမယ့် ကျနော်ကျိန်ပြောရဲပါတယ် Jimin နဲ့ကျနော်နဲ့ ဘာမှမသက်ဆိုင်ပါဘူး ခင်ဗျားစိတ်ပူစရာမလိုပါဘူး ပြဿနာဖြစ်စေလို့တောင်းပန်ပါတယ်"
Taehyung လဲပြောစရာရှိတာပြောပြီး ထွက်သွားသည်
"ဟားဟား! ရယ်ရတယ် သူလန့်သွားတာမြင်လိုက်လား? မင်းတကယ်- ရား!"
တံခါးမပိတ်သွားခင် Jimin လည်း ထွက်သွားသည်
"သူဘာဖြစ်နေရတာလဲ?"
ESTÁS LEYENDO
V.I.P {Jikook U & Z}
Fanficကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..