VIP <8>

1.8K 178 6
                                    

Unicode

ဟန်းနီးမွန်း နှစ်ပတ်စာလေးကအခုပြီးသွားပြီဖြစ်ပြီး ဂျီမင်းလည်း အလုပ်ပြန်လုပ်နေရသည် ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ အလုပ်တွေလုပ်ရင်း အဲ့အလုပ်ခန်းမှာပဲ ပိတ်မိနေမိသည် ဒါပေမယ့် အဲ့လောက်ကြီးမဆိုးပါဘူး ဘာလို့လဲဆိုတော့ ဂျီမင်းက အလုပ်ကိုချစ်တာကို

အဲ့အချိန်မှာ ဂျောင်ကုက သူ့ရဲ့ဖောက်သည်နဲ့တွေ့နေရသည် အဲ့ဖောက်သည်က Jeju မှာတွေ့ခဲ့တဲ့ Kim Taehyung ဖြစ်နေလို့ ပိုလန့်ရသေးသည်

နှစ်ယောက်သား မျက်လုံးပြူးပြီး တစ်ယောက်နဲ့တစ်ယောက်ကြည့်နေမိကြတော့ Taehyung ကပဲ

"ဒီအလုပ်တွေပြီးရင် ကိုယ်ရေးကိုယ်တာ အကြောင်းပြောစရာရှိလို့.."

----------

~ကော်ဖီဆိုင်~

Taehyungတစ်ယောက် ကော်ဖီဆိုင်လေးမှာ တစ်ယောက်ယောက်ကို ထိုင်စောင့်နေလေသည်

"Taehyung-ssi?"

ကြာတော့ ဂျီမင်းဝင်လာပြီး နှုတ်ဆက်ကြလေသည် ဂျီမင်းလည်း နေရာယူပြီးနောက်

"ငါ့ကို ထယ်လို့ ခေါ်ပါဆို"

"အင်းပါ"

"မင်း သူ့ကိုဘယ်လိုခေါ်လဲ? အိုပါး? Jagiလား? ဘယ်လိုခေါ်လဲ?"

"ငါသူ့ကို ဂျောင်ကုလို့ပဲခေါ်တာ ဘယ်လိုခေါ်ရမှန်းမသိလို့"

ထယ်က ဂျီမင်းဝမ်းနည်းနေတာကိုမကြည့်ရက်ဘူး အခြားမိန်းမတစ်ယောက်ကိုပဲ ဂရုစိုက်တဲ့ အဲ့ရက်စက်တဲ့ ယောကျ်ားထပ် ပိုကောင်းတဲ့ ယောကျ်ားကိုပဲ ဂျီမင်းထိုက်တန်တယ် အဲ့ယောကျ်ားက...... သူကိုယ်တိုင်လဲဖြစ်နိုင်တာပဲ..

သိပ်မကြာဘူး စားပွဲနားမှ ခြေသံတွေ ဂျီမင်းကြားလိုက်သည်

"အာ ဂျွန်ဂျောင်ကု နဲ့ ကင်မ်ယူဂျွန်း ပါလား"

ထယ်က ယူဂျွန်းနဲ့ တိတ်တဆိတ်မျက်လုံးချင်းဆုံလိုက်ပြီး ယူဂျွန်းက ပြုံးတောင်ပြုံးပြသေးသည်

*ဟ! သူကချောလှချည်လား?* ယူဂျွန်းက ဆံပင်ကိုလက်နဲ့ လိမ်နေပြီး ပြောနေတာဖြစ်သည်

V.I.P {Jikook U & Z}Donde viven las historias. Descúbrelo ahora