Unicode
ဂျီမင်းလည်း သတိမေ့နေရာမှ နိုးလာတော့ တလောကလုံးက စိတ်ရှုပ်ထွေးစရာ.. ဆေးရုံခန်းထဲက အိပ်ရာပေါ်မှာ လှဲနေတယ်ဆိုတာ အချိန်ခနကြာပြီးမှ သတိရသည်။ အခန်းကမှောင်ပေမယ့် ထယ်ယောင်းရဲ့ ကျောပြင်ကိုတော့မြင်ရသည်။ ဂျီမင်းရဲ့ အဖေနဲ့ စကားပြောနေတာဖြစ်သည်။
"ဆိုဂျွန်း..ဆိုဂျွန်းက သူငယ်ငယ်လေးထဲက နှလုံးအားနည်းတာ"
ဂျီမင်းအဖေကပြောတော့ ဂျီမင်းရဲ့ မျက်ရည်စများလည်း ထွက်လာရပြီဖြစ်သည်။ အရင်တုန်းက ဟျောင်းနဲ့ ပျော်ခဲ့ရတဲ့ အမှတ်တရများကလည်း ခေါင်းထဲမှာ ပြန်လည် ပေါ်လာရသည်။
"ဒါနဲ့.. ဂျောင်ကုက ဖုန်းမကိုင်ဘူး။ ဂျီမင်း ဖုန်းနဲ့ခေါ်ကြည့်ပေမယ့်လည်း မကိုင်ဘူး"
ထယ်ယောင်းကပြောတော့ အဖေကလည်း သက်ပြင်းချကာ..
"ဟူး ရပါတယ် ဦးခေါ်ကြည့်မယ်"
ဟုပြောကာ ထွက်သွားလေသည်။ ထယ်ယောင်းလဲ ဒီဘက်လှည့်ကြည့်တော့ စောင်ခြုံကာငိုနေသည့် ဂျီမင်းကိုပဲတွေ့လိုက်ရသည်။
~~~နာရီလက်တံများဟာ ည ၁၁ နာရီထိုးနေပြီ။ ဂျီမင်းဆီက ဖုန်းတွေဆက်တိုက်ဝင်နေပေမယ့် တမင်ကိုမကိုင်သော လူတစ်ယောက်။
"ငါ့ကိုလွမ်းတောင်လွမ်းနေပြီလား? ဟက်"
ပြီးလဲပြီးရော ''အဖေ'' ဆိုတဲ့ စကားလုံးက ဖုန်းပေါ်မှာ ပေါ်လာတော့ ပစ်စလတ်ခတ်နေရင်းမှ ချက်ချင်း မတ်မတ်ထိုင်ကာ..
"ဟယ်လို အဖေ?"
"ဂျောင်ကု မင်းဘယ်မှာလဲ?"
"ကျနော် ရုံးမှာပဲရှိသေးတယ် ဘာလို့လဲ?"
"အခု ချက်ချင်းဒီကိုလာခဲ့"
~~~ဆေးရုံရောက်တော့ အဖေဟာ လုံးလုံးကြီးကို စိတ်ပျက်နေသည့်ပုံဖြင့်
"ဘယ်လိုဖြစ်လို့ သူ့နားမင်းမရှိနေရတာလဲ? မင်းရဲ့ခင်ပွန်းလေ"
ဂျောင်ကုမှာပြောစရာမရှိတော့ ခေါင်းတစ်ငုံ့ငုံ့ဖြင့်သာ တောင်းပန်နေရသည်။ ခနကြာတော့ တံခါးပွင့်လာကာ ထယ်ယောင်းနှင့် ဂျီမင်းတို့ထွက်လာသည်။
JE LEEST
V.I.P {Jikook U & Z}
Fanfictieကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..