Unicode
Jungkook's POV
ကျနော် ကားပါကင်ရောက်တော့ သူ့ကိုမတွေ့ဘူး။ ကျနော့်ကားနားမှာ စောင့်နေလို့ပြောထားတာကို ဒါပေမယ့် ကျနော့် အမှားပါပဲ။ ဘာလို့ဆို တစ်နာရီတောင်နောက်ကျသွားတာကို။
ဖုန်းဆက်တာလဲမကိုင်သလို စာလဲမပြန်ဘူး။ ကဖေးမှာ သူ့ကိုနောက်ထားလို့ ကျနော့်ကိုမုန်းသွားတာများလား? ဒါမှမဟုတ်စာပြန်ဖို့ စိတ်မပါတာပဲလား?
အိမ်ပြန်ရောက်တော့ ဂျီမင်းကိုပဲကြည့်ဖို့သူ့အခန်းထဲဝင်သွားမိသည်။ သူအိပ်နေတာ ဒါပေမယ့် အရေးကြီးတာ သူ့ကိုပြောစရာရှိတယ်။ အရမ်းအရေးကြီးတယ်။
သူ့နားဖြည်းဖြည်းချင်းလျှောက်သွားပြီး အိပ်ရာစွန်းမှာထိုင်လိုက်တယ်။ မှောင်နေတော့ သူ့မျက်နှာလေးတောင်မမြင်ရဘူး။
"မင်းဘာလိုချင်လို့လဲ?"
အ! လန့်လိုက်တာဗျာ အိပ်နေတယ်မှတ်တာ သူ့မျက်နှာလေးကို ပိုတိုးကပ်ကြည့်တော့ မျက်လုံးအနည်းငယ် ဖွင့်ထားတယ်။
"ငါမင်းနဲ့စကားပြောစရာရှိလို့"
"ဟူး ငါအိပ်ပါရစေ"
တော်တော်ပင်ပန်းနေတယ်နဲ့တူတယ်။ သူ့ဘေးနားမှာ ဝင်လှဲလိုက်တယ်။ ကျနော်လည်း မတတ်နိုင်ပဲ သူ့ကို သတင်းတွေပြောပြရမှာ စိတ်လှုပ်ရှားနေမိသည်။အတည်ပြောနိုင်တာကတော့ သူပျော်မှာပင်။
ကျနော်သူ့အား စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေလိုက်တယ်။ ဝန်ခံဖို့ အချိန် ရောက်ပြီ။
"ငါမင်းအတွက်......ယူဂျွန်းနဲ့......အဆက်ဖြတ်လာခဲ့တယ်"
ဝမ်းနည်းဖို့ကောင်းတာက သူကြားမယ်လို့မထင်ဘူး။ မျက်လုံးနှစ်ဖက်က ပိတ်ထားပြီး ဘာမှလည်းပြန်မပြောဘူး။ သူချစ်ဖို့ကောင်းတာကိုကြည့်ပြီး ရယ်မိသေးသည်။ သူချစ်ဖို့ကောင်းမှန်း ဟိုးအရင်တည်းကသိပေမယ့် ဘယ်တော့မှ ဝန်မခံခဲ့တာ။
ငါအရမ်းရူးတာပဲ။ သူ့အတွက်ခံစားနေရတဲ့ ထူးထူးဆန်းဆန်းအရာသေးသေးလေးတွေတိုင်းက "အချစ်" ဆိုတာဘာလို့မသိခဲ့ရတာလဲ?
YOU ARE READING
V.I.P {Jikook U & Z}
Fanfictionကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..