Unicode
"နားထောင် ငါ့အပေါ်မျှော်လင့်ချက်တွေသိပ်မထားနဲ့ ဒါတွေလုပ်နေတာ မင်းအဖေကြောင့်"
သူ့ရဲ့စကားလုံးတွေက ဂျီမင်းရဲ့ခေါင်းထဲမှာ အမြဲလိုလိုပေါ်လာသည် ဂျီမင်းရဲ့လက်တွေအရင်လိုပြန်ကောင်းသွားသည်အထိ ဂျောင်ဂုက သူ့ကိုပြုစုပေးခဲ့တာဖြစ်သည်
နေ့တိုင်းနေ့တိုင်း ဂျောင်ဂုက ဂျီမင်းအတွက် ပိုဂရုစိုက်ပေးလာပြီး သူနဲ့လဲစကားတွေတော်တော်ပြောဖြစ်လာသည် ဒီလိုတွေ ကောင်းကောင်းဆက်ဆံပေးပေမယ့်လည်း ဂျီမင်းစိတ်ထဲတစ်ခုခုခံစားနေရသည် ရိုးရိုးသားသားလုပ်ပေးနေတာမဟုတ်ပဲ အယောင်ဆောင်လုပ်နေတာလို့ထင်ရသည်
အခြား လက်ထပ်ပြီးသားအတွဲတွေက ဟန်းနီးမွန်းမှာ အမှတ်တရများ ဖန်တီးနေချိန် ဂျီမင်းတို့နှစ်ယောက်ကတော့ ရင်းနှီးအောင်နေဖို့နဲ့ပဲ အချိန်ကုန်သွားကြသည်
အိမ်မပြန်ခင် ၃ ရက်အလိုတောင်ရောက်သွားပြီ အဲ့မနက်ခင်းမှာတော့ ဂျီမင်းထပ် ဂျောင်ဂုကအရင်နိုးသွားပြီး တစ်ခုခုအရေးကြီးတာသတိရသွားလို့ ထွက်သွားသည်
သူထွက်သွားပြီး မကြားဘူး ဂျီမင်းလဲနိုးလာတော့ သူ့ဘေးနားကြည့်တော့ ဂျောင်ဂုကမရှိတော့ပေမယ့် အဲ့အစား သူ့ဖုန်းတော့ကျန်ခဲ့သည်
~~~~~
ဘယ်လက်ထဲမှာ သူ့ဖုန်းနဲ့ ညာလက်မှာ ပီဇာ နှစ်ဘူး နဲ့ဂျီမင်းတစ်ယောက် ဂျောင်ဂုအခန်းရှေ့မှာ ဘဲလ်တီးပြီးစောင့်နေလိုက်သည်
ဖွင့်ပေးမယ့်ပုံမရှိတာနဲ့ ပြန်ဖို့လုပ်ပေမယ့် တံခါးကြီးပွင့်သွားပြီး ဂျောင်ဂုက အဖြူရောင်ရေချိုးဝတ်ရုံကြီးဖြင့်ဖြစ်သည်
"ဒီမှာဘာလုပ်နေတာလဲ?"
"ငါမင်းကိုဖုန်းပြန်ပေးဖို့ပြီးတော့.... ငါတို့စားဖို့ ပီဇာတွေဝယ်လာတယ်"
*ငါနဲ့ ပီဇာတူတူမစားချင်ရင် ဘယ်လိုလုပ်မလဲ မဝယ်ခင်စဥ်းစားခဲ့ရမှကွာ! သူမစား-*
"ဝင်လာခဲ့"
သူပြောပြီး ဂျီမင်းကိုဝင်ခိုင်းသည် ပြီးတော့ သူကရေချိုးခန်းထဲပြန်ဝင်သွားသည်
YOU ARE READING
V.I.P {Jikook U & Z}
Fanfictionကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..