Unicode
"ဒရာမာလေးရေ~ ဒရာမာလေးရေ~ ကျုပ်လာပါပြီ~"
ဂျီမင်းတစ်ယောက် သူ့ရဲ့ပျင်းနေသော ခန္ဓာကိုယ်ကြီးကို ခုံတန်းရှည်ပေါ်ပစ်တင်ပြီး တီဗီဖွင့်လိုက်သည် ဒါကတော့ သူ့ရဲ့ လုပ်လေ့လုပ်ထရှိတဲ့ အကျင့်ပေါ့
အဲ့အချိန်မှာ လှဲနေသောလူရဲ့မျက်နှာတည့်တည့်ကို ခေါင်းအုံးဖြင့် ဖြည်းညှင်းစွာပေါက်လိုက်သောသူက
"ထတော့ gym သွားမယ်"
*ထပ်ပြီးတော့? မရဘူး!! ဘယ်လိုလုပ်ရမလဲ? ဘယ်လိုလုပ်ရမလဲ?? အား! နေမကောင်းဘူးလို့ပဲပြောလိုက်တော့မယ်*
"ငါ..ငါအအေးမိသွားပီထင်တယ် အဟွတ် အဟွတ်.. ကိုယ့်ဘာသာကိုယ်သွားလိုက်ပါ.. ငါ-ငါအဆင်ပြေမှာပါ"
အံ့သြစွာနဲ့ သူယုံသွားလေသည်..
ဒါပေမယ့် မနေ့ညထဲက gym ကို ဂျီမင်းမုန်းတယ်ဆိုတာသိပါတယ် ဒီတိုင်းစနေတာပါ လိုက်နှောင့်ယှက်ရတာ သူ့အကြိုက်လေ
"အာ..အဲ့ဒါဆိုလဲပြီးရောလေ ငါတစ်ယောက်တည်းပဲသွားတော့မယ်"
မိနစ်အနည်းငယ်ကြာတော့ သူအိမ်ထဲမှထွက်သွားမှန်းသိလိုက်ရသည် သူ့ကိုလိမ်လိုက်ရလို့ စိတ်မကောင်းပေမယ့် အဲ့နေရာကိုသွားရမယ်လို့ တွေးမိတာနဲ့တင်ကို ခြေထောက်တွေက အားမရှိသလို ဖြစ်နေတာဆိုတော့လည်း မတတ်နိုင်ပေ..
အတွေးတွေကိုဖျက်.. တီဗီဆက်ကြည့်ဖို့လုပ်တော့ ဖုန်းမြည်လာလေသည် ဒီလိုသာယာလှပတဲ့ မနက်ခင်းမှာ ဘယ်လိုလူက ဖုန်းခေါ်တာလဲ? ဟမ်?
"Kim Taehyung တဲ့!"ဖုန်းပေါ်မှာပေါ်နေတဲ့ နာမည်ကိုအော်မိပြီး ရှက်ကလည်းရှက်ရသေးသည် ရယ်ရတဲ့အသံကြီးမထွက်အောင် လည်ပင်းရှင်းကာ..
"ဟယ်လို?"
"Jiminie! မနက်စာစားပြီးပြီလား?"
"Taehyungie! စားပြီးပြီလေ ဘာလို့လဲ?"
"တကယ်လား? ဟူး မင်းနဲ့တူတူစားဖို့လုပ်ထားတာ"
"ရတာပေါ့! ငါနှစ်ခါစားလို့ရတယ်"
"အဲ့ဒါဆို Chimmy ကော်ဖီဆိုင်မှာတွေ့ရအောင်"
~~~
YOU ARE READING
V.I.P {Jikook U & Z}
Fanfictionကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..