Unicode
အဲ့ညမှစ၍ ဂျောင်ကု ဂျီမင်းကိုစကားမပြောဖြစ်တော့..မနက်မှာတောင်မှ မနက်စာမစားပဲ ရုံးကိုတန်းသွားဖြစ်နေသည်
တနင်္ဂနွေနေ့တစ်နေ့မှာ ဟိုဆော့ ဂျီမင်းအထီးမကျန်အောင် သူ့ရဲ့ တိုက်သို့ဖိတ်သည် ဂျီမင်းကို စိတ်ဓါတ်မကျစေရန် ကူညီပေးဖို့ သူ့ရဲ့ ဝမ်းကွဲတွေလည်းရှိတယ်တဲ့
~~~
"ငါပင်ပန်းနေပြီ ဂျောင်ဟိုဆော့ရာ ဘာလို့ဒီလိုနေနေရတာပါလိမ့်?"
ဂျီမင်းလည်း ဟိုဆော့ချပေးထားသည့် လိမ္မော်ရည်အအေးလေးကိုသောက်ကာ သက်ပြင်းချပြီး ပြောနေတာဖြစ်သည် သူ့ရဲ့ ဝမ်းကွဲတွေကတော့ ဆော့ရတာ မောပြီး အိပ်နေရောပေါ့
"အစကတည်းက မင်းသူ့ကိုမကြိုက်ခဲ့ရမှာ"
"ဟူး ငါခနစောင့်လိုက်ပါဦးမယ်.. တစ်နေ့နေ့မှာတော့ ငါ့အတွက်သူ့ရဲ့ နှလုံးသားလေးက တံခါးဖွင့်ပေးမယ်မလား?"
"မင်းငါ့ကိုနောက်နေတာလား?"
ဂျီမင်းလည်းဘာစကားမှမပြောတော့ပဲ ရယ်သာရယ်ပြလိုက်သည် အအေးသောက်တာများပြီး အိမ်သာသွားချင်တာကြောင့် ခွင့်တောင်းပြီး လှည့်ထွက်ဖြစ်သည် ဒီလိုပါပဲ အအေးအများကြီးသောက်မိရင် သွားချင်တာ ထုံးစံ..
toliet တံခါးဘုသီးလေးကိုလှည့်ကြည့်တော့ လော့ခ်ကျနေလေရဲ့ အထဲမှာတစ်ယောက်ယောက်ရှိနေတာပေါ့ သေချာအောင် တံခါးလေးကို လက်ကလေးတွေတဲ့ခေါက်ကြည့်ကာ..
"အထဲမှာလူရှိလား?"
"ဘယ်သူမှမရှိဘူး! အီးတုံးစကားပြောနေတာပါ"
ယောကျ်ားလေးအသံ သြသြက တံခါးထဲမှတိုးဝှေ့ကာ ထွက်လာတာကြောင့် ဂျီမင်း လန့်သွားရသေး.. ဟ ဘယ်လိုလူတုန်း?! သေချာအောင်မေးတာကို ကန့်လန့်ကတိုက်သေးသည်
"ထွက်သွားစမ်းပါ! ဒီမှာ မနည်းညှစ်နေရတဲ့ကြားထဲ"
ဂျီမင်းလည်း ဟိုဆော့ဆီသို့သာ မျက်နှာငယ်လေးနှင့် ပြန်သွားရသည်
"မင်း! မြန်လှချည်လား?"
"အထဲမှာလူရှိနေတယ်"
![](https://img.wattpad.com/cover/285302338-288-k488326.jpg)
YOU ARE READING
V.I.P {Jikook U & Z}
Fanfictionကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..