V.I.P <18>

1.7K 150 13
                                    

Zawgyi

-ကမ်းခြေ-

ဂျောင်ကုနဲ့ညစာစားပြီး အခုဂျီမင်းကိုအနီးဆုံးကမ်းခြေသို့ခေါ်သွားတာပင်။ လူတွေသိပ်မရှိပါဘူး အတွဲ တစ်တွဲ နှစ်တွဲလောက်ပဲ ညဘက်ကမ်းခြေအလှကို ရှုစားနေကြတာ။

ညဘက်အလှကတော်တော်ကို ရင်သက်ရှုမောဖွယ်ရာပါ။

"မင်း..ခုနကဘယ်သွားတာလဲ?"

".....ကိုယ့်မိဘတွေဆီခနသွားခဲ့တာ"

"ငါ့ကိုဘာလို့မခေါ်သွားတာလဲ?"

"အင်း...ကိုယ့်မှာလည်းကိုယ့်အကြောင်းပြချက်ကိုယ်ရှိပါတယ်ကွာ.."

​ခနတာ တိတ်ဆိတ်သွားပြီး ရုတ်တရက် လေအရမ်းတိုက်လာခဲ့သည်။ အေးတာကြောင့် ဂျောင်ကုက ဂျီမင်းအား ဝတ်ရုံအုပ်ပေးမယ်ကြံပေမယ့် သူ့ဆီမှာလည်းမပါခဲ့။

သူ့မှာဝတ်ရုံမပါလာတာကြောင့် ဂျီမင်းနွေးအောင် ပုခုံးလေးအား သိမ်းပိုက်ပြီး ခန္ဓာကိုယ်ထဲထည့်ထားလိုက်သည်။

"ကိုယ်နေရာကိုအရမ်းကြိုက်တာပဲ"

"ဘာလို့လဲ?"

"ဘာလို့လဲဆိုတော့...ကိုယ်..."

ဂျောင်ကုလည်း ဘာလို့လဲဆိုတာသတိရသွားပြီး ဒီနေရာအား ဂျီမင်းကိုခေါ်လာမိတာကြောင့် နောင်တရမိပြန်သည်။

ဂျီမင်းမေးတာတောင် မဖြေနိုင်တော့ပဲ မျက်ရည်များဝဲတက်လာသည်။ ထိုအချိန်မှာပဲ ဂျီမင်းသူ့မျက်နှာအား သေချာမမြင်ရအောင် ဟိုဘက်ခြမ်းသို့ ခေါင်းလှည့်ပစ်လိုက်သည်။

"ဂျောင်ကု..?"

"ငါဒီမှာအမြဲတမ်း..."

တိုးတိုးလေးပြောပြီး မျက်ရည်မထွက်ကျအောင် မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်မိသည်။ အခုချိန်မှာ "ယောကျ်ားတွေကဘယ်တော့မှမငိုဘူး" ဆိုတဲ့စကားကပဲ သူ့ခေါင်းထဲ ထင်းနေသည်။

"...ငါ့မိဘတွေနဲ့လာလာကစားဖူးတယ်"

ဘယ်လိုပဲဖြစ်နေပါစေလေ ဒီနောက်ဆုံးစကားပြောပြီးတော့ ငိုချမိသွားလေတော့သည်။

ဂျီမင်းရှေ့မှာငိုရတာ အရမ်းမုန်းတာ။ သူ့မျက်လုံးထဲမှာ ရူးပြီး အားနည်းသလိုဖြစ်နေမှာကြောက်လို့။ ဒါပေမယ့် ဒီအခိုက်အတန့်မှာတော့ သူ့ခံစားချက်တွေမထိန်းချုပ်နိုင်တော့ဘူး။ အသက်ရှင်စဥ်တုန်းက သူ့ချစ်ရသော မိဘတွေနဲ့ ကစားခဲ့ရတဲ့ အချိန်တွေ သူ့ခေါင်းထဲသို့ ပြန်လည်ဝင်ရောက်လာသည်လေ။

V.I.P {Jikook U & Z}Donde viven las historias. Descúbrelo ahora