VIP <15>

1.8K 162 0
                                    

Unicode

နောက်နေ့မနက်ခင်းတွင်ဝယ် နဂိုထပ် ဂျီမင်းမှာစောစောနိုးနေပြီဖြစ်သည်။သူကသာ ပထမဆုံးနိုးတာထင်မိပေမယ့် မဟုတ်ဘူး ဟိုဆော့ကလည်းနိုးနေပြီဖြစ်သည်။ မီးဖိုချောင်က ကောင်တာလေးမှာ ကော်ဖီသောက်နေလေ၏။

"ဟိုဆော့ကီး ဂျောင်ကုရော?"

"သူအိပ်နေတုန်းပဲ"

ခေါင်းတစ်ချက်ငြိမ့်ပြကာ သူတို့သုံးယောက်အခန်းကိုသွားကြည့်မိသည်။ အခန်းတံခါးဖွင့်ကြည့်တော့ ထယ်နှင့် ဂျောင်ကုတို့နှစ်ယောက် ပြောင်းပြန်တွေအိပ်နေကြလေ၏။ တစ်ယောက်မျက်နှာရှေ့မှာ တစ်ယောက်ခြေထောက်ထားကာ အိပ်နေကြလေသည်။ ဘယ်လိုကလေးလေးတွေမှန်းမသိပေ။ ဂျီမင်းလည်း အပြုံးတစ်ချက်ပြုံးကာ တံခါးဖြည်းဖြည်းပိတ်၍ လှည့်ထွက်လာလိုက်သည်။

တီ..တီ..တီ

"ဟယ်လို?ကျနော် ပတ်ဂျီမင်းပါ.. အာ ဟုတ်ကဲ့ကျနော်လာပါပြီ"

"ဘယ်သူလဲ?"

ဟိုဆော့ကမျက်ခုံးပင့်တင်ကာမေးတော့

"အပြောင်းအရွှေ့သမားတွေပါ ပစ္စည်းတွေသယ်ဖို့ခေါ်ထားတာ အခုရောက်နေပြီမို့ အိမ်ပြန်ရမယ်"

အခန်းထဲပြန်ဝင်ပြီး ဂျောင်ကုကိုနှိုးမယ်ပြင်တော့ဟိုဆော့က တားကာ သူပဲလိုက်မယ်လို့ အချက်ပြ၏။

သုံးနာရီခန့်ကြာသော် ဂျောင်ကုတစ်ယောက် မဖွယ်မရာအနံ့တစ်ခုကြောင့်နိုးလာ၏။ မျက်လုံးကို ဖြည်းဖြည်းဖွင့်ကြည့်တော့ ထယ်ယောင်း၏ ခြေထောက်က သူ့ရှေ့တည့်တည်မှာပင်။

နာရီကိုစစ်ကြည့်တော့ မနက် ဆယ်နာရီ။ အပြောင်းအရွှေ့သမားတွေ အိမ်ရောက်နေလောက်ပြီ။ မမှီမှာကြောက်၍ အပြင်ထွက်ပြီး ဂျီမင်းကိုရှာတော့ မတွေ့ပေ။

မျက်နှာတောင်မသစ်နိုင်ပဲ တံခါးဆီသွားတော့ အလုပ်သမားတွေဟာ ရင်းနှီးနေတဲ့ အဖြူရောင်ခုံတန်းရှည်ကြီးကို မနေကြ၏။ အပြောင်းအရွှေ့သမားတွေပါပဲ။ ဂျီမင်းတို့တိုက်ခန်းထဲ တန်းဝင်ကာ ပရိဘောဂတွေထည့်ပေးနေကြသည်။

ပြီးလဲပြီးရော ဂျီမင်းနဲ့ဟိုဆော့တို့နှစ်ယောက် သေတ္တာကိုယ်ဆီဖြင့် လမ်းလျှောက်လာကြပြီး ရယ်နေကြတာကိုလည်း တွေ့လိုက်ရသေးသည်။

V.I.P {Jikook U & Z}Where stories live. Discover now