Unicode
"ဟျောင်း အရသာရှိတယ်မလား?"
ဂျီမင်းပြင်ပေးထားသော မနက်စာကို အရသာရှိရှိစားနေသည့် သူ့အကို ဆိုဂျွန်းကို မျက်ခုံးပင့်၍ မေးလိုက်ခြင်းသာ..
"ငါဒါကိုလက်မခံချင်ပေမယ့်လည်း မင်းဟင်းချက်တာတွေကတဖြည်းဖြည်းနဲ့တော့ တော်လာပါပြီ"
ညီအကိုနှစ်ယောက်ရယ်မောရင်းပြောနေချိန်၌ပင် ဂျောင်ကုတစ်ယောက် လည်ပင်းမှာ တာဝါပတ်ထားကာ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည် ထိုအချိန်မှာ ဂျီမင်းမှာတော့ လျှာထုတ်ပြပြီး...
"ဟျောင်းထပ် ကျနော်ပိုတော်လို့ မနာလိုနေတာလို့ပဲပြောလိုက်စမ်းပါ"
"Youtube မှာမင်းသင်သင့်တယ် မင်းငါ့ကို ဘယ်တော့မှနိုင်မှာမဟုတ်ဘူး"
အဲ့လိုကြီးပြောလာတော့ ဂျီမင်းလည်ချောင်းသာ အဟွတ်အဟွတ်ဖြင့် ရှင်းပစ်လိုက်သည် အဘယ့်ကြောင့်ဆိုသော် သူ့ဟျောင်းပြောသမျှ အမှန်တွေဖြစ်နေတာပင်
"ပါးစပ်ပိတ်! ဟျောင်း ဆက်ပြောရင် ကျနော်အကုန်စားပစ်မှာနော်"
"မင်းက ဝက်လား?"
ဂျီမင်းလည်း မျက်နှာကြီးနီရဲပြီး နှစ်ယောက်သား သတ်နေကြချိန် ဂျောင်ကုမှာတော့ မီးဖိုချောင်၏ ထောင့်စွန်းလေး၌ သူ့ရဲ့ ဘနားနားမစ်ကိုသာ ဟိုနှစ်ယောက်အား ကြည့်ပြီး သောက်နေလေသည်
ဒါပေမယ့် စိတ်ထဲတွင်တော့ ဆိုဂျွန်းရောက်တည်းက သူ့အား လျှစ်လျူရှုနေသလို ခံစားရသည် ဂျီမင်းရဲ့ဟျောင်းက သူ့ထပ် ဂျီမင်းကိုပိုပြီး နှောင့်ယှက်လို့ရတာတော့ မကြိုက်ပေ
"ဂျောင်ကုရေ ငါ ဂျွန်းနီး နဲ့အပြင်သွားလိုက်ဦးမယ်"
စိတ်ကူးတွေထဲနစ်မျောနေသော ကောင်လေးဆီသို့ ဂျီမင်းလည်း ဘေစင်ထဲသို့ ပန်းကန်တွေထည့်ကာ အသံပေးလိုက်မိသည်
"ဂျွန်းနီးက ဘယ်သူလဲ?"
"အမ် ငါ့ဟျောင်းလေ"
ဂျီမင်းလည်းထွက်မယ်ကြံတော့ ဂျောင်ကုက-
"ငါ့အတွက်မနက်စာရော?"
ESTÁS LEYENDO
V.I.P {Jikook U & Z}
Fanficကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. ကျွန်တော်တို့လမ်းချင်းတူရင် လူချင်းတွေ့ကြမှာပါ.. Inspire from eng fanfic ..