အပိုင်း-(၁)

3.2K 52 0
                                    

Unicode

မနက်ဖြန် ပိတ်ရက်ဖြစ်တာ​ကြောင့် ​နွေအိပ်မက် ၁ ​ယောက်​တော်​တော်နဲ့ မအိပ်​သေးပဲ ​၁ ပတ်လုံးမနားရသမျှအတိုးချကာ ဂိမ်း​ဆော့လို့​နေသည်။ ဂိမ်းက သူမအတွက် အပန်း​​ဖြေစရာလို့​ပြောလဲရပါသည်။ သူမ ၄၊၅ ပွဲ​လောက်​​ဆော့ပီး​တော့ နာရီကိုလှမ်းကြည့်လိုက်မိသည်။ '၁၂း၀၀' ​
'နောက်ဆုံး ၁ ပွဲ​လောက် rank ​ဆော့လိုက်ပါဦးမယ်​လေ'
ထိုအ​တွေးနှင့်အတူ သူမ rank ​ဆော့လိုက်သည်။ ပွဲချိန်က မိနစ် ၂၀ ​လောက်​တော့ကြာသွားသည်။ ဟိုဘက်က hyper ​ဆော့တဲ့ ၁ ​ယောက်က​တော်သည်။ မည်သို့ပင်ဖြစ်​စေ သူ ၁ ​ယောက်ပဲ​တော်​နေ​တော့​ရော ဘာလုပ်လို့ရမည်နည်း။ ​နောက်ဆုံးတွင် သူမတို့ဘက်ကအနိုင်ရရှိခဲ့သည်သာ။ MVP က​တော့ mage ကိုင်တဲ့သူမဖြစ်​သည်။ ဟိုဘက်က ​ကောင်လေးမှာ သူမအား like ​တောင်​ပေးသွား​သေးသည်။ သူမစိတ်ထဲ နည်းနည်း​တော့ စိတ်ကြီးဝင်မိသလိုပင်။ အဘယ့်​ကြောင့်ဆို​သော် ထို​ကောင်​လေးရဲ့ hyper skill ကလဲ​​တော်​တော်​ကောင်းတဲ့ player လို့​ပြောလို့ရသည်။ ၁ ပွဲလုံး သူ carry ​ပေး​နေ၍သာ မိနစ် ၂၀ ထိဆွဲထားလို့ရခြင်းဖြစ်သည်။ သူမပြန်ထွက်လာ​သောအခါ ထို acc ကသူမအား follow ထား​သည်။ သူမ စိတ်ဝင်စားသွားရပီး​နောက် သူ့ profile ထဲသို့ဝင်ကြည့်လိုက်သည်။ win rate က 80% ​ရှိသည်။ ပွဲတိုင်းနီးပါး hyper ပဲကစားပုံ​ပေါ်သည်။ hyper ​ဆော့မယ့်လူမရှိတာ​ကြောင့်လား​တော့မသိ​ပေမဲ့။ 'ထားလိုက်ပါ​လေ ခုလည်း​နောက်​ကျနေပီ ​အိပ်​တော့မယ်'
​နွေအိပ်မက် မှာအကျင့် ၁ ခုရှိသည်။ သူမအ​တွေးများ​နေပီဆိုလျှင်​တော်​တော်နဲ့အိပ်မ​ပျော်တတ်။ သူမမှာ မျက်လုံး​ကြောင်ကြီးများဖြင့် မနက် ၁ နာရီ​လောက်ထိ ဟို​တွေးဒီ​တွေး​​လျှောက်​တွေးလို့​နေသည်။ ၁ နာရီခွဲခါနီး​လောက်မှသာအိပ်​​ပျော်သွား​လေသည်။
_______
မနက် ၇း၀၀ ​လောက်ဖြစ်သည်။ နှိုးစက်၏အကူညီ​တောင်မယူပဲ ခန့်သစ်လွင် ၁ ​ယောက်အချိန်မှန်နိုးလာခဲ့​သည်။ သူကနိုးနိုးချင်းမထ​သေးပဲ ၅ မိနစ်လောက်မျက်နှာကျက်ကိုကြည့်​နေခဲ့သည်။ ထဖို့အတွက် အားယူ​နေသလိုမျိုး။ ပီး​တော့မှ အိပ်ရာကထသွားလျက် ​ရေချိုးခန်းထဲဝင်သွားသည်။ ​ရေမိုးချိုးအဝတ်အစားလဲပီး​သောအခါ သူ​အောက်ထပ်သို့ဆင်းလာခဲ့သည်။ ​အောက်ထပ်မှ ထမင်းစားခန်းထဲတွင် သူ့အားအဆင်သင့်​စောင့်​နေ​သော အ​မေ့ အား​တွေ့ရသည်။ ခန့်သစ်လွင် မှာသူ့အ​မေ​ဘေးနားတွင်ဝင်ထိုင်လိုက်သည်။ ထိုအခါ ​ဒေါ်​ခင်ခင်​ဆွေ မှာသူ့​သား၏ ​ကော်ဖီခွက်ထဲသို့ ​ကော်ဖီ ထည့်​ပေးလိုက်ရင်း၊
​ဒေါ်ခင်ခင်​ဆွေ: ဒီ​နေ့ကပိတ်ရက်မဟုတ်ဘူးလား သား၊ ​ဆေးရုံသွားရဦးမှာလား
ခန့်သစ်လွင်: သူငယ်ချင်းနဲ့ duty change ထားလို့​ အ​မေရဲ့၊ သူဒီ​နေ့မအားဘူးတဲ့​လေ၊ ဒါနဲ့ အ​​ဖေ ​ရော
​ဒေါ်ခင်ခင်​​ဆွေ: မင်းအ​ဖေကပိတ်ရက်ဆို ၈း၀၀ ​လောက်မှထတာ​လေ
ခန့်သစ်လွင်: ဪ...
ခန့်သစ်လွင် မှာမနက်စာကိုအမြန်စားလိုက်ပီး​နောက်၊
ခန့်သစ်လွင်: ကျွန်​တော်သွား​တော့မယ်​နော်
​ဒေါ်​ခင်ခင်​ဆွေ: ကားဂရုစိုက်​မောင်း​နော်
ခန့်သစ်လွင်: ဟုတ်ကဲ့
ခန့်သစ်လွင် ၁ ​ယောက် Maple ​ဆေးရုံထွက်လာ​ခဲ့သည်။ ထို​ဆေးရုံ၏ ​ဆေးရုံအုပ်မှာ ခန့်သစ်လွင်၏ အ​​ဖေ ဦး​​အောင်မင်း ဖြစ်သည်။ သူတို့မိသားစုမှာ မျိုးရိုးစဉ်ဆက် ဆရာဝန်များဖြစ်ကြသည်။ သူ​ဆေးရုံသို့​ရောက်လာ​​သောအခါ Nurse မ​လေးများကသူ့ကိုပြုံးပြနှုတ်ဆက်ကြသည်။ ခန့်သစ်လွင် ၏အရပ်မှာ ၅ ​ပေ ၁၀ လက်မခန့်ရှိသည်။ အသားအရည်က ဖြူသည့်ဘက်သို့သွားသည်။ မျက်ရစ် ၂ ထပ်၊ နှာတံစင်းစင်း၊ မထူမပါး နှုတ်ခမ်းမျိုးရှိသည်။ မျက်နှာကျလဲ အ​တော်လှသည်။ နှဖူး​ပေါ် တစ်စတစ်စကျ​နေသည့် အနက်​ရောင်ဆံပင်​​တွေက သူ၏​ချောမောမှုကို​ပို​ပေါ်လွင်​စေသည်။ သူက ရှပ်အင်္ကျီအဖြူ​ရောင်နှင့် အနက်​ရောင် style pan တို့ကိုဝတ်ထားသည်။ ရှပ်အင်္ကျီလက်များကို တံ​တောင်ဆစ်ထိ​ခေါက်တင်လို့ထားသည်။ လက်တွင်လဲ Rolex နာရီကိုပတ်ထား​သေးသည်။ သူကသူ့အခန်းထဲသို့ဝင်ရန်ပြင်လိုက်ချိန်တွင် ၁ ​ယောက်​ယောက်မှသူ့ကိုလှမ်း​ခေါ်လာသဖြင့် လှည့်ကြည့်လိုက်မိသည်။ ထိုသူမှာ​တော့ Nurse မ​လေး ​ငွေ​သော်တာ ဖြစ်သည်။ ခန့်သစ်လွင် မှာသူမအားပြုံးပြလိုက်သည်။
​ငွေ​သော်တာ: ​ဒေါက်တာ ဒီ​နေ့ ​ဒေါက်တာ့ ဂျူဒီ မဟုတ်ဘူး မဟုတ်ဘူးလား
ခန့်သစ်လွင်: ဟုတ်တယ် ဒီ​နေ့ကကျွန်​တော့် ဂျူဒီ ​တော့မဟုတ်ဘူး ရဲရင့်​​သွေး ရဲ့ဂျူဒီ ​လေ၊ သူ့အစားလာ​ပေးတာ
​ငွေ​သော်တာ: ဪ...အဲ့တာ​ကြောင့်ကိုး
ခန့်သစ်လွင်: အဲ့တာဆို ကျွန်​တော့်ကိုခွင့်ပြုပါဦး
​ငွေ​သော်တာ: ဟုတ်ကဲ့
ခန့်သစ်လွင် မှာအခန်းထဲသို့ဝင်လာခဲ့သည်။ သူ့ရှပ်အင်္ကျီ လက်များအားဖြန့်လိုက်ပီး​နောက် အ​ပေါ်မှ အဖြူ​ရောင် duty coat ကိုထပ်ဝတ်လိုက်​လေသည်။ ပီး​နောက် စားပွဲတွင်ဝင်ထိုင်လိုက်သည်။
_______
​နွေအိပ်မက် က​တော့ပိတ်ရက်ဖြစ်သဖြင့် အိပ်လို့​ကောင်း​နေသည်။ ညကလဲ​တော်​တော်နဲ့ အိပ်မ​ပျော်ခဲ့​တာကြောင့် မနက် ၉း၃၀ ​လောက်တွင် ​အ​မေ လာနှိုးမှသာနိုးခဲ့သည်။ အ​မေက ​နွေအိပ်မက် အခန်းထဲဝင်လာလျက် ​စေ့ပိတ်ထား​သောလိုက်ကာများကိုဆွဲခွဲလိုက်ကာ သူမအား​တောက်​လျောက်​ခေါ်ရင်းနှိုးလို့​နေသည်။
​ဒေါ်စံပယ်ဦး: ​နွေအိပ်မက် ထ​တော့၊ ၉ နာရီ​တောင်ခွဲ​နေပီ၊ ပိတ်ရက်ဆို ​နွေအိပ်မက် တို့များလာမနှိုးရင်မထ​တော့ဘူး၊ မ​နေ့ကလဲ ဘယ်အချိန်မှအိပ်လဲမသိဘူး
​နွေအိပ်မက် ၁ ​ယောက်အ​မေ့အသံ​ကြောင့် မျက်လုံးများပွင့်လာသည်။ သူမကထထိုင်လိုက်ကာ သန်းဝှား လို့​နေသည်။
​နွေအိပ်မက်: အ​မေကလဲ ၉ နာရီခွဲပဲရှိ​သေးတာကို
​ဒေါ်စံပယ်ဦး: ဘာကို ၉ နာရီခွဲပဲ ရှိ​သေးတာလဲ၊ မျက်နှာသစ်ပီး ဆင်းလာခဲ့​တော့၊ သမီး ကြိုက်တဲ့နန်းကြီးသုပ် ဝယ်​ပေးထားတယ်
အစား​အသောက်သံကြားမှ ​နွေအိပ်မက် မျက်လုံးအနည်းငယ်ကျယ်သွားရသည်။
​နွေအိပ်မက်: မျက်နှာသစ်ပီး၊ ဆင်းလာခဲ့မယ် အ​မေ

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးWhere stories live. Discover now