အပိုင်း-(၁၉)

289 21 0
                                    

Unicode

​ငွေ​သော်တာ လဲ ​မေအိမ့်မှူး အား ခန့်သစ်လွင် ဆီသို့​ခေါ်သွားလိုက်သည်။ အခန်း​ရှေ့​ရောက်​သောအခါ ​ငွေ​သော်တာ ကတံခါး​ခေါက်ကြည့်လိုက်သည်။ ခန့်သစ်လွင် က​တော့လူ​နာ​တွေရဲ့မှတ်တမ်း​တွေပြန်ကြည့်​နေတာဖြစ်သည်။ မျက်နှာတွင်လဲ metal ကိုင်းနဲ့မျက်မှန်ပါးပါး​လေးကိုတပ်ထား​သေးသည်။ တံခါး​ခေါက်သံကြား​သောအခါ ခန့်သစ်လွင် ကစိတ်ရှုပ်သလို မျက်ခုံး​တွေကိုအနည်းငယ်တွန့်ချိုးလိုက်ရင်း မျက်မှန်ကိုချွတ်လိုက်ကာ၊
ခန့်သစ်လွင်: ဝင်ခဲ့ပါ
​ထိုအခါ အခန်းတံခါးပွင့်လာပီး အထဲသို့ ​ငွေ​သော်တာနှင့် ​မေအိမ့်မှူး တို့ဝင်လာကြသည်။
​ငွေ​သော်တာ: ​ဒေါက်တာ ဒီကညီမ​​လေးက ​ဒေါက်တာ့ ကိုရှာ​နေလို့
​မေအိမ့်မှူး က ခန့်သစ်လွင် ကို​တွေ့​သောအခါ ပြုံးပြလိုက်ရင်း၊
​မေအိမ့်မှူး: ခန့်သစ် မ​တွေ့တာကြာပီ​နော် အိမ့်မှူး က ခန့်သစ် ကို​တွေ့ချင်​နေတာ
​ငွေ​သော်တာ ကအ​ခြေ​နေကို ၁ ချက်ကြည့်လိုက်ပီး​နောက်၊
​ငွေ​သော်တာ: အဲ့တာဆို ​သော်တာ့ ကိုခွင့်ပြုပါဦး
​ငွေ​သော်တာ လဲ​ပြောပီးသည်နှင့်ထွက်လာခဲ့​တော့သည်။
'ဒီ​ကောင်မ​လေးက ​ဒေါက်တာနဲ့ရင်းနှီးတာလား?'
_______
​မေအိမ့်မှူး ကမည်သို့ပင်စကား​​တွေဆိုကာပြုံးပြ​နေပါ​စေ ခန့်သစ်လွင် က​တော့ ပြုံးမပြနိုင်ပါ။ ​အေးတိ​အေးစက်ပင် တုံ့ပြန်လာသည်။
ခန့်သစ်လွင်: ဘာကိစ္စရှိလို့လဲ
​မေအိမ့်မှူး: ​တွေ့ချင်လို့ပါဆို
​ပြောရင်း ခန့်သစ်လွင် ဆီ​လျှောက်လာကာ၊
​မေအိမ့်မှူး: ခန့်သစ် ကအရင်ကထက်​ချောလာတာပဲ
ခန့်သစ်လွင်: တခြားဘာကိစ္စမှမရှိရင် မ​နှောက်ယှက်ပါနဲ့ ခဏ​နေလူနာ​တွေကြည့်​ပေးရ​တော့မှာမို့လို့ပါ
ထိုစကားကိုကြား​သောအခါ ​မေအိမ့်မှူး ကစိတ်အလိုမကျသလိုအမူရာနှင့်၊
​မေအိမ့်မှူး: ခန့်သစ် က အိမ့်မှူး ကို​နှောက်ယှက်​နေတယ်လို့ပဲမြင်တာလား
ခန့်သစ်လွင် ကဘာမှပြန်မ​ပြောဘဲ တိတ်ဆိတ်​နေ​​သောအခါ၊
​မေအိမ့်မှူး: ဟုတ်ပါပီ အိမ့်မှူး မ​နှောက်ယှက်​တော့ပါဘူး၊ အဲ့အစား ည​နေ​ဆေးရုံဆင်းရင် ည​နေစာအတူသွားစားရ​အောင်
ခန့်သစ်လွင်: အကို ညဂျူတီရှိ​သေးတယ်
​မေအိမ့်မှူး: ခဏပဲ​လေ မရဘူးလား၊ မရရင် ခန့်သစ် ကို အိမ့်မှူး ဆက်​နှောက်ယှက်​နေမှာ​​နော်
​မေအိမ့်မှူး ကထိုကဲ့သို့​သော​ကောင်မ​လေးမျိုးဖြစ်​လေသည်။ သူမဖြစ်ချင်တာကိုသာ​ရှေ့တန်းတင်တတ်ပီး တခြားသူ၏ခံစားချက် ကိုဘယ်​သောအခါမှထည့်မတွက်ပါ။ ခန့်သစ်လွင် အ​နေနဲ့ကလဲ သူငယ်ချင်းရဲ့ ညီမဖြစ်​နေ​တော့ ​ရှောင်မလွဲကြီးဖြစ်လို့​​နေသည်။ သူ​ဆေး​ကျောင်းတက်​နေတုန်းက ​မေအိမ့်မှူး ကသူ့ကို ၁ ခါဖွင့်​ပြောဖူးသည်။ သူဘက်က​ငြင်းခဲ့ပါ​သော်လည်း ခုချိန်ထိဆက်လက်တွယ်ကပ်​နေခြင်းဖြစ်သည်။ အရင်တုန်းက သူမ တွယ်ကပ်​နေလဲကိစ္စကြီးကြီးမားမားမရှိ​ပေမဲ့ ခုချိန်မှာ​တော့ သူဂရုစိုက်ရ​သော ၁ ဦးတည်း​သောသူ​လေးကဘယ်လိုထင်လိမ့်မလဲ။
​မေအိမ့်မှူး: ည​နေစာတူတူစားမယ်မလား
ခန့်သစ်လွင် လဲသူ့​ရှေ့ရှိ​ကောင်မ​လေးအား စိတ်ပျက်စွာကြည့်လိုက်ရင်း သ​ဘောတူလိုက်ရ​လေသည်။ မည်သို့ပင်ဖြစ်​စေ သူ့စိတ်ထဲတွင်​တော့ ဒီ​ကောင်မ​လေးနဲ့ ကိစ္စ​တွေရှင်းဖို့သာတွေးထားမိ​တော့သည်။ ​မေအိမ့်မှူး ပြန်ထွက်သွား​သောအခါမှ သူလဲ လူနာ​တွေလိုက်ကြည့်ရ​တော့သည်။ ​နွေအိပ်မက် ဆီ​ရောက်လာ​တော့ သူမကထုံးစံအတိုင်း ပြုံးပြနှုတ်ဆက်လာသည်။ အခုဆို ခန့်သစ်လွင် သူမ ကိုဖွင့်​ပြောထားတာ ၁ ပတ်​​ကျော်​နေပီဖြစ်သည်။ ​နွေအိပ်မက် ကလဲအ​ဖြေပြန်​ပေးဖို့​ကြောက်​နေသည့်အလား သူ့အားအဲ့အ​ကြောင်း စကားအစမခံသလို သူကိုယ်တိုင်ကလဲ ​နွေအိပ်မက် ကိုဖိအားမ​ပေးချင်တာ​ကြောင့် အတင်းအ​ဖြေပြန်မ​တောင်းဖြစ်ခဲ့ပါ။
ခန့်သစ်လွင်: ​နွေ ​ဒီရက်ပိုင်းခန္ဓာကိုယ်က ၁ ခုခုမူမမှန်တာမျိုးခံစားရ​သေးလား
​နွေအိပ်မက်: ဟင့်အင်း
​နွေအိပ်မက် ကိုစစ်​ဆေး​ပေးပီး​တော့ ​နွေအိပ်မက် ကသူ့အားကြည့်​နေသဖြင့်​မေးလိုက်မိသည်။
ခန့်သစ်လွင်: ​နွေ ကိုယ့်ကို​ပြောစရာရှိလို့လား
​နွေအိပ်မက် မှာခဏ​လောက်တွန့်ဆုတ်​နေပီးမှ ​မေးလာသည်။
​နွေအိပ်မက်: အဲ့တာက​လေ ဟို...​နွေ ​လေ ​နေ့လည်ကအသစ် ကိုလာရှာတဲ့​ကောင်မ​လေး ၁ ​ယောက်နဲ့​တွေ့ခဲ့တယ်၊ အဲ့တာဘယ်သူလဲ ဟင်...ဟို မ​​ပြောပြချင်လဲရပါတယ် ​နွေ ကဒီတိုင်း​မေးကြည့်ရုံပါ
ခန့်သစ်လွင် ကသူမရဲ့မချင့်မရဲဖြစ်​နေပုံ​လေးကို ကြည့်လိုက်ရင်း၊
ခန့်သစ်လွင်: ​နွေ သိချင်ရင် ကိုယ်​ပြောပြမှာပါ၊ အဲ့တာ ကိုယ့်သူငယ်ချင်းရဲ့ ညီမ​လေ၊ ​နောက် ၁ မျိုး​ပြောရရင် ကိုယ့်ကိုလိုက်ကပ်​နေတဲ့​ကောင်မ​လေး​ပေါ့
ခန့်သစ်လွင် ၏ပွင့်လင်း​လွန်း​သောအဖြ​ကြောင့် ​နွေအိပ်မက် ​ကြောင်အသွားရသည်။ ပီးမှ ရင်ထဲစိတ်မ​ကောင်းဖြစ်သလိုခံစားလိုက်ရသည်။ ​နွေအိပ်မက် ကစိတ်ညစ်သွားသလို​ခေါင်း​လေးငုံ့သွားရင်း၊
​နွေအိပ်မက်: ဪ...
​ဖျော့​တော့သွား​သော သူမအသံကိုကြားသည်နှင့် ခန့်သစ်လွင် ကငုံ့သွား​သော သူမ​ခေါင်း​လေးကို​မေးဖျား​လေးကနေကိုင်ကာ အသာပြန်​မော့​စေရင်း သူမမျက်ဝန်း​တွေထဲ ကြည့်​နေလိုက်ကာ၊
ခန့်သစ်လွင်: စိတ်မ​ကောင်းဖြစ်သွားတာလား ဟင်
​နွေအိပ်မက် ကသူ့မျက်လုံး​တွေကို ​သေချာပြန်မကြည့်ရဲပါ။
​နွေအိပ်မက်: မဟုတ်ပါဘူး စိတ်မ​ကောင်းဖြစ်ရ​အောင် အသစ် နဲ့ ​နွေ ကဘာမှမှ မဟုတ်တာကို
ခန့်သစ်လွင်: ဟုတ်​အောင်လုပ်လိုက်ရင် ရတာပဲ​လေ၊ ကိုယ်ဖွင့်​ပြောထားတာကို လက်မခံ​ပေးချင်ဘူးလား
​နွေအိပ်မက်: အသစ်...ဟို...
​နွေအိပ်မက် ကသူ့ကိုလက်ခံ​ပေးဖို့ တွန့်ဆုတ်​နေ​သောအ​ကြောင်းရင်းကိုသူသိပါသည်။
ခန့်သစ်လွင်: ကိုယ်နာကျင်မှာ မစိုးရိမ်ပါနဲ့၊ ကိုယ်​ပြောဖူးသလိုပဲ ကိုယ်ကနာကျင်ရမှာထက် မင်းကိုဆုံးရှုံးရမှာပို​ကြောက်တယ်၊ ကိုယ့်ကို လက်ခံ​ပေးပါ​နော်
ထိုအခါ ​နွေအိပ်မက် ကမျက်လွှာ​လေးကိုချလိုက်ရင်း၊ ပထမဆုံး အ​နေနှင့် နှလုံးသား​လေးရဲ့ ဆန္ဒကိုဦးစား​ပေးခဲ့မိသည်။
​နွေအိပ်မက်: အင်း

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးTahanan ng mga kuwento. Tumuklas ngayon