Unicode
နွေအိပ်မက် ရေချိုးခန်းထဲကပြန်ထွက်လာသောအခါ ဒေါ်စံပယ်ဦး မှာရောက်နေပီး သူမအတွက်မနက်စာတောင်ပြင်ဆင်ပေးနေပီဖြစ်သည်။ နွေအိပ်မက် လဲသူမအမေဘေးနားတွင်ဝင်ထိုင်လိုက်သည်။
ဒေါ်စံပယ်ဦး: မနေ့က ကောင်းကောင်းအိပ်ပျော်ရဲ့လား
နွေအိပ်မက်: ဟုတ် အိပ်ပျော်တယ်
နွေအိပ်မက် မှာအမေဖြစ်သူအား အမြဲတစေဘာမဆိုပြန်ပြောပြနေကျဖြစ်တာကြောင့် သူမအတွက်ပြင်ဆင်ပေးထားသောမနက်စာကိုစားရင်း မနေ့ညကအကြောင်းပြောပြလာတော့သည်။
နွေအိပ်မက်: တကယ်တော့လေ မနေ့ကအမေတို့ပြန်သွားပီးတော့ နည်းနည်းမှောင်လာတော့ သမီးလဲ ၁ ယောက်ထဲနေရတာကြောက်လာသလိုခံစားလိုက်ရတယ် သိလား၊ အဲ့တာနဲ့ သူနာပြုငှားကြည့်တော့လဲ မရဘူး၊ တော်သေးတာပေါ့ ညကဂျူဒီကျတဲ့ ဒေါက်တာကသဘောကောင်းလို့ သူစောင့်ပေးတယ်လေ
ဒေါ်စံပယ်ဦး: အဲ့တာကြောင့်ပြောပါတယ် အမေစောင့်အိပ်ပေးမယ်ဆိုတော့ သမီးမှလက်မခံတာ၊ ဒီနေ့ညရောစောင့်ပေးရဦးမလား
နွေအိပ်မက်: ဒီနေ့တော့ မလိုတော့ဘူး သူနာပြုခေါ်ထားတယ်
ဒေါ်စံပယ်ဦး: ဘယ်လိုပဲဖြစ်ဖြစ် အမေစောင့်အိပ်ပေးရမယ်ဆိုပြော
ဒီလိုနဲ့ စားသောက်ပီး သားအမိ ၂ ယောက်စကားပြောဖြစ်ကြသည်။ နေ့လည်လောက်ရောက်မှသာ ဒေါ်စံပယ်ဦး မှာအိမ်ပြန်သွားလေသည်။ ဒေါ်စံပယ်ဦး ပြန်သွားသောအခါ နွေအိပ်မက် လဲအခန်းထဲမှာပဲမနေချင်သဖြင့်အညောင်းပြေအညာပြေလမ်းလျှောက်ထွက်လာခဲ့တော့သည်။
_______
ခန့်သစ်လွင် မှာတော့ဆေးရုံးကိုပြန်ရောက်ပီးတည်းက လူနာကြည့်ပေးနေတာ လုံးဝမနားရသေး။ အခုမှသာ နေ့လည်စာစားရန် ခဏအနားရခြင်းဖြစ်သည်။ ခန့်သစ်လွင် မှာနည်းနည်းလေးအားသည်နှင့် နွေအိပ်မက် ၏အခန်းဘက်သို့သွားကြည့်ဖြစ်သည်။ အထဲတွင်ဘယ်သူမှမရှိ။
'လမ်းလျှောက်ထွက်သွားတာ ထင်တယ်'
လူမတွေ့တော့ ခန့်သစ်လွင် လဲအောက်ထပ်ရှိစားသောက်ဆိုင်များရှိရာဆီထွက်လာခဲ့တော့သည်။ ကော်ဖီဆိုင် ၁ ခုရှေ့ရောက်သောအခါ နွေအိပ်မက် မှာကိတ်မုန့် ၁ ခုအားစားနေရင်းလျှောက်ကြည့်နေသည်ကို ခန့်သစ်လွင် လှမ်းမြင်လိုက်သည်။ သူကဆိုင်ထဲဝင်သွားလိုက်သည်။ ပီးနောက် နွေအိပ်မက် ရှေ့တွင်ဝင်ထိုင်လိုက်ရင်း ပြုံးပြကာ၊
ခန့်သစ်လွင်: ထိုင်လို့ရတယ်မလား
နွေအိပ်မက် မှာတော့ ခန့်သစ်လွင် အားခဏလောက်ကြောင်ကြည့်နေပီးမှ ပြန်ပြုံးပြလိုက်လျက်၊
နွေအိပ်မက်: ရပါတယ်...ဒေါက်တာက နေ့လည်နားတာထင်တယ်
ခန့်သစ်လွင်: ဟုတ်တယ်
သူမရှေ့ရှိ ရယ်ရယ်ပြုံးပြုံးဖြင့်စကားပြောနေသူအား နွေအိပ်မက် လိုက်ကြည့်နေမိသည်။
'ပြုံးရယ်နေရင် အရမ်းကြည့်ကောင်းတာပဲ'
ခန့်သစ်လွင်: အခန်းထဲမှာချည်းနေရတာ ပျင်းလို့လား
နွေအိပ်မက်: ဟုတ်တယ် ဘာမှလဲလုပ်စရာမရှိဘူး ဒါမဲ့ ဆေးစစ်ချိန်အမှီတော့ ပြန်သွားရဦးမယ်
ခန့်သစ်လွင် မှာခေါင်းညိတ်ပြလိုက်သည်။
ခန့်သစ်လွင်: ဒီနေ့ညကျရင် စောင့်အိပ်ပေးဖို့ သူနာပြု ၁ ယောက်လာလိမ့်မယ်
နွေအိပ်မက်: ဟုတ် ကျေးဇူးတင်ပါတယ်
ခန့်သစ်လွင်: ရပါတယ်
ခန့်သစ်လွင် မှာသူမနှင့် အခုလိုလေးစကားပြောနေရသည်ကိုသဘောကျမိသည်။ နွေအိပ်မက် ကိုကြည့်ရသည်မှာ မလိုအပ်သောအချိန်များတွင် သူမရောဂါအကြောင်းကိုခေါင်းထဲသိပ်ထားပုံမပေါ်ပါ။ သာမန်လူ ၁ ယောက်ကဲ့သို့ပင် ပေါ့ပေါ့ပါးပါး ရယ်ရယ်ပြုံးပြုံးရှိနေသည်။ ထိုအရာကိုမြင်သောအခါမှသာ ခန့်သစ်လွင် လဲသက်ပြင်းချနိုင်တော့သည်။
'ထင်ထားတာထက် strong ဖြစ်လို့တော်ပါသေးတယ်'
နွေအိပ်မက် မှာစားသောက်ပီးသွားသည်အထိ မပြန်သေးပဲ ခန့်သစ်လွင် အားရောက်တက်ရာရာလျှောက်မေးနေတော့သည်။
နွေအိပ်မက်: ဒါနဲ့ ဒေါက်တာ ဒီညရော ဂျူတီရှိလားဟင်
ခန့်သစ်လွင် မှာသူမမေးခွန်းအား အများကြီးမစဉ်းစားဘဲ စာဖတ်နေရင်းသာပြန်ဖြေလိုက်သည်။
ခန့်သစ်လွင်: မရှိဘူးလေ
နွေအိပ်မက်: အင်းနော် ၂ ညဆက်တိုက်တော့ ဂျူတီ မရှိလောက်ဘူးပေါ့
သူမ၏အနည်းငယ် စိတ်ညစ်သွားသော အသံလေးကိုကြားမှ ခန့်သစ်လွင် လဲသူမကိုကြည့်မိသည်။
ခန့်သစ်လွင်: ဘာဖြစ်လို့မေးတာလဲ
နွေအိပ်မက်: ဒီတိုင်းမေးကြည့်တာပါ ဆေးရုံမှာက နွေနဲ့ရင်းနှီးတာဆိုလို့ ဒေါက်တာ ၁ ယောက်ပဲရှိတာဆိုတော့...
ပြောပီးမှ နွေအိပ်မက် လဲနာရီကိုကြည့်မိသည်။
နွေအိပ်မက်: နွေသွားတော့မယ်နော် ခဏနေဆေးစစ်ရတော့မှာ
ခန့်သစ်လွင်: အင်း
နွေအိပ်မက် မှာထွက်သွားလေတော့သည်။ ခန့်သစ်လွင် မှာတော့သူမနောက်ကျောပြင်လေးအားငေးကြည့်နေခဲ့ပီးမှ သူလဲထိုနေရာမှထွက်လာခဲ့တော့သည်။
_______
ညဘက်ရောက်လာတော့ နွေအိပ်မက် မှာပျင်းလာသဖြင့် game ထဲဝင်လာခဲ့သည်။ online တွင် King လဲရှိနေတာကြောင့် Classic ၁ ပွဲလောက်ခေါ်ဆော့လိုက်သေးသည်။ သူမ game ၁ ပွဲကစားပီးသွားသောအခါ သူမအခန်းထဲသို့ သူနာပြု ၁ ယောက်မှာ တံခါးခေါက်ကာဝင်လာခဲ့သည်။ နွေအိပ်မက် လဲထိုသူနာပြုအားလိုက်ကြည့်နေမိသည်။ သူနာပြုသာဆိုသည် အလွန်ကြည့်ကောင်းသောခန္ဓာကိုယ်နှင့် မြင်လိုက်သည်နှင့်ချောသည်ဟုပြောနိုင်သော မျက်နှာမျိုးရှိလေသည်။ သူနာပြု မှာသူမအားပြုံးပြလျက်၊
ငွေသော်တာ: သော်တာက ဒီနေ့ဒီမှာစောင့်အိပ်ပေးမှာပါ
နွေအိပ်မက်: ဪ...စောင့်အိပ်ပေးမယ်သူလား...လာလေ အဆင်ပြေသလိုသာနေပါ
ငွေသော်တာ မှာတော့ ခန့်သစ်လွင် ၏တောင်းဆိုမှုကြောင့် ဒီနေရာတွင်ရှိနေခြင်းဖြစ်သည်။ သူမက ဝင်လာတည်းက နွေအိပ်မက် အားအကဲခတ်ခဲ့သည်။ နွေအိပ်မက် မှာချစ်စရာကောင်းသောကောင်မလး ၁ ယောက်ဖြစ်သည်။ အပြင်ပန်းတွင် မာနကြီးပုံပေါ်ပေမဲ့ စကားပြောပုံကြည့်ရတာတော့ ဖော်ရွေမည့်ပုံလေး။
'အဲ့တာကြောင့်များ ခန့်သစ်လွင် ကသဘောကျနေတာလားမသိဘူး'
ESTÁS LEYENDO
ကျွန်တော့်ရဲ့ နွေအိပ်မက်လေး
Romance'နာကျင်မှုတွေ အခက်အခဲတွေမရှိပဲ အချစ်စစ် ၁ ခုကိုရှာမတွေ့နိုင်ဘူး။ အချစ်စစ် ၁ ခုကိုလိုချင်ရင်တော့ နာကျင်မှုနဲ့ အခက်အခဲတွေကိုကျော်ဖြတ်ရမှာပဲ' (Unicode+Zawgyi)