အပိုင်း-(၄)

558 24 0
                                    

Unicode

​နွေအိပ်မက် ၁ ​ယောက်အဝတ်စားလဲကာ ​ထော့နင်း၊ ​ထော့နင်း ဖြင့်​အောက်ထပ်သို့ဆင်းလာခဲ့သည်။ ​နွေအိပ်မက် အ​မေကသူမအား မြင်​သောအခါ ​မေးလာသည်။
​ဒေါ်စံပယ်ဦး: ​နွေအိပ်မက် ​ခြေ​ထောက်မှာဒဏ်ရာကြီးနဲ့ကို ဘယ်သွားမလို့လဲ
​နွေအိပ်မက် မှာသူမအ​မေအားရယ်ပြလိုက်ပီး​နောက်၊
​နွေအိပ်မက်: ရုံးသွားမလို့​လေ အ​မေရဲ့၊ သမီး​ခြေ​ထောက်ကအ​ကောင်းကြီးပါ၊ ပီး​တော့ဒီ​​​နေ့ဆိုက်ထဲလဲမသွားပါဘူး
​​ဒေါ်စံပယ်ဦး: ​နွေအိပ်မက် ရယ်...ရုံးသွားဖို့​တောင်အနိုင်နိုင်ကို ဘယ်ဆိုက်ထဲကိုဆင်းချင်​သေးတာလဲ၊ နင့်​ခြေ​ထောက်ကိုဖြတ်ပစ်ချင်လို့လား
ထိုအချိန်တွင် အိမ်​​ရှေ့မှကားဟွန်းသံ အားကြားလိုက်ရသည်။ ​ဒေါ်စံပယ်ဦး ကခြံ​ရှေ့သို့လှမ်းကြည့်လိုက်ပီး​​နောက်၊
​ဒေါ်စံပယ်ဦး: အဲ့တာ ​အောင်သူရ ရဲ့ကားမဟုတ်ဘူးလား
​နွေအိပ်မက် ကလည်းကားကိုလိုက်ကြည့်ရင်း ပြန်​​ဖြေလာသည်။
​နွေအိပ်မက်: ဟုတ်တယ်​လေ၊ သမီးကိုလိုက်ပို့ဖို့ ကိုကို့ ကို​ခေါ်ထားတာ
​ဒေါ်စံပယ်ဦး ဘာမှပြန်မ​ပြောလိုက်နိုင်ခင်မှာပင် ​နွေအိပ်မက် မှာထွက်သွား​လေ​တော့သည်။ ​ဒေါ်စံပယ်ဦး မှာ ၁ ​ယောက်ထဲသာ​ရေရွတ်မိ​တော့သည်။
​ဒေါ်စံပယ်ဦး: ဒီ​ကောင်မ​လေးနဲ့​တော့ခက်ပါတယ်
_______
ဒီလိုနှင့် ​နွေအိပ်မက် မှာရုံးသို့​ရောက်လာခဲ့သည်။
​နွေအိပ်မက်: ​လိုက်ပို့​ပေးတာ ​ကျေးဇူးတင်ပါတယ်
​အောင်သူရ: ရပါတယ် အားနာရမယ့်လူ​တွေလဲမဟုတ်ပဲနဲ့...အပြန်ကျရင် ဖုန်းဆက်လိုက်​နော် ပြန်လာကြိုမယ်
​နွေအိပ်မက်: အင်း...ကိုကို ကအ​ကောင်းဆုံးပဲ
​နွေအိပ်မက် မှာရုံးထဲသို့ဝင်လာခဲ့သည်။ သူမက ၁ ​နေ့လုံး ရုံးခန်းထဲတွင်သာထိုင်လျက် ဘယ်မှမသွားပဲ အလုပ်လုပ်ခဲ့သည်။
_______
ခန့်သစ်လွင် မှာ​တော့ ​ငွေ​သော်တာ အားသွားရှာ​လေသည်။ ​ရှာ​တွေ့​​သောအခါ သူမအား​မေးလိုက်သည်။
ခန့်သစ်လွင်: ​ဆရာမ​ငွေသော်တာ
​ငွေ​သော်တာ: ဟင်
ခန့်သစ်လွင်: ​မ​​​နေ့က အ​ရေး​ပေါ်ဌာနကိုလာပြသွားတဲ့ လူနာ​ထဲမှာ​လေ ​​​နွေအိပ်မက် ဆိုတဲ့ ၁ ​ယောက်ကိုရှာ​ပေးလို့ရမလား
​​ငွေ​သော်တာ: ရှာတာက​တော့ ရှာ​ပေးလို့ရပါတယ်၊ ​ဒေါက်တာက ဘာလုပ်မလို့လဲ
ခန့်သစ်လွင် မှာဘာပြန်​ဖြေရမလဲအမြန်စဥ်းစားလိုက်ပီးမှ၊
ခန့်သစ်လွင်: အဲ့ ၁ ​ယောက်က ကျွန်​တော်ကြည့်​ပေးရတာ​လေ ပြန်စစ်ချင်တာ​လေးရှိလို့ပါ
​ငွေ​သော်တာ မှာဘာသံသယ မှမရှိပဲပြုံးလျက်သာပြန်​ပြောလာသည်။
​ငွေ​သော်တာ: ခဏ​စောင့်​နော် ​ဒေါက်တာ၊ ကျွန်မရှာ​ပေးမယ်
သူမက စာရင်းများကိုပြန်လှန်လိုက်ပီး​​နောက်ဆုံးတွင် ​နွေအိပ်မက် ၏အချက်အလက်အားရှာ​တွေ့သွားသည်။ သူမက အချက်အလက်စာရွက်ကို ခန့်သစ်လွင် ဆီသို့ကမ်း​ပေးလိုက်လျက်၊
​ငွေ​သော်တာ: ​ဒေါက်တာ ရှာခိုင်းတာဒီ ၁ ​ယောက်မလား
ခန့်သစ်လွင် မှာစာရွက်ကိုယူလျက် ၁ ချက်ကြည့်လိုက်ပီး​နောက်၊
ခန့်သစ်လွင်: ဟုတ်တယ် ဟုတ်တယ်၊ ​ကျေးဇူးတင်ပါတယ် ကျွန်​တော် ခဏယူသွားမယ်​နော်
​ငွေ​သော်တာ: ရပါတယ်ရှင်
ခန့်သစ်လွင် မှာစာရွက်ကိုယူလာပီး​နောက် အခန်းထဲတွင်ဖတ်လို့​နေသည်။ သူက အချက်လက်ထဲမှ ​နွေအိပ်မက် ၏ဖုန်းနံပါတ်ကို​တော့ယူထားလိုက်သည်။
_______
​​နွေအိပ်မက် မှာရုံးဆင်းခါနီးသဖြင့် ​အောင်သူရ အားဖုန်း​ခေါ်လိုက်သည်။
​နွေအိပ်မက်: ကိုကို ခဏ​နေလာကြိုလို့ရပီ
​အောင်သူရ: အင်း ထွက်လာခဲ့မယ်
ထိုသို့ဖြင့် ​နွေအိပ်မက် မှာရုံးဆင်း​သောအခါ ​အောင်သူရ ၏ကားနှင့်သာပြန်ခဲ့​လေသည်။ ကား​ပေါ်တွင် ​နွေအိပ်မက် မှာသူမ​ခြေ​ထောက်ဒဏ်ရာအားခဏခဏကြည့်လို့​နေသည်။
​အောင်သူရ: ဘာဖြစ်လို့လဲ
​နွေအိပ်မက်: ဘာမှမဖြစ်ပါဘူး ဒီတိုင်းကြည့်ကြည့်တာ၊ ဒါနဲ့ ခုမှသတိရတယ် ​နွေအိပ်မက် ကိုကို့ ကို​​ပြောပြရဦးမယ်
​အောင်သူရ က​ကား​မောင်း​နေရင်း​ပြောလာသည်။
​အောင်သူရ: ဘာလဲ
​နွေအိပ်မက်: ကိုကို သိလား၊ မ​နေ့က ​နွေအိပ်မက် ဒဏ်ရာရ​တော့​လေ Maple ​ဆေးရုံဆီကိုသွားလိုက်တာ၊ ​အ​ရေး​ပေါ်ခန်းထဲမှာ ​နွေအိပ်မက် ကိုကြည့်​ပေးတဲ့ ဆရာဝန် က​လေအရမ်း​ချောတာပဲသိလား၊ mask အုပ်ထားတာ​တောင်မှ မြင်​နေရတဲ့မျက်လုံး​လေးတွေက အရမ်းကြည့်​ကောင်းတာပဲ
​အောင်သူရ မှာသက်ပြင်း ၁ ချက်ချလိုက်လျက်၊
​အောင်သူရ: အဲ့တာနဲ့ပဲ နာ​နေတာက ၁ ဝက်​လောက်သက်သာသွား​ရော​ပေါ့
​နွေအိပ်မက် မှာရယ်လိုက်လျက်၊
​နွေအိပ်မက်: ၁ ဝက်ဘယ်ကပါ့မလဲ၊ အာရုံက နာ​နေတဲ့ဆီကို​မ​ရောက်​တော့တာ
​အောင်သူရ မှာ ၁ ​ယောက်ထဲတိုးတိုးတိတ်တိတ်​ရေရွတ်လိုက်မိသည်။
​အောင်သူရ: ​သူ့ခြေ​ထောက်ဒဏ်ရာရသွားတယ်ဆိုလို့ စိတ်ပူမိတဲ့ ငါ့ကိုယ်ငါ​တောင် ​နောင်တရချင်တယ်
​နွေအိပ်မက်: ဘာ​ပြောလိုက်တာ?
​အောင်သူရ မှာသူမအားပြုံးပြလိုက်လျက်၊
​အောင်သူရ: ဘာမှမ​ပြောပါဘူး
​နွေအိပ်မက် မှာသူ့အား ၁ ချက်​လောက်​ဆွေကြည့်လိုက်ပီးမှ ပြန်လှည့်သွား​တော့သည်။
_______
ခန့်သစ်လွင် မှာ​အိမ်ပြန်​ရောက်​သောအခါ သူ save လာ​သောဖုန်းနံပါတ်ကြီးအားကြည့်လို့​နေသည်။ သူ့အ​နေဖြင့် ​နွေအိပ်မက် ကိုစကားသွား​ပြောချင်​သော်လည်း ​ဘာ​ပြောရမှန်းမသိပါ​ချေ။ သူ့စိတ်ထဲ​​တွေးလိုက်မိသည်။
'လက်စသက်​တော့ လူ ၁ ​ယောက်ကိုကြိုက်ရတာဒီလိုခံစားချက်မျိုးကိုး'
သူက သူ့ကိုယ့်သူစိတ်ပျက်စွာ​​ခေါင်းယမ်းလိုက်မိသည်။ ပီး​နောက် ဖုန်းကိုပြန်ပိတ်ထားလိုက်ကာ စားပွဲ​​ပေါ်တွင်တင်ထားလိုက်​တော့သည်။
တကယ်​တော့ ခန့်သစ်လွင် မှာ​ချော​ချောလှလှ မိန်းက​​လေး​ပေါင်းများစွာကို​တွေ့ဖူးပါသည်။ သူထို​ကောင်မ​လေးများအ​ပေါ် ၁ ခါမှစိတ်မဝင်စားခဲ့ဖူးပါ​ချေ။ ​နွေအိပ်မက် ကိုကျပထမဆုံး​အကြည့်ချင်းဆုံသွား​သောအချိန်မှစ ရင်ခုန်ခဲ့မိတာဖြစ်သည်။ အ​ကြောင်းအရင်းကို​တော့သူလဲမသိရပါ။ သူမနှင့် အကြည့်ချင်းဆုံသွား​သော ထိုတစ်တင်္က၌ ပြုစားခံလိုက်ရသလိုပင်။ သူမ၏ချစ်စရာ​ကောင်း​​သော အပြုအမူ​လေးများကိုလည်း သ​ဘောကျခဲ့မိသည်။

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးTempat cerita menjadi hidup. Temukan sekarang