Unicode
ညသန်းခေါင် အချိန်လောက်ဖြစ်သည်။ နွေအိပ်မက် မှာဂိမ်းဆော့လို့နေသည်။ ဒီနေ့တော့ ဂိမ်းထဲတွင် King အားမတွေ့မိ။ သူမဆော့ပီးသောအခါ ဖုန်းကိုပိတ်လိုက်ပီး စားပွဲပေါ်တင်လိုက်သည်။ ထိုအချိန်တွင် သူမဗိုက်ထဲမှနာကျင်မှုအားခံစားလိုက်ရသည်။ ထိုနာကျင်မှုမှာ ပါးစပ်ဖြင့်ပင်ပြောမရလောက်အောင် အလွန်ပြင်းထန်သည်။ သူမချွေးစေးများပါပြန်လာသည်။ သူမထဖို့ကြိုးစားကြည့်သည်။ ဘယ်လိုမှထလို့မရ။ ကြမ်းပြင်ပေါ်သို့တဖန်ပြန်လဲကျသွားရပြန်သည်။ သူမ ဖုန်းကိုကြိုးစားယူလိုက်ကာ အမေ့ အားဖုန်းခေါ်လိုက်ရသည်။
ဒေါ်စံပယ်ဦး: ဟယ်လို
သူမအသံမှာ အားနည်းနေကာဖျော့တော့လို့နေသည်။
နွေအိပ်မက်: အ...အမေ...အပေါ်ကိုတက်လာခဲ့ပါ...သမီးဗိုက်အရမ်းနာနေလို့
ဒေါ်စံပယ်ဦး မှာအရမ်းစိတ်ပူသွားရပီးနောက် အပေါ်သို့အမြန်ပြေးတက်လာခဲ့သည်။ နွေအိပ်မက် အခန်းထဲသို့ဝင်လာလျက် နွေအိပ်မက် အားဆွဲထူလိုက်သည်။
ဒေါ်စံပယ်ဦး: သမီးအရမ်းနာနေတာလား
နွေအိပ်မက် မှာဖျော့တော့စွာခေါင်းညိတ်ပြလာသည်။
ဒေါ်စံပယ်ဦး မှာသူမအားတွဲလိုက်လျက် ချက်ချင်း ကားဆရာ လှမ်းခေါ်ကာဆေးရုံပို့ရန် ပြင်ဆင်ရတော့သည်။
_______
Maple ဆေးရုံ,
သူနာပြု ၁ ယောက်မှာအလောတကြီးနှင့် ပြေးကာ ခန့်သစ်လွင် ဆီသို့ရောက်လာခဲ့သည်။ ခန့်သစ်လွင် ဆီရောက်သောအခါ သူမက အမောတောင်မဖြေတော့ပဲ ပြောလာသည်။
သူနာပြု: ဒေါက်တာ! ဒေါက်တာ! အရေးပေါ်လူနာ ၁ ယောက်ရောက်နေတယ်
ခန့်သစ်လွင် မှာနားနေခန်းမှပြေးထွက်လာကာ အရေးပေါ်လူနာဆီသို့ သူနာပြု နောက်မှလိုက်သွားခဲ့သည်။
ခန့်သစ်လွင် မှာဒီနေ့ညဂျူတီ ကျနေခြင်းဖြစ်သဖြင့် ဆေးရုံတွင် ညဉ့်နက်တဲ့ထိရှိနေခြင်းဖြစ်သည်။
အရေးပေါ်ခန်း ထဲရောက်သောအခါ ထိုလူနာအားတွေ့လိုက်ရသည်။ သူအံ့အားသင့်သွားရသည်။
'နွေအိပ်မက်လား?'
နွေအိပ်မက် မှာကုတင်ပေါ်တွင် ကွေးကွေးလေးအိပ်နေကာ နာကျင်လွန်းသဖြင့်ညဉ်းညူလို့နေသည်။ ခန့်သစ်လွင် မှာကြည့်နေဖို့အချိန်မရှိတော့။ သူကစမ်းသပ်ပေးကာ လိုအပ်သောဆေးစစ်ချက်များကိုစတင်လုပ်ဆောင်ရတော့သည်။ သူနာပြု မှာဘေးတွင်ရပ်နေသော ဒေါ်စံပယ်ဦး အားပြောလာသည်။
သူနာပြု: အန်တီ အပြင်ခဏလောက်ထွက်ပေးပါ၊ ဒေါက်တာ ကစစ်ဆေးရမှာမို့ပါ
ဒေါ်စံပယ်ဦး မှာထွက်လာလျက်အပြင်တွင်သာစောင့်နေရသည်။ အမေ ဆိုတော့လဲ နွေအိပ်မက် ကိုအရမ််းစိတ်ပူလို့နေမိသည်။ အချိန်အတော်ကြာသွားသောအခါ သူနာပြု မှာသူမဆီရောက်လာရပီး၊
သူနာပြု: အန်တီ လူနာကိုဝင်ကြည့်လို့ရပါပီ
_______
ခန့်သစ်လွင် မှာတော့ ဘေးမှနေ၍ နွေအိပ်မက် အားအခြေနေအားကြည့်ပေးလို့နေသည်။ နွေအိပ်မက် မှာမျက်လုံးများတဖြည်းဖြည်းပွင့်လာခဲ့သည်။ သူမပထမဆုံးမြင်လိုက်ရသည်က mask တပ်ကာ duty coat အဖြူရောင်လေးကိုဝတ်ထားသော ဟို ၁ နေ့ကတွေ့ခဲ့သည့် ဒေါက်တာအချောလေးပင်ဖြစ်သည်။ သူမစိတ်ထဲတွေးလိုက်မိသည်။
'ငါသူ့ကိုအရမ်းစိတ်စွဲနေတာပဲ အိပ်မက်ထဲထိတောင်ပါလာပီ'
သူမအတွေးမဆုံးလိုက်ခင်မှာပင် ခန့်သစ်လွင် မှာသူမအားကြည့်လာသည်။ သူကညင်သာစွာမေးလိုက်သည်။
ခန့်သစ်လွင်: လူနာ နိုးလာပီလား၊ အခုဘယ်လိုနေသေးလဲ
ထိုအခါမှ သူမလဲအိပ်မက်မဟုတ်ကြောင်းသတိထားမိသွားရလျက် ကိုယ့်စိတ်ကိုယ်ကပ်ကာ တိုးညှင်းစွာပြန်ဖြေလာသည်။
နွေအိပ်မက်: သက်သာသွားပါပီ
ခန့်သစ်လွင် မှာသက်ပြင်း ၁ ချက်ချလိုက်လျက်၊
ခန့်သစ်လွင်: တော်သေးတာပေါ့
ထိုအချိန်တွင် ဒေါ်စံပယ်ဦး မှာ နွေအိပ်မက် ဆီသို့ရောက်လာလျက် စိုးရိမ်တကြီးမေးရှာသည်။
ဒေါ်စံပယ်ဦး: ဒေါက်တာ သမီးအခြေနေဘယ်လိုရှိလဲခန့်သစ်လွင်: သူအခုတော့သက်သာလာပါပီ၊ ကျွန်တော်လိုအပ်တဲ့ဆေးစစ်ချက်တွေလုပ်ပေးထားတယ်၊ အဖြေကတော့မနက်ဖြန်မှထွက်မယ် အန်တီတို့ လာထုတ်ပေးပါဦး
ဒေါ်စံပယ်ဦး: ဟုတ်ကဲ့ပါ ဒေါက်တာ၊ ကျေးဇူးတင်ပါတယ်
ခန့်သစ်လွင်: လူနာကိုတော့ ဆေးသွင်းထားတာကုန်ရင် ပြန်ခေါ်သွားလို့ရပါပီ
ဒေါ်စံပယ်ဦး: ဟုတ်ကဲ့
ခန့်သစ်လွင် မှာ ၂ ယောက်လုံးကို ၁ ချက်ပြုံးပြလိုက်ပီးနောက် ထွက်သွားလေသည်။ နွေအိပ်မက် မှာတော့ ပထမ ၁ ခါတုန်းကအတိုင်းပင် ခန့်သစ်လွင် ၏နောက်ကျောပြင်လေးအားလိုက်ကြည့်နေခဲ့မိသည်။
_______
နောက်နေ့,
နွေအိပ်မက် မှာ နှင်းဆီနီ အားဖုန်းဆက်လိုက်သည်။
နှင်းဆီနီ: ဟယ်လို
နွေအိပ်မက်: ဟယ်လို နင်အားလား
နှင်းဆီနီ: အားတယ် ဘာလို့လဲ
နွေအိပ်မက်: ငါဆေးရုံသွားပီး ဆေးစစ်ချက်အဖြေလေးထုတ်စရာရှိလို့ လိုက်ခဲ့ပါလား
နှင်းဆီနီ: အေး လိုက်ခဲ့မယ်
_______
ခန်းသစ်လွင် မှာတော့ နွေအိပ်မက် ၏ဆေးစစ်ချက်အဖြေအားကြည့်ကာ စိုးရိမ်သွားရသည်။
'ဒါက ဘယ်လိုဖြစ်ရတာလဲ!'
သူ့ခမျာ ဆေးစစ်ချက်စာရွက်များမှားသလားဟုထပ်စစ်ကြည့်မိသည်။ စာရွက်ကမှန်ပါသည်။ ခဏနေတော့ သူနာပြု ၁ ယောက်မှာ သူ့အားပြောလာသည်။
သူနာပြု: ဒေါက်တာ၊ နွေအိပ်မက် ရောက်ပါပီ
ခန့်သစ်လွင် မှာစိတ်မကောင်းဖြစ်နေသောအသံဖြင့်ပြောလာသည်။
ခန့်သစ်လွင်: အထဲလွှတ်လိုက်
နွေအိပ်မက် နှင့် နှင်းဆီနီ တို့ ၂ ယောက်မှာဝင်လာကြသည်။ နှင်းဆီနီ မှာ ခန့်သစ်လွင် အားပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူမက နွေအိပ်မက် နားကပ်ကာတိုးတိုးလေးပြောလာသည်။
နှင်းဆီနီ: ဒေါက်တာ ကချောလိုက်တာ
နွေအိပ်မက် ပင် ခန့်သစ်လွင် mask ချွတ်ထားသောပုံအားခုမှတွေ့ဖူးခြင်းဖြစ်သည်။ သူမလည်းပဲ ရပ်ကာ လိုက်ကြည့်မိနေသည်။ ပီးမှသာ ကိုယ့်စိတ်ကိုယ်ပြန်ကပ်လိုက်လျက် ခုံတွင်ဝင်ထိုင်လိုက်သည်။ နှင်းဆီနီ မှာတော့သူမဘေးနားတွင်မတ်တပ်ရပ်လိုက်သည်။

YOU ARE READING
ကျွန်တော့်ရဲ့ နွေအိပ်မက်လေး
Romance'နာကျင်မှုတွေ အခက်အခဲတွေမရှိပဲ အချစ်စစ် ၁ ခုကိုရှာမတွေ့နိုင်ဘူး။ အချစ်စစ် ၁ ခုကိုလိုချင်ရင်တော့ နာကျင်မှုနဲ့ အခက်အခဲတွေကိုကျော်ဖြတ်ရမှာပဲ' (Unicode+Zawgyi)