အပိုင်း-(၂)

850 32 0
                                    

Unicode

​နွေအိပ်မက် ၁ ​ယောက်မျက်နှာသစ်ပီး ညအိပ်ဝတ်စုံဖြင့်သာ​အောက်ထပ်သို့ဆင်းလာခဲ့သည်။ ထမင်းစားစားပွဲတွင်ဝင်ထိုင်လိုက်ပီး သူမအတွက် အသင့်ပြင်ထား​သော နန်းကြီးသုပ်ပန်းကန်ကိုယူကာစားလိုက်သည်။ စားပီးသွား​​သောအခါ ပန်းကန်ကို မိ​အေး အားသိမ်း​စေလိုက်သည်။ သူမက​တော့ TV ​ရှေ့ထိုင်ကာဇာတ်လမ်းတွဲ​ခွေထိုး၍ ကြည့်​နေ​သည်။ ဒီအိမ်တွင် အ​မေ၊ မိ​အေး နှင့်အတူ​ ၃ ​ယောက်သာ​နေသည်။ အ​မေနဲ့ အ​​ဖေကအိမ်​ထောင်​ရေးအဆင်မ​ပြေကြ။ ​နွေအိပ်မက် ကိုငဲ့ကာ တရားဝင်ကွာရှင်းထားတာမျိုးမရှိ​သော်လည်း ၁ ​ယောက် ၁ ​နေရာဆီ​နေ​နေတာဖြစ်သည်။ ​နွေအိပ်မက် ​၏အ​ဖေ ဦးသိန်းနိုင်ဝင်း မှာအ​မေရိကားတွင်​နေထိုင်သည်။ ​နွေအိပ်မက် က​တော့အ​မေနှင့်သာ ​​နေဖြစ်ခဲ့သည်။ အားလပ်ရက်ရှည်​တွေ ရ​သောအခါမှသာ​အ​ဖေ့ဆီသွားလည်ဖြစ်သည်။ သူမအတွက်​တော့ ထိုအ​ကြောင်း​တွေကနာကျင်စရာ ၁ ခုအဖြစ်ဆွဲကျန်ခဲ့လို့​နေသည်။ သူမ၏ အ​ဖေနှင့် အ​မေစကွဲသွား​သောနှစ်က သူမ ၁၀ တန်းနှစ်ဖြစ်သည်။ ​နွေအိပ်မက် ထိုအ​ကြောင်းများကို​မေ့ထားခဲ့သည်မှာကြာ​လေပီ။ သို့​သော်လဲ အ​ကြောင်း ၁ ခုခုတိုက်ဆိုင်တိုင်း ပြန်သတိရမိ​​နေသည်သာ။ ဘယ်သူ့ကိုမှ ​ပြောလို့မ​ကောင်းသည့်ကိစ္စမို့ စိတ်ထဲတွင်သာမျိုသိပ်ထားခဲ့သည်။ အချစ်ဆုံး သူငယ်ချင်းကို​တောင်မ​ပြောပြဖြစ်။ ထိုအချိန်တွင် အိမ်အပြင်မှ သူမအား ၁ ​ယောက်​ယောက်လှမ်း​ခေါ်သံကြားလိုက်ရသဖြင့် ထွက်ကြည့်မိသည်။ အခြားသူမဟုတ် သူမ၏အချစ်ဆုံးသူငယ်ချင်းဆိုသူ နှင်းဆီနီ ပင်။ သူမက တံခါးသွားဖွင့်​ပေးပီး​နောက် အိမ်ထဲ​ခေါ်လာလိုက်သည်။
​နွေအိပ်မက်: ဘယ်က​​နေမျက်စိလည်လမ်းမှားလာတာလဲ
နှင်းဆီနီ: ဘယ်ကမှမျက်စိမလည်ဘူး အိမ်မှာမ​နေချင်လို့ နင့်ဆီတမင်လာလည်တာ
​နွေအိပ်မက် ၏အ​မေမှာလဲ နှင်းဆီနီ ကိုတွေ့​သောအခါပြုံးပြနှုတ်ဆက်သည်။
​ဒေါ်စံပယ်ဦး: သမီး နှင်းဆီနီ ​ရောက်လာတာပဲ၊ အန်တီကဘယ်သူများလဲလို့ထွက်ကြည့်တာ
နှင်းဆီနီ: ဟုတ် အန်တီ
​ဒေါ်စံပယ်ဦး: သမီးတို့လိုတာရှိရင် မိ​အေးကို​ခေါ်ခိုင်းလိုက်​နော်၊ အန်တီလဲ အခန်းထဲမှာရှိတယ်
​နွေအိပ်မက်: အ​မေရယ် နှင်းဆီနီ ကဧည့်သည်လဲမဟုတ်ပဲနဲ့ အားနာမ​နေပါနဲ့
​နွေအိပ်မက် အ​မေမှာပြုံးပြပီး​နောက် အခန်းထဲဝင်သွားသည်။ ​နွေအိပ်မက် နှင့် နှင်းဆီနီ မှာ​တော့ဧည့်ခန်းထဲတွင်သာ စကား​ပြောရင်းကျန်ခဲ့ကြ​သည်။
_______
ခန့်သစ်လွင် ၁ ​ယောက် ၁ မနက်လုံးလူနာများကြည့်​ပေးပီး​နောက် ​ညောင်းချိလို့​နေ​လေပီ။ သူကထလိုက်ကာ အပြင်း​ကြောဆန့်လိုက်သည်။ ​နေ့လည်စာကိုလည်း အခန်းထဲမှာသာစားဖြစ်သည်။ စား​သောက်ပီးသွား​သောအခါ ခဏနားလိုက်ပီး​နောက် လူနာပြန်ကြည့်ရန်လုပ်ရပြန်သည်။ ည​နေ ၆း၀၀ ​လောက်မှသာအိမ်သို့ပြန်လာခဲ့သည်။ ကားလမ်းပိတ်တာ ဘာညာနဲ့ဆို​တော့ အိမ်​ပြန်ရောက်​တော့ ၇း၀၀ ​တောင်ထိုး​နေပီ။ သူ​ရေမိုးချိုးအဝတ်အစားလဲပီး ကုတင်​ပေါ်တွင်ထိုင်လိုက်ကာ ဖုန်းကိုဖွင့်ကြည့်လိုက်သည်။ စိတ်​ပြေလက်​ပျောက် ဂိမ်း ၁ ပွဲ ၂ ပွဲ​လောက်​ဆော့ရန် စဉ်းစားပီး ဂိမ်းထဲဝင်လိုက်သည်။ ဟို ၁ ​နေ့က rank ​ဆော့တာရှုံးထား​တော့ rank တိုက်ချင်စိတ်မရှိတာနဲ့ ​ပေါ့​ပေါ့ပါးပါး  classic ပဲကစားရန်ဆုံးဖြတ်လိုက်သည်။ သူ lobby ထဲဝင်လိုက်​သောအခါ သူ့  following ထဲက ၁ ​ယောက်က​ဆော့မ​နေပဲ လိုင်း​ပေါ်လဲရှိ​နေတာနဲ့ invite လိုက်သည်။
_______
​နွေအိပ်မက် က​တော့အပျင်း​ပြေဂိမ်း​ဆော့ရန် ဂိမ်းထဲဝင်လာခြင်းဖြစ်သည်။ သူမဝင်လာချင်းပဲ မ​နေ့ကသူမကို follow သွား​သော acc ကအတူတူ​ဆော့ရန်​ invite လုပ်​သော​ကြောင့် လက်ခံလိုက်သည်။ ဂိမ်း chatbox ကတဆင့်သူမကို​ပြောလာသည်။
King: 'mage?'
Spring: 'Yes'
ပီး​​နောက် ဂိမ်းအတူတူ​ဆောာ့ဖြစ်ကြသည်။ သိပ်​တောင်မရုန်းလိုက်ရ ခဏ​လေးနဲ့နိုင်သွားသည်။ ​နွေအိပ်မက် ​ကျေနပ်သွားသည်။ ထိုပွဲပီး​တော့ ​နွေအိပ်မက် သူ့အားပြန် follow ​​ပေးလိုက်သည်။ chatbox တဆင့်​မေးလာပြန်သည်။
King: 'tomorrow rank?'
ကြည့်ရတာ​တော့ သူမ skill ကို​ကြွေသွားပုံရသည်။
Spring: 'ok'
_______
ခန့်သစ်လွင် ကဂိမ်းထဲကထွက်ပီး ဖုန်းကိုပိတ်လိုက်ကာ ​ဆေးစာအုပ်အထူကြီးအားယူလျက် ဖတ်​နေသည်။ သူ့မျက်လုံး​တွေ​လေးလာသလိုခံစားမိမှ နာရီကိုလှမ်းကြည့်မိသည်။ '၁၀း၀၀' သူကစာအုပ်ကိုပိတ်လိုက်ကာ စားပွဲ​ပေါ်ပြန်တင်လိုက်ပီး​နောက် အိပ်လိုက်​တော့သည်။
_______
နာရီ alarm သံကအခန်းထဲဆူညံလို့​နေသည်။ ​နွေအိပ်မက် မှာမျက်လုံးများမဖွင့်ပဲ နာရီ alarm ကိုပိတ်လိုက်ကာ ခဏ​လောက်​မှေး​နေလိုက်သည်။ ပီးမှသာ ပျင်းရိပျင်းရွဲဖြင့်ထလာလျက် ​ရေချိုးခန်းထဲဝင်သွား​လေသည်။ ​ရေချိုးခန်းထဲကပြန်ထွက်လာ​သောအခါ အဝတ်စားအသစ်များလဲဝတ်လိုက်သည်။ ဒီ​​နေ့ရုံးသွားရမှာဖြစ်​သော​ကြောင့် ပန်း​ရောင် blouse အပွ​လေးကို ကာကီရောင် style pan ​လေးထဲထည့်ဝတ်လျက် သဘာဝအတိုင်းလှိုင်းတွန့်​လေးများပါသည့် ခါးထိရှည်လျား​သောအနက်​ရောင်ဆံပင်ကို pony tail ပုံစုချည်လိုက်ကာအိမ်မှထွက်လာခဲ့သည်။ သူမက ​ဆောက်လုပ်​ရေးအင်ဂျင်နီယာ ၁ ​ယောက်ဖြစ်သည်။ သူမကရုံးကိုအရင်ဝင်လိုက်ကာ စာရင်းများစစ်ပီး​နောက် ဆိုက်ထဲသို့လာခဲ့သည်။ သူမက ဆိုက်ထဲတွင်လှည့်လည်စစ်​ဆေးလို့​နေသည်။ သူမစစ်​​ဆေး​နေစဉ်အသစ်ခန့်ထား​သော အလုပ်သမား ၁ ဦးမှာ န​မော်နမဲ့နိုင်စွာသူမအားဝင်တိုက်လိုက်မိသည်။ ရုတ်တရက်မို့ ​နွေအိပ်မက်လဲ သူမကိုယ်သူမ မထိန်းလိုက်နိုင်ပဲလဲကျသွားလျက် ​ဘေးနားတွင် ​ထောင်ထွက်​နေ​သော သံ​ချောင်းဖြင့် သူမ​​ခြေသလုံး အားခြစ်မိသွားပီး ​​​သွေးများထွက်လာသည်။ ​နွေအိပ်မက်လဲအသားနာသွား​သော​ကြောင့် ​​​​ဒေါသထွက်သွားရသည်။
​နွေအိပ်မက်: န​မော်နမဲ့နိုင်လိုက်တာ! အလုပ်ကို ဘယ်လိုလုပ်​နေတာလဲ
သူမနှင့်အတူပါလာ​သော သူမလက်​ထောက်မှာ သူမအားလာထူလျက်၊
လက်​ထောက်: အဆင်​ပြေရဲ့လား မ​နွေအိပ်မက် ​ဆေးရုံသွားရမယ်ထင်တယ်
​နွေအိပ်မက်: အင်း ဒီနားမှာရှိတဲ့​ဆေးရုံဆီပဲ သွားရ​အောင်
ထို့​နောက် ​နွေအိပ်မက် မှာသူမလက်​ထောက်နှင့် အတူ​ဆေးရုံသို့ထွက်လာခဲ့သည်။

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးWhere stories live. Discover now