Unicode
သူတို့တွေ စားသောက်ပီးသွားကြတော့ ဆေးရုံကိုပြန်လာခဲ့ကြသည်။ နွေအိပ်မက် ကတော့လျှောက်ကြည့်လာရတာမောသွားလို့ထင်သည်။ ကားပေါ်တွင်အိပ်ပျော်လို့နေသည်။ ခန့်သစ်လွင် မှာတော့ နွေအိပ်မက် အိပ်ပျော်သွားတာသတိထားမိသဖြင့် ထိုင်ခုံလေးကိုအသာလေးနောက်လှန်ပေးလိုက်သည်။ နွေအိပ်မက် ကတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့နေသည်။ ဆေးရုံပြန်ရောက်သည်အထိနိုးမလာသေး။ ဆေးရုံပြန်ရောက်တော့မှောင်တောင်မှောင်နေပီ။ ခန့်သစ်လွင် လဲသူမအားမနှိုးတော့ပဲ ကားပေါ်ကဆင်းလိုက်ကာ သူမဘက်ခြမ်းသို့သွားလိုက်သည်။ ပီးနောက် ကားတံခါးကိုဖွင့်လိုက်ကာ နွေအိပ်မက် အားအသာလေးပွေ့ချီလိုက်သည်။ သူမရဲ့နူးနူးညံ့ညံ့ ခန္ဓာကိုယ်လေးက သူ၏ရင်ခွင်ထဲအလိုက်သင့်လေးပါလာသည်။ ရင်ခွင်ထဲမှကောင်မလေးမှာ 'အင်း...အဲ...' ဟုညီးသံလေးထွက်လာပီးနောက်ပြန်အိပ်ပျော်သွားတော့သည်။ ခန့်သစ်လွင် မှာသူမအားထိုအတိုင်းလေးသူမအခန်းထဲထိပွေ့ချီလာခဲ့လိုက်သည်။ လမ်းတွင်တွေ့သော သူနာပြုအချို့နှင့် ဆရာဝန်အချို့ကတော့ ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။ တချို့ကလဲ တိုးတိုး တိုးတိုး ဖြင့်သူ့ကိုကြည့်ကာပြောနေကြသေးသည်။ မည်သို့ပင်ဖြစ်စေ ခန့်သစ်လွင် ကတော့ဘာမှဂရုစိုက်မနေပဲ အခန်းသို့သာတန်းတန်းမတ်မတ်လျှောက်လာလိုက်သည်။ အခန်းထဲရောက်သောအခါ နွေအိပ်မက် အားကုတင်ပေါ်သို့အသာချပေးလိုက်ပီး စောင်ကိုသေချာခြုံပေးလိုက်သည်။ အကုန်လုပ်ပေးပီးမှထွက်လာခဲ့တော့သည်။ အပြင်ရောက်သောအခါ နောက်မှ ၁ ယောက်ယောက်ခေါ်သံကြားသဖြင့်လှည့်ကြည့်လိုက်မိသည်။
ရဲရင့်သွေး: ဟေ့ကောင်!
ခန့်သစ်လွင် လဲ'ဘာလဲ'ဆိုသည့်သဘောဖြင့်မေးဆက်ပြလိုက်သည်။
ရဲရင့်သွေး: မင်းခုဏက ကောင်မလေး ၁ ယောက်ကိုချီလာတာမလား...ဘယ်သူလဲ
ခန့်သစ်လွင်: မင်းကဘာလုပ်မလို့လဲ
ရဲရင့်သွေး: ပြောပြစမ်းပါ သိချင်လို့ ဘယ်သူ့မှအဲ့လောက်ဂရုမစိုက်တဲ့ မင်းလိုကောင်က ဘယ်သူမို့လို့ ဒီလောက်လုပ်ပေးနေတာလဲ သိချင်လို့
ခန့်သစ်လွင်: သိချင်လား
ရဲရင့်သွေး: အင်း
ခန့်သစ်လွင်: ကိုယ့်ဘာကိုယ်စုံစမ်းလေ ငါသွားပီ
ပြောပီးသည်နှင့် ချာခနဲ့လှည့်ထွက်သွားတော့သည်။ ရဲရင့်သွေးမှာတော့ ၁ ယောက်ထဲစကားပြောရင်းကျန်ခဲ့လေသည်။
ရဲရင့်သွေး: မင်းမပြောဘူးပေါ့လေ ရတယ်
_______
နောက်နေ့,
နွေအိပ်မက် နိုးလာတော့သန့်ရှင်းရေးလုပ်ပီး မကြာခင်မှာပဲ နှင်းဆီနီ လဲရောက်လာသည်။ သူငယ်ချင်း ၂ ယောက်စကားပြောရင်းမနက်စာစားဖြစ်ကြသည်။ အများဆုံးပြောဖြစ်တဲ့အကြောင်းရာကတော့ မနေ့က အပြင်ထွက်လည်ဖြစ်တဲ့အကြောင်းဖြစ်သည်။ ထိုစဥ် တံခါးခေါက်သံအားကြားလိုက်ရသည်။
နွေအိပ်မက်: ဆေးစစ်ဖို့လာတာဖြစ်မယ်
နှင်းဆီနီ ကတံခါးထဖွင့်ပေးလိုက်သည်။ ထိုအခါ ငွေသော်တာ မှာအထဲဝင်လာပီး နွေအိပ်မက် အားစစ်ဆေးပေးရန် နှင်းဆီနီ အားခဏအပြင်ထွက်ခိုင်းလိုက်သည်။ စစ်ဆေးပေးပီးသောအခါ ငွေသော်တာ ကပစ္စည်းတွေသိမ်းရင်း နွေအိပ်မက် အားမေးလာသည်။
ငွေသော်တာ: မနေ့က ဒေါက်တာခန့်သစ်လွင် ကအပြင်ထွက်လည်ဖို့လိုက်ပို့ပေးတယ်ဆို
နွေအိပ်မက်: ဟုတ်တယ် ဒေါက်တာ ကအရမ်းသဘောကောင်းတာပဲ
ငွေသော်တာ: တကယ်တော့ ဒေါက်တာ ကအဲ့လောက်သဘောကောင်းတဲ့သူမဟုတ်ဘူး အိပ်မက် ရဲ့သူကလေတခြားသူတွေရှေ့မှာဆို မလိုအပ်ပဲပြုံးတောင်မပြဘူး အမတို့ကိုတောင်မှ အတူတူအလုပ်လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေမို့ ဒီလောက်ကောင်းကောင်းဆက်ဆံပေးနေတာ အပြင်လူဆိုအဖက်တောင်လုပ်တာမဟုတ်ဘူး
နွေအိပ်မက် မှာခေါင်းလေးတညိမ့်ညိမ့်ဖြင့်စဉ်းစားလို့နေသည်။ အမငွေသော်တာ ကသာ ခန့်သစ်လွင် ကသဘောမကောင်းဘူးလို့ပြောနေတာ၊ တကယ်တော့ နွေအိပ်မက် ၁ ယောက် ခန့်သစ်လွင် နဲ့စတွေ့ထဲကခုထိ ၁ ခါမှအချေမခံရဖူးသေး။ ခန့်သစ်လွင် ကသူမအပေါ်အမြဲ နွေးနွေးထွေးထွေးဆက်ဆံပေးခဲ့သည်။ အမငွေသော်တာ ပြောသော ခန့်သစ်လွင် ၏ပုံစံအား သူမပုံဖော်ကြည့်ဖို့အတွက်ခဲယဉ်းလို့နေသည်။ အမငွေသော်တာ ကလိမ်ပြောနေတာနှင့်တော့မတူ။ ထိုအချိန် ငွေသော်တာ ကသူမအတွေးစတွေကိုဖြတ်တောက်ပေးလိုက်သည်။
ငွေသော်တာ: အခုစစ်ဆေးကြည့်တာ အားလုံးပုံမှန်ပဲနော် ၁ ခုခုများနေလို့မကောင်းတာရှိသေးလား
နွေအိပ်မက်: မရှိဘူး အမ
ငွေသော်တာ: OK အဲ့တာဆို အမသွားပီနော်
နွေအိပ်မက်: ဟုတ်ကဲ့
ငွေသော်တာ ထွက်သွားမှ နှင်းဆီနီ လဲပြန်ဝင်လာခဲ့သည်။
နှင်းဆီနီ: ဘာတဲ့လဲ
နွေအိပ်မက်: အကုန်ပုံမှန်ပဲတဲ့
နှင်းဆီနီ: ဒါနဲ့ ငါဒီနေ့ ဒီမှာအိပ်မှာနော်
နွေအိပ်မက်: ဘာလို့အိပ်မှာလဲ
ထိုစကားကို ပြောလိုက်သော နွေအိပ်မက် ၏ပုံစံကမလိုလားသောဟန်။
နှင်းဆီနီ: အယ်...ကိုယ့်သူငယ်ချင်းကို ဆေးရုံမှာ ၁ ရက် ၁ လေစောင့်အိပ်ပေးတာဖြစ်လို့လဲ
နှင်းဆီနီ မှာ နွေအိပ်မက် အားအကဲခတ်ကြည့်လိုက်ပီးနောက်၊
နှင်းဆီနီ: နင်ငါ့ကို ဘာတွေဖုံးထားတာရှိလို့လဲ မှန်မှန်ပြောစမ်း
နွေအိပ်မက်: အဲ့လိုမရှိပါဘူး
နှင်းဆီနီ မှာသူမအားမသင်္ကာသလို ၁ ချက်ကြည့်လိုက်ပီး၊
နှင်းဆီနီ: မရှိလဲ ပီးတာပဲ
_______
ခန့်သစ်လွင် ကတော့ဆေးရုံရောက်ထဲက သူ့အားလိုက်ကြည့်နေပါသော သိချင်စိတ်အပြည့်နှင့်မျက်လုံးများကိုလျစ်လျူရှုထားလျက် ကိုယ့်အလုပ်ကိုယ်လုပ်နေလိုက်သည်။ တကယ်တော့ သူ နွေအိပ်မက် ကိုဖွင့်ပြောရန်စဉ်းစားနေခြင်းဖြစ်သည်။ အကယ်၍ သူဖွင့်ပြောပါက နွေအိပ်မက် ကရောလက်ခံပါ့မလား။ သူဆက်ပီး မထိတထိဟိုမရောက်ဒီမရောက်အခြေနေကြီးကို မခံစားနိုင်တော့တာတော့အမှန်ဖြစ်သည်။

YOU ARE READING
ကျွန်တော့်ရဲ့ နွေအိပ်မက်လေး
Romance'နာကျင်မှုတွေ အခက်အခဲတွေမရှိပဲ အချစ်စစ် ၁ ခုကိုရှာမတွေ့နိုင်ဘူး။ အချစ်စစ် ၁ ခုကိုလိုချင်ရင်တော့ နာကျင်မှုနဲ့ အခက်အခဲတွေကိုကျော်ဖြတ်ရမှာပဲ' (Unicode+Zawgyi)