Unicode
နွေအိပ်မက် ဒီနေ့ ၁ နေ့လုံးလဲ ခန့်သစ်လွင် ၏စကားများကိုကြားယောင်နေမိသည်။ သူမစိတ်ထဲ ခန့်သစ်လွင် ကဘာကြောင့် သူမကိုအဲ့လိုပြောလဲဆိုသည့်အကြောင်းကိုသာခေါင်းပေါက်မတတ်စဉ်းစားနေမိသည်။ ထိုအချိန်တွင် တံခါးဖွင့်သံကြားလိုက်ရသဖြင့် နွေအိပ်မက် လှည့်ကြည့်မိသည်။ အခန်းထဲအရင်ဝင်လာသူက နှင်းဆီးနီ။
နှင်းဆီနီ: အိပ်မက် နင့်အဖေရောက်နေတယ်
သူမစကားဆုံးသည်နှင့် နောက်မှ ဦးသိန်းနိုင်ဝင်း လဲလိုက်ဝင်လာတော့သည်။ နွေအိပ်မက် ကသူမအဖေကိုတွေ့သည်နှင့် တပြိုင်နက် တွေးလက်စအတွေးတွေပါရပ်တန့်ကုန်ရသည်။ ဦးသိန်းနိုင်ဝင်း က နွေအိပ်မက် နားသွားလိုက်ကာ၊
ဦးသိန်းနိုင်ဝင်း: သမီး ဘယ်လိုနေလဲ
နွေအိပ်မက်: အဖေ ဘယ်တုန်းကပြန်လာတာလဲ
သူတို့သားအဖစကားစပြောကြသောအခါ နှင်းဆီနီ မှာထွက်သွားနှင့်ပီဖြစ်သည်။
ဦးသိန်းနိုင်ဝင်း: မနေ့ကပြန်လာတာ သမီးအမေနဲ့တွေ့ပီး သမီးအကြောင်းဝင်ပြောဖြစ်သေးတယ်
'အဲ့တာကြောင့် အမေမနေ့က ဒီကိုမလာတာပဲ'
နွေအိပ်မက်: သမီး ဘာမှမဖြစ်ပါဘူး အခုထိ အကုန်အဆင်ပြေနေပါတယ်
ဦးသိန်းနိုင်ဝင်း မှာသက်ပြင်း ၁ ချက်ချရင်း၊
ဦးသိန်းနိုင်ဝင်း: သမီးရယ် အဖေနဲ့အတူဟိုမှာလိုက်မကုချင်ဘူးလား၊ ဒီမှာထက်စာရင် ပိုစိတ်ချရတာပေါ့
နွေအိပ်မက်: သမီး တခြားနိုင်ငံမသွားချင်ဘူး အဖေ၊ ပီးတော့ သမီးဒီမှာကုနေတာလဲ အဆင်ပြေနေတာပဲ
ဦးသိန်းနိုင်ဝင်း: ဒါပေမဲ့ အဖေပြောသလိုပဲ ဟိုမှာက ပိုစိတ်ချရတယ်လေ
နွေအိပ်မက်: သမီး တကယ်အဆင်ပြေနေပါတယ်၊ အဖေနဲ့ မလိုက်ချင်သေးဘူး
ဦးသိန်းနိုင်ဝင်း: အဖေနဲ့လိုက်ရမှာ ဘာလို့အဲ့လောက်မကြိုက်ရတာလဲ
ဦးသိန်းနိုင်ဝင်း မှာနောက်ဆုံးတော့အမေးထုတ်လာခဲ့သည်။ အဖေနဲ့ အမေ က နွေအိပ်မက် ၁၀ တန်းတုန်းကကွဲသွားတာကြောင့် သူမကိုအနှောက်ယှက်ဖြစ်မှာစိုးသဖြင့်အကြောင်းရင်းအားထွေထွေထူးထူးပြောမပြခဲ့သော်လည်း နွေအိပ်မက် ကအားလုံးကိုသိနေခဲ့သည်။ အားလုံးက အဖေ့ရဲ့ အမှားတွေကြောင့်သာ။
နွေအိပ်မက်: အဲ့တာဘယ်သူ့ကြောင့်မို့လို့လဲ
နွေအိပ်မက် အသံတို့ကတုန်ယင်နေသည်။ အဖေက သူ့အမှားကိုဝန်မခံချင်သည့်အပြင် သူမကိုပါအမေ့ဆီကခေါ်သွားချင်နေသည်။ သူမသိနေသည်။ အကယ်၍ သူမသာအဖေနဲ့လိုက်သွားလိုက်ပါက ဒီကိုပြန်လာဖို့ မလွယ်ကူတော့။ ဒါတွေကိုသိနေသဖြင့် သူမငြင်းနေမိခြင်းဖြစ်သည်။ အစကတော့ စိတ်ထဲမှာပဲထားထားပီး အကြောင်းမျိုးစုံပြကာငြင်းဖို့တွေးခဲ့သော်လည်း ခုတော့ပါးစပ်ကထုတ်ပြောမိသွားခဲ့ပီ။
ဦးသိန်းနိုင်ဝင်း: သမီး အကုန်သိနေခဲ့တာလား
နွေအိပ်မက် ကစကားပြန်မပြောတိတ်ဆိတ်နေသည်။ဦးသိန်းနိုင်ဝင်း လဲအခြေနေကိုသဘောပေါက်သွားရပီး၊
ဦးသိန်းနိုင်ဝင်း: အဖေနောက်မှပဲ ထပ်လာတွေ့တော့မယ်
ပြောပီးသည်နှင့် ထထွက်သွားသောအဖေဖြစ်သူအား နွေအိပ်မက် မျက်နှာလွှဲထားလိုက်မိသည်။ အားလုံးကဖြစ်ခဲ့တာကြာပီဖြစ်တာကြောင့် သူမလဲအားလုံးမေ့ကာခွင့်လွှတ်ပေးချင်ပါသည်။ ဒါပေမဲ့ အဲ့လောက်ထိလွယ်ကူမနေခဲ့ပါ။ အဖေအရင်းဖြစ်နေသည့်တိုင် သူမအတွက်အချိန်လိုအပ်နေတုန်းပင်။ သူမအဖေအပြင်ရောက်သွားကာမှ သူမမျက်ဝန်းထဲက မျက်ရည်အချို့ကိုဖိသုတ်လိုက်သည်။ ထိုအဖြစ်အပျက်များကို ၁ ယောက်သောသူကတော့မြင်ဖြစ်အောင်မြင်သွားခဲ့သေးသည်။ ခန့်သစ်လွင် လဲသူမကိုနှစ်သိမ့်ပေးချင်ပါသည်။ သို့သော်လဲ ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။ ခဏကြာတော့ ဆေးစစ်ဖို့သူနာပြုမလေးရောက်လာသောအခါ ခန့်သစ်လွင် ကသူစစ်ပေးလိုက်မည်ဆိုကာ ထိုသူနာပြုကိုအပြင်မှာသာစောင့်နေစေလိုက်သည်။ သူကတော့ အခန်းတံခါးကိုခေါက်လိုက်ကာ အထဲဝင်သွားလိုက်သည်။ နွေအိပ်မက် နားရောက်တော့ နွေအိပ်မက် ကသူ့ကိုလှည့်ကြည့်လာကာပြုံးပြရှာသည်။
နွေအိပ်မက်: အသစ်ကိုယ်တိုင် လာစစ်တာလား
ခန့်သစ်လွင် ပြန်ပြုံးပြကာပြောလိုက်သည်။
ခန့်သစ်လွင်: အင်း လမ်းကြုံနေလို့လေ
နွေအိပ်မက် ၏သူမခံစားချက်သူမ ဖုံးထားနိုင်စွမ်းကတော်ရုံတော့မဟုတ်။ အကယ်၍ ခန့်သစ်လွင် သာခုဏကအဖြစ်အပျက်ကိုမမြင်လိုက်လျှင် သူမကိုပုံမှန်အတိုင်းဟုသာထင်မိလိမ့်မည်။ မျိုသိပ်ထားရတာက နွေအိပ်မက် အတွက်လွယ်တော့မလွယ်ကူပါ။ သူမသူငယ်ချင်းအရင်းကြီးတောင်ထိုအကြောင်းများအားမသိချေ။ တတ်နိုင်သလောက် ကိုယ့်စိတ်ဒဏ်ရာကိုယ်ဖုံးဖိထားခဲ့သည်။ သူမ ၁ ခါမှရည်းစားမထားဘူးဆိုတာကလဲ ထိုအကြောင်းကြောင့်ဖြစ်သည်။ အဲ့လိုဆိုတိုင်း နွေအိပ်မက် က ၁ ယူမသန်ပါ အချစ်စစ်ရှိတာကိုတော့ယုံကြည်နေသေးသည်။ သူမကိုယ်တိုင် မချစ်ကြည့်ရဲရုံတင်ပါ။ သူမအားစစ်ဆေးပေးနေသော ခန့်သစ်လွင် အားသူမလိုက်ကြည့်နေမိသည်။ အလုပ်ကိုအာရုံစိုက်နေပုံက ဆွဲဆောင်မှုရှိလွန်းသည်။ ပထမဆုံးတွေ့ခဲ့တုန်းကအတိုင်းပင်။ ဘာကြောင့်လဲတော့ မသိပေမယ့် သူမရှေ့ရှိထိုသူကိုတော့ ၁ ခါလောက်ယုံကြည်ပေးချင်မိသည်။ ဒါပေမဲ့လဲ သူမ မချင့်မရဲဖြစ်နေတုန်းပင်။
ခန့်သစ်လွင်: ခုဏက ထွက်သွားတာ နွေ့အဖေလား
နွေအိပ်မက်: အသစ် တွေ့လိုက်တာလား
ခန့်သစ်လွင်: ခုဏက ဒီဘက်လျှောက်လာတော့ လှမ်းတွေ့လိုက်တာပါ
နွေအိပ်မက်: ဟုတ်တယ် အဲ့တာ နွေ့အဖေလေ
နွေအိပ်မက် မှာ ၁ ခုခုအားစဉ်းစားမိသွားပီးနောက်၊
နွေအိပ်မက်: အသစ် ၁ ခုလောက်မေးလို့ရလား
ခန့်သစ်လွင်: မေးလေ
ခန့်သစ်လွင် စိတ်ထင်လို့လားမသိ၊ နွေအိပ်မက် မျက်နှာလေးကရဲချင်နေသလိုပင်။
နွေအိပ်မက်: အသစ် မနေ့ညက နွေ့ကိုပြောခဲ့တာတွေက အတည်ပြောတာလား ဟင်
ထိုစကားကိုကြားသောအခါ ခန့်သစ်လွင် ၏မျက်လုံးများကလေးနက်သွားရသည်။
ခန့်သစ်လွင်: ကိုယ့်ကိုမယုံရဲဘူး ဖြစ်နေတာလား
DU LIEST GERADE
ကျွန်တော့်ရဲ့ နွေအိပ်မက်လေး
Romantik'နာကျင်မှုတွေ အခက်အခဲတွေမရှိပဲ အချစ်စစ် ၁ ခုကိုရှာမတွေ့နိုင်ဘူး။ အချစ်စစ် ၁ ခုကိုလိုချင်ရင်တော့ နာကျင်မှုနဲ့ အခက်အခဲတွေကိုကျော်ဖြတ်ရမှာပဲ' (Unicode+Zawgyi)