အပိုင်း-(၂၄)

381 16 0
                                    

Unicode

​မေအိမ့်မှူး: အိမ့်မှူး ​လေ ခန့်သစ် ကိုတကယ်အရမ်းကြိုက်ခဲ့တာ၊ ဒါ​ပေမဲ့ သူက​တော့ အိမ့်မှူး ကိုလက်မခံခဲ့ဘူး​လေ၊ မမ ကိုမြင်​တော့ ခန့်သစ် ဘာလို့ မမကိုသ​ဘောကျလဲ အိမ့်မှူး သိလာသလိုပဲ၊ မမ ကချစ်စရာ​ကောင်းတယ်၊ ​နွေး​ထွေးတယ်​လေ အိမ့်မှူး က​တော့မတူဘူး၊ ဘာမဆို ကိုယ်ဖြစ်ချင်တာကိုပဲ တဇွတ်ထိုးလုပ်တတ်တယ်
​နွေအိပ်မက် က​ ​မေအိမ့်မှူး ​ပြောသမျှကို​ငြိမ်ငြိမ်​လေး နား​ထောင်​နေလိုက်သည်။ ​မေအိမ့်မှူး ကဆိုးတာ​တော့မှန်​ပေမယ့် ​စိတ်ထား​လေး​ကောင်းသည့်ပုံပင်။
​မေအိမ့်မှူး: အိမ့်မှူး က​တွေးထားပီးသားပါ၊ ခန့်သစ် သာသူချစ်ရတဲ့သူ​တွေ့ရင် အိမ့်မှူး ကလက်​လျှော့​ပေးမှာ၊ အဲ့တာ​ကြောင့် မမ ​သေချာ​ပေါက် ခန့်သစ် ကိုလက်လွှတ်မ​ပေးနဲ့​နော်
​နွေအိပ်မက် ကပြုံးလျက်​ခေါင်းညိတ်ပြသည်။
​နွေအိပ်မက်: မမ အိမ့်မှူး ကို​မေးစရာရှိတယ်
​မေအိမ့်မှူး: ​မေး​လေ မမ
​နွေအိပ်မက်: မမ သာအကဲခတ်မမှားရင် အိမ့်မှူး တခြား ၁ ​ယောက်ကိုရင်ခုန်မိ​နေပီ၊ ဟုတ်တယ်မလား
ထိုအ​မေးစကား​ကြောင့် ​မေအိမ့်မှူး ​ကြောင်သွားရသည်။ ​နွေအိပ်မက် အားအံ့ဩ​နေ​သောမျက်ဝန်း ၁ စုံဖြင့်ကြည့်​နေရင်း၊
​မေအိမ့်မှူး: မမ ဘယ်လိုသိတာလဲ
​နွေအိပ်မက် က ၁ ချက်ရယ်လိုက်ရင်း၊
​နွေအိပ်မက်: ခန့်မှန်းလိုက်တာ​ပေါ့၊ ဘာလို့ဆို အိမ့်မှူး ခန့်သစ် ကိုကြည့်တဲ့အကြည့်က ကိုယ့် crush ကိုကြည့်တဲ့အကြည့်နဲ့မတူဘူး​လေ၊ စိတ်လှုပ်ရှားတာ​တွေ၊ တလက်လက်ဖြစ်​နေတဲ့မျက်လုံး​တွေ မရှိဘူး၊ အသိသာဆုံးက​တော့ မမ ကိုကြည့်မရမဖြစ်တဲ့အပြင် အစ်မ ၁ ​ယောက်လိုရင်းရင်းနှီးနှီးစကား​ပြော​နေနိုင်တယ်​လေ
​မေအိမ့်မှူး: အဟဲ မမ ကအကဲခတ်​တော်သားပဲ
​နွေအိပ်မက်: ဒါ​ပေါ့
နှစ်​ယောက်သား စကား​ပြော​ကောင်း​နေကြတုန်း ခန့်သစ်လွင် ကပြန်​ရောက်လာခဲ့သည်။ ​မေအိမ့်မှူး က ခန့်သစ်လွင် ကို ၁ ချက်လှည့်ကြည့်လိုက်ပီး၊
​မေအိမ့်မှူး: ​အေး​ဆေး​နေကြ​နော် အိမ့်မှူး သွား​တော့မယ်
​မေအိမ့်မှူး ထွက်သွားမှ ခန့်သစ်လွင် က​ ​နွေအိပ်မက် ​ဘေးတွင်ဝင်ထိုင်လိုက်ပီး၊
ခန့်သစ်လွင်: အိမ့်မှူး ​နွေ့ကိုဘာ​တွေ​ပြောသွား​သေးလဲ
​နွေအိပ်မက်: ဒီလိုပဲ မိန်းက​လေး​တွေကိစ္စ​ပေါ့
ခန့်သစ်လွင်: ၂ ​ယောက်သား အဆင်​ပြေကြတယ်​ပေါ့
​နွေအိပ်မက်: ဒါ​ပေါ့ ​အိမ့်မှူး ကစိတ်ထားကောင်းပါတယ်
ခန့်သစ်လွင်: အဲ့တာ​တော့ ဟုတ်တယ်
​နွေအိပ်မက် မှာ ခန့်သစ်လွင် ကိုကြည့်​နေရင်းမှ၊
​နွေအိပ်မက်: အသစ် ဒီ​​နေ့ပင်ပန်းလို့လား
ခန့်သစ်လွင်: အင်း ပင်ပန်းတယ်၊ ကိုယ့်ကိုဖက်ပီး အားဖြည့်​ပေး
​နွေအိပ်မက် ပြုံးကာ​ခေါင်းညိတ်ပြလိုက်ပီး သူ့ရင်ခွင်ထဲတိုးဝင်သွားကာ သူ့ကိုဖက်လိုက်သည်။ ခန့်သစ်လွင် ကလဲသူမအား ​နွေး​ထွေးစွာပြန်လည်​ထွေးဖက်ထားလိုက်မိသည်။ နှစ်​ယောက်လုံးရဲ့စိတ်ထဲမှာ​တော့ ဖြစ်နိုင်ရင် ဒီအချိန်​​လေး​တွေကို ရပ်တန့်ထားလိုက်ချင်မိ​တော့သည်။
_______
ဒီ​နေ့​တော့ ​ဒေါ်စံပယ်ဦး က​ဆေးရုံလာ​စောင့်​ပေး​လေသည်။ မနက်စာစား​နေတုန်း ​နွေအိပ်မက် ကစကားစလာသည်။
​နွေအိပ်မက်: အ​မေ...သမီး အ​ဖေနဲ့လိုက်သွားပီး​ဆေးကုချင်တယ်
​ဒေါ်စံပယ်ဦး မှာသူမအားကြည့်လာပီး၊
​ဒေါ်စံပယ်ဦး: ​ကောင်းတာ​ပေါ့ သမီးရယ်၊ အ​မေ သမီးအ​ဖေကို​ပြော​ပေးမယ်​နော်၊ ဟိုမှာကျ​တော့ ​ပိုစိတ်ချရတာ​ပေါ့
​နွေအိပ်မက်: ဟုတ်
_______
​နေ့လည်​လောက်ကျ​တော့ ​နွေအိပ်မက် အ​ဖေ့ဆီကဖုန်းရခဲ့သည်။ ၁ ပတ်အတွင်းသွားရန်စီစဉ်ထားသည်ဟူ၍၊ ​နွေအိပ်မက် ကြိုတွက်ပီးသားပင် သူမဟိုကိုမြန်နိုင်သမျှမြန်မြန်သွားနိုင်ရန် စီစဉ်ကြလိမ့်မည်ဟု။
_______
​နောက်​နေ့ကျ​တော့ နှင်းဆီနီ မှာ​ ​နွေအိပ်မက် ဆီ​ရောက်ချလာပီး ဖက်ကာငို​​လေ​​တော့သည်။
နှင်းဆီနီ: အိပ်မက် နင်သွား​တော့မယ်ဆို၊ မ​နေ့က အန်တီ​ပြောတယ်
​နွေအိပ်မက်: အင်း ဟုတ်တယ်၊ ဟိုမှာသွားကုဖို့ဆုံးဖြတ်လိုက်ပီ
နှင်းဆီနီ: အဲ့အ​ကြောင်း ​ဒေါက်တာခန့်သစ်လွင် ကို​ပြောပီးပီလား
​နွေအိပ်မက်: မ​ပြောရ​သေးဘူး...ငါ...
နှင်းဆီနီ: မပူပါနဲ့ သူနင့်ကိုအပြည့်အဝနားလည်​ပေးမှာပါ
​နွေအိပ်မက်: ငါသိပါတယ်...ဒါ​ပေမဲ့ ဘာလို့လဲမ​သိဘူး တွန့်ဆုတ်​နေတယ်
နှင်းဆီနီ က ​နွေအိပ်မက် ​ကျော​လေးကိုပုတ်ကာနှစ်သိမ့်​ပေး​နေလိုက်သည်။ သူမသူငယ်ချင်းက ဒီရက်အတွင်းသိသိသာသာ ပိန်ကျသွားသည်။ မျက်နှာလဲအရင်လိုမလန်း​တော့ ဖြူ​ဖျော့​နေသည်။ နှင်းဆီနီ သူမကိုကြည့်ရင်း စိတ်မ​ကောင်းဖြစ်မိသည်။ နှင်းဆီနီ တောင်ဒီ​​လောက်စိတ်မ​ကောင်းဖြစ်​နေရင် ခန့်သစ်လွင် ​တော့ဘယ်​လောက်​တောင်စိတ်ပူ​နေလိုက်မလဲ။
_______
ခန့်သစ်လွင် အမှန်တကယ် ​နွေအိပ်မက် ကိုစိတ်ပူ​​နေမိသည်။ ဒီမှာကုတာက သိပ်တိုးတက်မရှိတာသူသိ​နေသည်။ သူမနာကျင်​​နေရတာမြင်တိုင်း သူလည်းပဲ သူမနည်းတူနာကျင်ရသည်ပင်။ ဒါ​ပေမဲ့ သူက ဆရာဝန် ၁ ​ယောက်ဖြစ်​နေ​တော့ လူနာ​တွေ​ရှေ့မှာအား​ပေး​နေကျမို့သာ ပုံမှန်အတိုင်း ​နွေအိပ်မက် ကိုစကား​ပြော​နေနိုင်တာဖြစ်သည်။ လွန်ခဲ့တဲ့ ၁ ရက်လောက်တုန်းက ​နွေအိပ်မက် အ​မေက ​နွေအိပ်မက် ကိုတခြားမှာသွားကု​တော့မည့်ကိစ္စနှင့်ပက်သက်ပီး​ပြောသွားသည်။ ​ဝေးရမှာကိုမကြိုက်​သော်လည်း ​နွေအိပ်မက် အတွက်​တော့ထို​ရွေးခြယ်မှုကပို​ကောင်းသည်မို့ ခန့်သစ်လွင် ဝမ်းသာမိသည်။ အခု​​နောက်ပိုင်း သူလည်းပဲ ​နွေအိပ်မက် လိုဖြစ်လာသည်ထင်သည်။ ရင်ထဲရှိသမျှနာကျင်မှု​တွေကို ထိန်းသိမ်းထားကာ ​နွေအိပ်မက် ​ရှေ့တွင် ပုံမှန်အတိုင်းဖြစ်ရန်ဟန်​ဆောင်​နေတတ်လာသည်။

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးTempat cerita menjadi hidup. Temukan sekarang