Unicode
ခန့်သစ်လွင် မှာသူ့ရှေ့တွင်ထိုင်နေသော နွေအိပ်မက် အားကြည့်လိုက်လျက် သက်ပြင်း ၁ ချက်ချကာမေးလိုက်သည်။
ခန့်သစ်လွင်: အရင်ကကော အဲ့လိုဗိုက်နာတာမျိုးဖြစ်ဖူးလား
နွေအိပ်မက် မှာသေချာစဥ်းစားကြည့်လိုက်ပီးနောက်မှပြန်ဖြေလာသည်။
နွေအိပ်မက်: ဟုတ် အရင်က ၁ ခါ ၁ ခါဖြစ်ဖူးပါတယ်၊ ဒါပေမဲ့ မနေ့ကလောက်တော့မပြင်းထန်ဘူး
ခန့်သစ်လွင်: ဆေးစစ်ချက်အဖြေကထွက်လာပါပီ၊ ပြောရမှာတော့စိတ်မကောင်းပါဘူး...
ခန့်သစ်လွင် မှာပြောရန် ချိတုန်ချတုန် ဖြစ်လို့နေသည်။ နွေအိပ်မက် နေရာတွင် အခြားလူနာ ၁ ယောက်ဖြစ်ခဲ့ပါက သူခုလောက်ထိ ချိတုန်ချတုန် ဖြစ်နေမှာမဟုတ်။ နွေအိပ်မက် ဖြစ်နေတော့သူအလွယ်တကူ မပြောလိုက်ရက်ပါ။ သူက သက်ပြင်း ၁ ချက်ထပ်ချလိုက်ပီးမှပြောလာသည်။ သူ့အသံက ဖျော့တော့လို့နေသည်။
ခန့်သစ်လွင်: လူနာက အသည်းကင်ဆာဖြစ်နေတာပါ
နွေအိပ်မက် ကော နှင်းဆီနီ ပါလန့်ဖြန့်သွားရလျက် ၁ ပြိုင်နက်အသံပြုလိုက်မိကြသည်။
နှင်းဆီနီ၊ နွေအိပ်မက်: ရှင်!
နွေအိပ်မက် မှာကြောင်အလို့နေလျက် ဘာမှထပ်မပြောလာတော့။ နှင်းဆီနီ ကသာသူမအစားဝင်ပြောလာသည်။
နှင်းဆီနီ: ဒေါက်တာ အဲ့တာဆို ကျွန်မတို့ဘယ်လိုလုပ်ရမလဲပြောပါဦး
ခန့်သစ်လွင် မှာချက်ချင်းစကားမပြန်သေးပဲ နွေအိပ်မက် ကို ၁ ချက်ကြည့်လိုက်သည်။ သူမကိုကြည့်ရသည်မှာ ရှော့ရသွားပုံပင်။ ခုချိန်ထိ ဘာမှမတုန့်ပြန်လာ။
ခန့်သစ်လွင်: ရောဂါက အရမ်းအခြေနေမဆိုးသေးတော့ ကုသလို့တော့ရနိုင်ပါသေးတယ်၊ ကင်ဆာဆဲလ်တွေက တခြားအစိတ်အပိုင်းတွေကိုမပျံ့နှံ့သေးတော့ အသည်းအစားထိုး ကုသမယ်ဆိုရင်တော့ပျောက်ကင်းနိုင်ပါတယ်၊ ဒါပေမဲ့...အသည်းအစားထိုးဖို့ကလဲ အလှူရှင်စောင့်ရပါလိမ့်မယ်၊ ဒီကြားထဲမှာတော့ ဆေးရုံတက်ပီး ကုသမှုခံယူနေတာပိုကောင်းပါလိမ့်မယ်
ခန့်သစ်လွင် စကားဆုံးသွားသောအခါမှ နွေအိပ်မက် မှာသူ့အားကြည့်လျက် တိုးလျစွာပြောလာသည်။
နွေအိပ်မက်: ဒေါက်တာ ကျွန်မကိုဘာလုပ်သင့်လဲ စဉ်းစားဖို့ အချိန်နည်းနည်းလောက်ပေးလို့ရမလား
ခန့်သစ်လွင်: ရပါတယ်...ဒါပေမဲ့ အကြာကြီးတော့မစဉ်းစားစေချင်ဘူး...ဘာလို့ဆို ရောဂါကိုအခြေနေမဆိုးခင် ကုသသင့်တယ်
နွေအိပ်မက်: ဟုတ်ကဲ့ပါ ဒေါက်တာ
ဆွေးနွေးပီးနောက် နွေအိပ်မက် မှာထွက်လာခဲ့သည်။ သူမက ကိုယ့်ကိုကိုယ် အားတင်းလိုက်ကာ နှင်းဆီနီ အားပြုံးပြလိုက်သည်။ နှင်းဆီနီ မှာသူမနှင့်ငယ်ငယ်တည်းကပေါင်းလာသောသူငယ်ချင်းဖြစ်ရာ သူမအကြောင်းကိုကောင်းစွာနားလည်သည်။ ခုချိန် သူမပြုံးပြနေတာက နှင်းဆီနီ ကိုစိတ်မပူစေချင်လို့ဖြစ်သည်။ နွေအိပ်မက် ကိုယ်တိုင်ကမူအဆင်ပြေမနေပါ။
နွေအိပ်မက်: ငါတို့ပြန်ရအောင်လေ၊ ဘာလုပ်ရင်ကောင်းမလဲဆိုတာ အမေနဲ့ဆွေးနွေးကြည့်တာပေါ့
နှင်းဆီနီ မှာခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် သူမဖုန်းမှာအသံမြည်လာသည်ဖြစ်ရာ နှင်းဆီနီ ကကိုင်လိုက်သည်။
နှင်းဆီနီ: ဟယ်လို
..........
နှင်းဆီနီ: ငါအခုအပြင်ရောက်နေတယ်လေ
..........
နှင်းဆီနီ: နင်တို့ဒါလေးတောင် မစီစဉ်နိုင်ဘူးလား
..........
နှင်းဆီနီ: အေးအေး ငါကြည့်လုပ်လိုက်မယ် ဒါပဲ
နှင်းဆီနီ ဖုန်းချလိုက်သောအခါ နွေအိပ်မက် ကမေးလာသည်။
နွေအိပ်မက်: ဘာလဲ အရေးကြီးလို့လား
နှင်းဆီနီ: ရပါတယ် နင့်ကိုအရင်ပြန်လိုက်ပို့ပေးမယ်လေ
နွေအိပ်မက်: ငါက ရပါတယ် နင်အရေးကြီးရင် သွားလိုက်ပါ
နှင်းဆီနီ: သေချာလို့လား
နွေအိပ်မက်: ရပါတယ်ဆို
နှင်းဆီနီ: အဲ့တာဆို ငါသွားပီနော် ဂရုစိုက်ဦး
နွေအိပ်မက်: အင်း
နှင်းဆီနီ ထွက်သွားသည်နှင့်တပြိုင်နက် နွေအိပ်မက် မျက်နှာပေါ်မှအပြုံး ၁ စကပျောက်ကွယ်သွားရသည်။ သူမစိတ်ကိုသူမငြိမ်အောင်လုပ်ရန် ၁ ယောက်တည်းနေဖို့လိုအပ်နေသည်။ ထို့ကြောင့်သူမက ကားဆီမသွားသေးပဲ လူရှင်းသော ၁ နေရာတွင်ထိုင်ကာ သူမစိတ်သူပြင်ဆင်ရန်ကြိုးစားရသည်။ ဒီတိုင်းအိမ်ပြန်သွားခဲ့လျှင် အိမ်ပြန်ရောက်လို့အမေ့မျက်နှာမြင်တာနဲ့ ငိုမိမှာသေချာသည်။
_______
တဖက်တွင် ခန့်သစ်လွင် မှာ နွေအိပ်မက် တို့ထွက်သွားပီးနောက် ခဏကြာသောအခါ စိတ်မချသဖြင့်လိုက်လာခဲ့သည်။ ဆေးရုံအပေါက်နားရောက်သောအခါ သူကအပြင်ကိုလှမ်းကြည့်လိုက်လျက်၊
'ပြန်သွားကြပီထင်တယ်'
ဘယ်သူကထင်ထားမည်နည်း သူပြန်ထွက်လာခါနီးမှ ထောင့် ၁ ထောင့်တွင် ဝမ်းနည်းနေသောသူမအားတွေ့လိုက်ရသည်။ ခန့်သစ်လွင် မှာ နွေအိပ်မက် ဆီသို့လျှောက်သွားလိုက်သည်။ သူမဘေးနားတွင်ဝင်ထိုင်လိုက်သည်။
ခန့်သစ်လွင်: အဆင်ပြေရဲ့လား
နွေအိပ်မက် မှာသူ့အားလှည့်ကြည့်လာသည်။ သူမစိတ်ထဲရှိတဲ့အတိုင်းသာဖြေလိုက်မိသည်။
နွေအိပ်မက်: မပြေဘူး၊ အခုအရမ်းကြောက်နေတယ်၊ ဘာလုပ်ရမလဲဆိုတာတောင် မစဉ်းစားတတ်တော့ဘူး
ခန့်သစ်လွင် မှာသူမပုခုံးလေးအားပုတ်ပေးလိုက်မိသည်။
ခန့်သစ်လွင်: မကြောက်ပါနဲ့ ကျန်တော်တို့ အကောင်းဆုံးကြိုးစားပေးမှာပါ၊ ပျောက်သွားတဲ့လူတွေလဲရှိကြပါတယ်
နွေအိပ်မက်: တကယ်လား
ခန့်သစ်လွင်: တကယ်ပေါ့
နွေအိပ်မက် မှာသူမအားနှစ်သိမ့်ပေးနေတဲ့ ထိုလူအားကြည့်နေရင်း မျက်ရည်များဝိုင်းလာသည်။ မျက်လုံးဝိုင်းလေးထဲ မျက်ရည်များပြည့်သွားပီးနောက် ပါးပြင်ထက်သို့စီးကျလာကြတော့သည်။ သူမငိုနေတာကိုမြင်သောအခါ ခန့်သစ်လွင် မှာသူမအား သူ့ပုခုံးပေါ်တွင်မှီစေလိုက်သည်။ လက် ၁ ဖက်က နွေအိပ်မက် ၏ကျောလေးကိုပုတ်ကာ နှစ်သိမ့်ပေးခဲ့သည်။ နွေအိပ်မက် ကရှိုက်သံဖြင့်ပြောလာသည်။
နွေအိပ်မက်: နှစ်သိမ့်ပေးတာ...ကျေးဇူးတင်ပါတယ်
သူတို့ ၂ ယောက်ရဲ့ ၁ ယောက်အပေါ် ၁ ယောက်ထားတဲ့ခံစားချက်မှာ ထိုအချိန်မှစ ပိုလို့လေးနက်လာခဲ့တာသည်။

YOU ARE READING
ကျွန်တော့်ရဲ့ နွေအိပ်မက်လေး
Romance'နာကျင်မှုတွေ အခက်အခဲတွေမရှိပဲ အချစ်စစ် ၁ ခုကိုရှာမတွေ့နိုင်ဘူး။ အချစ်စစ် ၁ ခုကိုလိုချင်ရင်တော့ နာကျင်မှုနဲ့ အခက်အခဲတွေကိုကျော်ဖြတ်ရမှာပဲ' (Unicode+Zawgyi)