အပိုင်း-(၂၀)

326 18 0
                                    

Unicode

'အင်း' ဆိုတဲ့စကား​လေး ၁ လုံးက ခန့်သစ်လွင် ကို ဒီလောက်ထိရင်ခုန်​အောင်လုပ်နိုင်လိမ့်မယ့်လို့ ၁ ခါမှထင်မထားခဲ့မိတာဖြစ်သည်။ ​နောက်ဆုံး​တော့ ​နွေအိပ်မက် ကသူ့ကိုလက်ခံခဲ့ပီဖြစ်သည်။ သူအရမ်း​ပျော်​နေမိတာ​ကြောင့် နှစ်နှစ်ခြိုက်ခြိုက်​ပြုံးလိုက်မိသည်။
ခန့်သစ်လွင်: ​ကိုယ့်ကိုလက်ခံ​ပေးတာ တကယ်​ကျေးဇူးတင်ပါတယ် ​နွေ
ခန့်သစ်လွင် ထိုမျှ​လောက်ထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ ​ပျော်​နေပုံကို ​နွေအိပ်မက် ပထမဆုံးမြင်ဖူးခြင်းဖြစ်​​လေသည်။ ​နွေအိပ်မက် သူ့ကိုသာကြည့်​နေမိ​တော့သည်။ ခန့်သစ်လွင် ကရယ်လိုက်ရင် တကယ်ကိုဆွဲ​ဆောင်မှုရှိသည်။ ​ပြုံးလိုက်တိုင်းလူကို ​ငေးခနဲ ဖြစ်သွား​စေနိုင်သည်။
​နွေအိပ်မက်: တခြားလူနာ​တွေသွားကြည့်​တော့​လေ
​နွေအိပ်မက် လဲရှက်​နေတာနဲ့ ခန့်သစ်လွင် ကိုနှင်လွှတ်ဖို့ကြိုးစားမိ​တော့သည်။
ခန့်သစ်လွင်: အင်းပါ အဲ့တာဆိုကိုယ်သွားပီ​နော်
​ပြောပီး ​နွေအိပ်မက် ​ခေါင်း​လေးကို ၁ ချက်ဖွလိုက်ကာ ထွက်သွား​လေ​တော့သည်။ ခန့်သစ်လွင် အပြင်ထွက်သွား​ကြောင်း​သေချာမှာ ​နွေအိပ်မက် မှာအိပ်ရာ​ပေါ်လှဲချလိုက်ပီး ​ခေါင်းမြီးခြုံလိုက်ကာ၊
​နွေအိပ်မက်: အရမ်း​ချောတာပဲ၊ ခုချိန်ထိရင်​တွေခုန်​နေတုန်းပဲ
_______
ခန့်သစ်လွင် က​တော့ အခန်းတံခါး​ရှေ့မှာရပ်မိလျက်ပြုံးမိသည်။
'ချစ်စရာ​လေးကွာ'
ပီးမှသာ ထို​နေရာမှထွက်လာခဲ့​တော့သည်။
_______
ည​နေ​​လောက်​ရောက်​တော့ ​မေအိမ့်မှူး ကအချိန်မှန်ကိုသူ့အားလာ​ခေါ်​လေ​တော့သည်။
​မေအိမ့်မှူး: ခန့်သစ် အိမ့်မှူး တို့သွားရ​အောင်​လေ
ခန့်သစ်လွင်: အင်း
ခန့်သစ်လွင် မှာ​တော့ ​မေအိမ့်မှူး စိတ်ချမ်းသာ​အောင် လိုက်လာခြင်းသာဖြစ်​လေသည်။ မဟုတ်ရင် သူ့ကို​​နှောက်ယှက်နေမှာသူသိသည်။ သူတို့ထွက်လာချိန်တွင် ရဲရင့်​သွေး နှင့်​တွေ့မိသဖြင့် ခန့်သစ်လွင် ၁ ​ယောက် ပြိုကျ​နေ​သောအ​ဆောက်ဦး​အောက်ပိတ်မိ​နေချိန် ကယ်ဆယ်​ရေးကို​တွေ့လိုက်ရသလိုခံစားလိုက်ရသည်။ ရဲရင့်​သွေး ကလဲ သူ့သူငယ်ချင်းအား​တွေ့လိုက်သည်နှင့် ထိုခံစားချက်ကိုရိပ်မိပုံ​ပေါ်​လေသည်။ ချက်ချင်း သူတို့ဆီ​လျှောက်လာလျက်၊
ရဲရင်​သွေး: အိမ့်မှူး နင်တကယ်ကြီး ​ဆေးရုံထိ​ရောက်​နေတာပဲ
​မေအိမ့်မှူး: ဒါ​ပေါ့
ရဲရင့်​သွေး: ဒါနဲ့ ဘယ်သွားကြမလို့လဲ
​မေအိမ့်မှူး: ခန့်သစ် နဲ့ည​နေစာတူတူသွားစားမလို့​လေ
ရဲရင့်​သွေး: နင့်ထက်အကြီးကို အကိုဖြစ်ဖြစ် ကိုခန့်သစ် ဖြစ်ဖြစ်​ခေါ်​လေ ဘယ်လိုဖြစ်လို့ နာမည်ပဲ​ခေါ်​နေတာလဲ
​မေအိမ့်မှူး ကသူ့အစ်ကိုအား ပွားလွန်းတယ်ဟူ​သောအကြည့်ဖြင့်ကြည့်လိုက်ပီး​နောက်၊
​မေအိမ့်မှူး: အိမ့်မှူး ဘာသာ​ခေါ်ချင်သလို​ခေါ်မှာ​ပေါ့
ရဲရင့်​သွေး: ​အေးပါဟာ နင်တို့အခုည​နေစာသွားစားမှာမလား ငါလဲလိုက်မယ် ငါလဲမစားရ​သေးဘူး
​မေအိမ့်မှူး ကလက်မခံချင်သလိုကြည့်လာ​သောအခါ ရဲရင့်​သွေး က ခန့်သစ်လွင် ဆီအကြည့်​ပြောင်းလိုက်လျက် အချက်ပြလိုက်သည်။
ခန့်သစ်လွင်: လိုက်ခဲ့​လေ ၁ ခါတည်းတူတူသွားစားကြတာ​ပေါ့
ခန့်သစ်လွင် ကိုယ်တိုင်က ရဲရင့်​သွေး အားလိုက်ခဲ့ရန် ​သ​ဘောတူ​နေသောအခါ ​မေအိမ့်မှူး ကဘာမှ​တော့မ​ပြော​တော့​သော်လည်း ​သိပ်​တော့​ကျေနပ်ပုံမ​ပေါ်ပါ။
ရဲရင့်​သွေး က​တော့​အောင်သူအပြုံးနှင့် သူ့ညီမကို ၁ ချက်ကြည့်လိုက်ရင်း၊
ရဲရင့်​သွေး: အဲ့တာဆို သွားကြမယ်​လေ
သူတို့​ဆေးရုံ​ရှေ့​ရောက်ကာမှ မိုးကလဲမ​ပြောမဆိုရွာကျလာ​တော့သည်။ လျှပ်စီး​တွေလည်း ၁ ချက် ၁ ချက်လက်​သေးသည်။ ထိုအချိန် ခန့်သစ်လွင် စိတ်ထဲ​တွေးမိတာက ​နွေအိပ်မက် ကိုပင်ဖြစ်​လေသည်။ ထို​ကောင်မ​လေးက ခု​နောက်ပိုင်းသူ့ကိုလာ​စောင့်​​​ပေးမဲ့လူမရှိလျှင် သူနာပြုကိုပင် ​စောင့်မအိပ်ခိုင်း​တော့ပါ။ ကြည့်ရတာ ​နေရာနဲ့အသားကျသွားလို့ထင်သည်။ ခုလို မိုး​တွေရွာ လျှပ်စီး​တွေလက်နဲ့ ၁ ​ယောက်ထဲဘယ်လို​နေ​နေလဲမသိ။
ခန့်သစ်လွင်: မင်းတို့ပဲ သွားလိုက်ကြ​တော့ ငါခုမှလုပ်စရာ​လေးသတိရလာလို့
​ပြောပီးသည်နှင့်ထွက်သွားတာ​ကြောင့် ရဲရင့်​သွေးနှင့် ​မေအိမ့်မှူး​ တောင်ဘာမှပြန်​ပြောချိန်မရလိုက်​ချေ။ ​မောင်နှမ ၂ ​ယောက်အချင်းချင်းသာကြည့်​နေမိ​တော့သည်။
_______
ခန့်သစ်လွင် က​တော့ ​နွေအိပ်မက် အခန်းဆီလာခဲ့သည်။ အခန်း​ရှေ့​ရောက်​တော့ မဝင်​သေးဘဲ အထဲကိုအရင် ၁ ချက်ကြည့်မိ​တော့ ​ခေါင်းမြီးခြုံကာ မျက်နှာ​လေးတင်​ဖော်ထားပီး ပြတင်း​ပေါက်ကို​​ကျော​ပေးအိပ်​နေ​သော ​နွေအိပ်မက် ကို​တွေ့လိုက်ရသည်။ ခန့်သစ်လွင် လဲအထဲသို့အသာဝင်လာလိုက်​ပီး သူမဆီ​လျှောက်သွားလိုက်ကာ လက်က​လေးကိုကိုင်လိုက်မိ​တော့ လန့်သွားလို့ထင်သည် အနည်းငယ်တုန်သွားရသည်။ ပီးမှ မျက်လုံး​တွေဖွင့်လာပီး သူ့ကိုကြည့်လာသည်။
​နွေအိပ်မက်: အသစ်လား
​နွေအိပ်မက် အသံတိုးလျလျ​လေးထွက်လာသည်။
ခန့်သစ်လွင်: ​ကြောက်​နေရင် ဘာလို့မီးထမဖွင့်တာလဲ
​နွေအိပ်မက်: မီးထဖွင့်ချင်ပါတယ်၊ ဒါ​ပေမဲ့ ခုဏကအိပ်မက်ဆိုးမက်​တော့ ထဖို့မရဲဘူးဖြစ်​နေတာ
ခန့်သစ်လွင် ကသက်ပြင်း ၁ ချက်ချလိုက်ရင်း ကိုယ်တိုင်မီးထဖွင့်​ပေးလိုက်ရသည်။ ပီးမှ ​နွေအိပ်မက် နားပြန်လာထိုင်ကာ၊
ခန့်သစ်လွင်: ဘာအိပ်မက်ဆိုးမက်လို့လဲ
​နွေအိပ်မက် က​ခေါင်း​လေးအသာရမ်းပြရင်း၊
​နွေအိပ်မက်: ​နွေ လဲမမှတ်မိ​တော့ဘူး နိုးလာ​တော့အရမ်း​ကြောက်​နေတာပဲသိတယ်၊ ​နွေ့ ဦး​နှောက်ကအဲ့လို​ကောင်းတာ
​ပြောရင်း သူမဘာသာသူမရယ်​နေလိုက်​သေးသည်။ ခုဏက​ကြောက်​နေတာ သူမ မဟုတ်သည့်အတိုင်းပင်။ ခန့်သစ်လွင် လဲအသည်းယားလာသဖြင့် သူမပါး​​ဖောင်း​ဖောင်းလေးကို မနာ​အောင်ခပ်ဖွဖွဆွဲလိုက်သည်။
ခန့်သစ်လွင်: လူရှိ​နေ​တော့ မ​ကြောက်​တော့ဘူးလား၊ သူကရယ်​တောင်​နေလိုက်​သေး
​နွေအိပ်မက် ​ခေါင်းတဆက်ဆက်ညိတ်ပြ​နေပုံ​လေးကလဲ အလွန်ချစ်စရာ​ကောင်း​နေပြန်သည်။

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးWhere stories live. Discover now