အပိုင်း-(၁၇)

316 17 0
                                    

Unicode

​နွေအိပ်မက် ကသူ့အားတိတ်ဆိတ်စွာကြည့်​နေသည်။ ခန့်သစ်လွင် ကသူမမျက်လုံး​တွေကိုစူးစိုက်ကြည့်ကာ အ​လေးအနက်​ပြောလာသည်။
ခန့်သစ်လွင်: မင်းကိုယ့်ကို ယုံကြည်လာနိုင်တဲ့ထိ ကိုယ်​စောင့်နိုင်ပါတယ်
​နွေအိပ်မက် လဲပဲသူ့ရဲ့မျက်ဝန်း​​တွေထဲကိုကြည့်​နေမိသည်။ ထိုမျက်ဝန်း​တွေက သူမကိုမလိမ်ညာ​ကြောင်း​ပြောပြ​နေကြသည်။ သို့တိုင် ​နွေအိပ်မက် ၏မ​ရေမရာဖြစ်​နေမှုအ​ပေါ်သက်​ရောက်မှုမရှိခဲ့​ချေ။
​နွေအိပ်မက်: ​အသစ် ဘာလို့ ​နွေ့ အ​ပေါ်ဒီ​လောက်​ကောင်း​ပေးရတာလဲ အသစ် ​နွေ့ ကိုချစ်မိရင် အနည်းနဲ့ အများ​တော့နာကျင်ရမယ်ဆိုတာ မသိဘူးလား
ခန့်သစ်လွင်: ကိုယ်က နာကျင်ရမှာထက် ​နောင်တရမှာကို​ပိုကြောက်တယ်၊ ​နွေ့ ကိုကိုယ်ဂရုစိုက်​ပေးလို့ရ​နေရက်နဲ့ သူရဲ​ဘော​ကြောင်ပီး ​ရှောင်​ပြေးလိုက်ပီးမှ ​နောင်တရမှာကိုပို​ကြောက်တယ်
ခန့်သစ်လွင် ရဲ့စကား​တွေကို ​နွေအိပ်မက် ဂရုတစိုက်နား​ထောင်​နေမိသည်။ ခန့်သစ်လွင် က ၁ ​နေ့သူမကိုအခုလို​ပြောလာလိမ့်မည်ဟု သူမတကယ်ထင်မထားခဲ့တာဖြစ်သည်။ ခန့်သစ်လွင် မှာပစ္စည်း​တွေသိမ်းလိုက်ရင်း၊
ခန့်သစ်လွင်: မင်းလိုအပ်တာရှိရင် ​ခေါ်လိုက်​နော်၊ ကိုယ်လူနာ​တွေသွားကြည့်​ပေးလိုက်ဦးမယ်
​နွေအိပ်မက်: အင်း
ခန့်သစ်လွင် လဲထွက်လာခဲ့​တော့သည်။ ​နွေအိပ်မက်က​တော့ အဖြူ​ရောင်ဂျူတီကုတ်နဲ့ ​နောက်​ကျောပြင်​လေး​ပျောက်ကွယ်သွားသည်အထိလိုက်ကြည့်​နေရင်းကျန်ခဲ့​တော့သည်။ ထိုအချိန်ခဏ​လေးအတွင်းမှာ သူမပြန်​တွေးမိလာသည်။ သူမတကယ်ပဲဘာကို​ကြောက်​နေတာလဲ သူ့ကိုယုံရမှာကိုလား ဒါမှမဟုတ် သူနာကျင်ရမှာကိုလား။
_______
ညဘက်​ရောက်လာ​​တော့ ​နွေအိပ်မက် လဲသန့်ရှင်း​ရေးလုပ်ပီး ကုတင်​ပေါ်ထိုင်လိုက်​သောအခါ ဗိုက်ထဲမှနာကျင်မှုကိုခံစားလာရသည်။ ထိုနာကျင်မှုကို စကားလုံးဖြင့်​တောင်​ဖော်ပြ၍မရနိုင်ပါ။ နာကျင်လွန်းသဖြင့် ​ချွေး​​စေးတွေပါပြန်လာရသည်။ သူမအန်ကြိတ်ပီး သူနာပြုကိုလှမ်း​ခေါ်လိုက်သည်။ ပီး​နောက် ကုတင်​ပေါ်တွင် ​ခွေ​ခွေလဲကျသွားသည်။ ခဏကြာ​တော့ သူနာပြုမ​လေး​​တွေနဲ့အတူ ခန့်သစ်လွင် လဲသူမဆီအ​ပြေး​ရောက်လာခဲ့သည်။ နာကျင်လွန်းသဖြင့် ကုတင်​ပေါ်တွင် သတိလွတ်ချင်​နေ​သောသူမအား ခန့်သစ်လွင် က​​ခေါ်လာသည်။
ခန့်သစ်လွင်: ​နွေ...​နွေ...သတိထားပါဦး!
​နွေအိပ်မက်: နာ...နာတယ်
ခန့်သစ်လွင်: ကိုယ်​ရောက်လာပီ​နော်၊ ဘာမှမဖြစ်​တော့ဘူး ခဏ​နေသက်သာသွားလိမ့်မယ်
​နွေအိပ်မက် ကသူ့အား​ဖျော့တော့စွာ ​ခေါင်းညိတ်ပြရုံသာတတ်နိုင်​တော့သည်။ ခဏကြာ​တော့သူမလဲ လုံးဝသတိလစ်သွားခဲ့သည်။
_______
​နွေအိပ်မက် မျက်လုံး​တွေကိုအားယူကာ တဖြည်းဖြည်းချင်း ဖွင့်ကြည့်လာသည်။ သူမ နာကျင်မှုကိုမခံစားရ​တော့ပါ။ သို့​ပေမဲ့ သူမအရမ်းအားနည်း​နေသလိုပင်။ ထိုစဉ်လက် ၁ ဖက်က​နွေး​တွေးတဲ့အထိအ​တွေ့​ကြောင့် သူမလှည့်ကြည့်မိသည်။ ခန့်သစ်လွင် ကသူမလက်​လေး ၁ ဖက်ကိုကိုင်​ပေးထားရင်း ကုတင်​ပေါ်​ခေါင်းတင်ကာအိပ်​ပျော်​နေသည်။ ​နွေအိပ်မက် သူ့ကို​သေချာကြည့်​မိသည်။ ​ချော​မောလွန်းတဲ့မျက်နှာက အိပ်​ပျော်​နေ​တော့ ၁ မျိုးဆွဲ​ဆောင်မှုရှိ​နေပြန်သည်။ သူမကို​နွေး​နွေး​ထွေး​ထွေးကြည့်​နေကျမျက်လုံးအစုံတို့ကမှိတ်ထားကြသည်။ ​သူမလဲအချိန်အကြာကြီးသတိလက်လွတ်ကြည့်​နေမိခဲ့သည်။ ခဏ​နေ​တော့ အိပ်​နေသူက မျက်ခုံး​​တွေ ၁ ချက်တွန့်ချိုးရင်းနိုးလာသည်။ သူ့မျက်လုံး​တွေဖွင့်လာ​သောအခါ သူမနှင့်အကြည့်ချင်းဆုံသွားရသည်။သူမလဲ​ကြောင်ကြည့်​နေလျက် ဘာပြန်​ပြောရမှန်းမသိ။ သူကသာထလာပီး ​မေးလာသည်။
ခန့်သစ်လွင်: ​နွေ သက်သာလား
​နွေအိပ်မက်: အင်း
​နွေအိပ်မက် ကိုကြည့်ရတာအ​နေခက်​နေပုံ​ပေါ်တာ​ကြောင့်၊
ခန့်သစ်လွင်: မင်းကိုယ့်​ကြောင့်​နေရခက်​နေရင် ကိုယ်သူနာပြု ၁ ​ယောက်လွှတ်​ပေးမယ်​လေ
​ပြောပီး သူမလက်ကိုလွှတ်ကာထွက်သွားမယ်လုပ်​နေ​သောသူအား ​နွေအိပ်မက် ကပဲပြန်ဆွဲထားလိုက်ရသည်။ ခန့်သစ်လွင် ကသူ့လက်ကိုဆွဲထား​သောသူမလက်အားလှည့်ကြည့်လိုက်ပီးမှ သူမကိုကြည့်ကာ၊
ခန့်သစ်လွင်: ဘာဖြစ်လို့လဲ ​နွေ
​နွေအိပ်မက် ကတိုးလျစွာ​ပြောလာသည်။
​နွေအိပ်မက်: ​နွေ ​နေရမခက်ပါဘူး၊ အသစ် ပဲ ​​နွေ့ ကို ဒီည​စောင့်​ပေးပါ​နော်
ခန့်သစ်လွင် ကသူမလက်ကိုပြန်ဆုပ်ကိုင်လိုက်ရင်း ပြန်ထိုင်လိုက်ပီး၊
ခန့်သစ်လွင်: အဲ့တာဆို ကိုယ်​နေ​ပေးပါ့မယ်၊ စိတ်ချလက်ချအိပ်လိုက်​နော်
​နွေအိပ်မက်: အင်း
ပီး​နောက် သူမမျက်လုံးဝိုင်းဝိုင်း​တွေကိုပြန်မှိတ်သွားသည်။ ခဏကြာ​တော့ ​နွေအိပ်မက် ဆီမှအသက်ရှူသံမှန်မှန်ထွက်လာပီး နှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်သွား​တော့သည်။ ခန့်သစ်လွင် ကလွတ်​နေတဲ့ လက် ၁ ဖက်နဲ့ သူမဆံပင်လေး​တွေကိုသပ်​​ပေးလိုက်​တော့ သူ့ဘက်လှည့်လာပီး ကိုင်ထားတဲ့လက်ကိုဖက်အိပ်လာသည်။ ခန့်သစ်လွင် လဲပြုံးမိရင်း သူမနဖူး​လေးကိုအသာအယာငုံ့နမ်းလိုက်သည်။
ခန့်သစ်လွင်: မင်းကမင်းကိုယ်မင်း အရမ်းထိန်းချုပ်လွန်းတယ် ​နွေ၊ ကိုယ့်အတွက်ခံစားချက်​တွေကို​တော့ မထိန်းချုပ်ထားလို့မရဘူးလား
_______
​ဒီ​နေ့အတွက် လာ​စောင့်ဖို့အလှည့်ကျသူက​တော့ ​အောင်သူရ ပဲဖြစ်ပါ​တော့သည်။ ​နွေအိပ်မက် စိတ်ပျက်လက်ပျက်နဲ့ သူမအတွက်မနက်စာပြင်​ပေးနေ​သော အကိုဝမ်းကွဲ ဖြစ်သူအားလိုက်ကြည့်​နေမိသည်။ ​နွေအိပ်မက် ၏အကြည့်များကိုသတိထားမိ​သော​အခါ၊
​အောင်သူရ: အိပ်မက် ငါ့ကိုဘာလို့ အဲ့လိုကြီးကြည့်​နေတာလဲ၊ ရုပ်က​သေ​တော့မလိုနဲ့
​နွေအိပ်မက်: ကိုကို! စကားကို​ကောင်း​ကောင်း​ပြော၊ လူနာ​ရှေ့မှာဘာ​တွေလာ​ပြော​နေတာလဲ၊ ပီး​တော့ ဘာလို့ ဒီ​နေ့ ကိုကိုလာတာလဲ
​အောင်သူရ: ငါလာတာ ဘာဖြစ်လို့လဲ...ဘာလဲ...ဟို ​ဒေါက်တာ​လေး ကမကြိုက်လို့လား

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးOnde histórias criam vida. Descubra agora