အပိုင်း-(၃)

626 28 0
                                    

Unicode

Maple ​ဆေးရုံသို့ ​နွေအိပ်မက် နှင့်သူမ၏လက်​ထောက်မှာ​ရောက်လာခဲ့​သည်။ အ​ရေး​ဖော်ခန်းသို့သွားလိုက်​သောအခါ သူနာပြု ၁ ​ယောက်မှာ သူမအား ကုတင်​ပေါ်တွင်ထိုင်ကာ​စောင့်စေလျက် ဆရာဝန်အားသွား​ခေါ်​သည်။ ခဏကြာ​သောအခါ ထိုသူနာပြုနှင့်အတူ mask တပ်ထား​သော ဆရာဝန်​ ၁ ​ယောက်​ရောက်လာခဲ့သည်။ ​နွေအိပ်မက် မှာထိုဆရာဝန် အားလိုက်ကြည့်​​နေမိသည်။ အသက်မှာသူမနှင့်မတိမ်းမယိမ်းရှိ​လောက်မည်။ Mask တပ်ထားတာ​တောင်​​ချောမှန်းအရမ်းသိသာသည်။ ထိုဆရာဝန် မှာသူမဒဏ်ရာအားကြည့်လိုက်ပီး​နောက်​မေးလာသည်။
ခန့်သစ်လွင်: ဘာနဲခြစ်မိတာလဲ
​နွေအိပ်မက် ၁ ​ယောက်အ​ငေးလွန်​နေသဖြင့်ပြန်​ဖြေဖို့​မေ့လို့​နေသည်။ သူမလက်​ထောက်ကသာသူမအစားဝင်​ဖြေ​​ပေးရသည်။
လက်​ထောက်: သံ​ချောင်းနဲ့ပါ ​ဒေါက်တာ
ခန့်သစ်လွင် မှာလက်​ထောက်အားကြည့်ပီး​နောက် ​နွေအိပ်မက် ဆီအကြည့်​​ရွှေ့လိုက်​သောအခါ မျက်လုံး ၂ ခုအကြည့်ချင်းဆုံသွားရ​သည်။ ​နွေအိပ်မက် မှာအနည်းငယ်ရှက်သွားသဖြင့် မျက်နှာ​လေးက ပန်းနု​ရောင်သန်းသွားသည်။ ခန့်သစ်လွင် မှာ​တော့သူမအားကြည့်ကာပြုံးမိသည်။
'သူငါ့ကို​​ငေး​နေတာပဲ'
Mask တပ်ထားသည့်တိုင် သူ၏မျက်လုံး​လေးများကပြုံးရိပ်သန်းလို့​နေသည်။ ခန့်သစ်လွင် အစက​သေချာမကြည့်မိ​သော​ကြောင့်သတိမထားမိ။ အခု​သေချာကြည့်မိ​သောအခါမှ ဒီလူနာမှာ နှုတ်ခမ်းဖူးဖူး၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံ​ပေါ်​ပေါ် နှင့်​ချစ်စရာ​ကောင်းသည့်အထဲတွင်ပါသည်။ ထို့အပြင် သူမ၏ဆံပင်များမှာ အ​ရောင်ဆိုးထားတာမျိုးလုံးဝမရှိ​။ ခန့်သစ်လွင် က ​နွေအိပ်မက် ဆီမှအကြည့်ကိုလွှဲလိုက်ပီးမှာ ဒဏ်ရာကို​ဆေးထည့်ရန်ပြင်ဆင်ကာ​ပြောလာသည်။
ခန့်သစ်လွင်: သံ​ချောင်းနဲ့ခြစ်မိတာဆို​တော့ ​မေးခိုင်ပိုးကာကွယ်​ဆေး​တော့ထိုးရမယ်၊ ဒဏ်ရာက​တော့သိပ်မနက်ဘူး အဲ့တာ​ကြောင့်​ဆေးထည့်ပီး ပတ်တီးစည်း​ပေးလိုက်မယ်၊ အနာသက်သာ​အောင် ​သောက်​ဆေးနဲ့ လိမ်း​ဆေးလဲ​ပေးလိုက်မယ်
စကားဆုံး​သောအခါမှ တချိန်လုံးအသံတိတ်​နေခဲ့​သောသူမဆီမှ စကား​ပြောသံကိုပထမဆုံးကြားခဲ့ရသည်။
​နွေအိပ်မက်: ဟုတ်ကဲ့ ​ကျေးဇူးတင်ပါတယ် ​ဒေါက်တာ
​ဆေးထည့်ရန်အတွက် ခန့်သစ်လွင် မှာအနာကိုသန့်ရှင်းရန် အရင်ဆုံးအရက်ပြန်ဆွတ်ထား​သောဂွမ်းကိုညှပ်ဖြင့်ယူမိ​သောအခါ ​​နွေအိပ်မက် ဆီမှအသံထွက်လာပြန်သည်။
​နွေအိပ်မက်: ခဏ​​လေး​...​ဒေါက်တာ နာမှာလားဟင်
သူ့အားမျက်လုံးဝိုင်း​လေးဖြင့်ကြည့်ကာ​မေးလာခြင်းဖြစ်သည်။ ခန့်သစ်လွင် ​နောက် ၁ ကြိမ်ပြုံးမိပြန်သည်။ ​ဆေးထည့်လျှင်နာသော​ကြောင့် ရုန်းကန်​သောလူနာများ၊ ​အော်ဟစ်​သောလူနာများ အားသူကြုံဖူးပါသည်။ ​နွေအိပ်မက်ကဲ့သို့ ​ဆေးမထည့်ခင် အရက်ပြန်​လေး​တောင်မထိရ​သေးခင် မျက်နှာငယ်​လေးဖြင့်​​တော့ ဘယ်သူမှမ​မေးဖူး။ သူမက ချစ်စရာ​​ကောင်းလို့​နေသည်။ ခန့်သစ်လွင် က​ချော့​ပြောရသည်။
ခန့်သစ်လွင်: နဲနဲ​တော့နာမယ် ​သည်းခံ​ပေး​နော် မကြာပါဘူး
​နွေအိပ်မက်: ဟုတ်ကဲ့
​ဆေးထည့်​ပေး​​သောအခါ ​နွေအိပ်မက် မှာ​ကောင်း​ကောင်းသည်းခံပါသည်။ ရုန်းတာမျိုးလဲမရှိ​ချေ။
ခန့်သစ်လွင်: ​ဆေးထည့်လို့ပီးပီ​နော်
​နွေအိပ်မက် မှာသူမ​ခြေ​ထောက်သူမကြည့်ကာ​မေးလာပြန်သည်။
​နွေအိပ်မက်: ​ဒေါက်တာ အမာရွတ်ကျန်မှာလားဟင်
ခန့်သစ်လွင်: ​ဆေးသာပုံမှန်လိမ်း​ပေးလိုက်ပါ အမာရွတ်မကျန်ပါဘူး
သူ့ကိစ္စပီး​သောအခါ ခန့်သစ်လွင် မှာထွက်သွား​​​တော့သည်။ ​နွေအိပ်မက် က​တော့ duty coat ဝတ်ထား​သော သူ့​နောက်​ကြောအား​လိုက်​ငေး​နေမိသည်။
​'Mask တပ်ထားတာ​တောင် ဒီ​လောက်ကြည့်လို့​ကောင်းတာ mask ​အောက်ကမျက်နှာ​လေးက​ရောဘယ်လို​နေလဲမသိဘူး'
လက်​ထောက်: မ​နွေအိပ်မက် သွားရ​အောင်
ထိုအခါမှသာ ​နွေအိပ်မက် မှာသတိပြန်ဝင်သွားလျက်၊
​နွေအိပ်မက်: ဪ...​အေး
သူမလဲ ရုံးသို့ပြန်မသွားဘဲ အိမ်သို့သာတန်းပြန်လာခဲ့သည်။
_______
နားချိန်ရ​သောအခါ ခန့်သစ်လွင် မှာ​နား​နေခန်းထဲတွင်ထိုင်​နေရင်း ​နေ့လည်ကထို​ကောင်မ​လေးအ​ကြောင်း ​တွေးမိသည်။
'ချစ်စရာ​လေးပဲ ငါ​ဆေးအပီး​ပေးလိုက်မိတာ​တောင် ​နောင်တရချင်တယ်'
သူအ​တွေးကမ္ဘာထဲ​ရောက်​နေစဉ် ​ဒေါက်တာရဲရင့်​သွေး မှာလဲနား​နေခန်းထဲ ဝင်လာရပီး သူထိုင်​နေ​သော စားပွဲအား 'ဒုန်း' ခနဲထုလိုက်သည်။ ခန့်သစ်လွင် ၁ ​ယောက်လန့်သွားရသည်။
ခန့်သစ်လွင်: လန့်လိုက်တာ မင်းကလဲ
ရဲရင့်​သွေး: ဘာ​တွေစိတ်ကူးယဉ်​နေတာလဲ
ခန့်သစ်လွင်: ဘာမှမဟုတ်ဘူး
ရဲရင့်​သွေး မှာသူ့အားမယုံသင်္ကာဖြင့်ကြည့်လာပီး​နောက်၊
ရဲရင့်​သွေး: ​​​သေချာလို့လား
ခန့်သစ်လွင်: ငါကဘာကိုစိတ်ကူးယဉ်ရမှာလဲ
ရဲရင့်​သွေး: ဘာမှမဟုတ်လဲပီးတာပဲ၊ ငါဝင်လာ​တော့ မင်းမျက်နှာကြီးကပြုံး​​နေတာကိုး၊ အဲ့တာ​ကြောင့်​မေးကြည့်တာ
ည​နေ ၆း၀၀ ထိုး​သောအခါ ခန့်သစ်လွင် မှာအိမ်ပြန်လာခဲ့သည်။ ​ရေမိုးချိုးပီး ညစာကို​တော့ အ​​ဖေ၊ အ​မေ တို့နှင့်အတူစားလိုက်သည်။ သူက rank ​ဆော့ရန်ချိန်းထားသဖြင့်ဂိမ်းထဲသို့ဝင်လာခဲ့သည်။ Online တွင် Spring ကိုမ​တွေ့။ နာရီကိုကြည့်လိုက်​​သောအခါ ၈ နာရီထိုးသာရှိ​​သေးသည်။ ​စော​သေးသဖြင့် လိုင်း​ပေါ်တွင်မရှိ​​သေးတာဖြစ်လိမ့်မည်။ သူလဲ​စောင့်ရင်း classic ​လေး ၁ ပွဲ ၂ ပွဲ​လောက်​ဆော့​​ရန်ဆုံးဖြတ်လိုက်သည်။ ၃ ပွဲ​လောက်ကစားပီးသွားသည့်တိုင်​ပေါ်မလာ။ နာရီကိုကြည့်မိ​တော့ ၉ နာရီ​တောင်ကျော်​နေပီ။ ဒါနဲ့ပဲ သူလိုင်း​ပေါ်ကဆင်းရန်ပြင်လိုက်မိသည်။
_______
​နွေအိပ်မက် မှာ​တော့အိမ်ပြန်​ရောက်ထဲက​ဆေး​သောက်ကာ အိပ်​​ကောင်း​ကောင်းဖြင့် အိပ်​ပျော်​နေခြင်းဖြစ်သည်။ ​​တော်​တော်ကြာကြာ အိပ်မိသွားသည်ထင်သည်။ သူမနိုးလာ​တော့ ည​ ၇ နာရီ​တောင်ခွဲ​နေပီ။ သူမလဲနိုးတာနဲ့ သန့်ရှင်း​ရေးလုပ်ပီး ညစာကို​အေး​ဆေးစား​နေလိုက်​သေးသည်။ ဇာတ်လမ်းတွဲ​တောင်ကြည့်လိုက်​သေး။ သူမ အခန်းထဲပြန်ဝင်လာ​သောအခါ ၉ နာရီ​​တောင်ခွဲခါနီး​နေပီ။ ထိုအချိန်မှ သူမ rank ​ဆော့ရန် ချိန်းထား​ကြောင်းသတိရသွားလျက် ဂိမ်းထဲအမြန်ဝင်ကြည့်လိုက်သည်။ ​တော်​သေးသည်။ online တွင် King ရှိ​သေးသည်။ ဒါနဲ့ပဲ သူမစာပို့လိုက်သည်။
Spring: 'sorry i'm late'
King: 'it's ok, let's play rank'
Spring: 'ok'

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးWhere stories live. Discover now