အပိုင်း-(၁၅)

325 16 0
                                    

Unicode

ဒီ​နေ့ ၁ ​နေ့လုံး ​နွေအိပ်မက် ခန့်သစ်လွင် နှင့်မ​တွေ့ရ​သေး​​ချေ။ ​တွေ့ချင်တဲ့လူကိုမ​တွေ့ရ​၍လားမသိ၊ ရင်ထဲမှာ ၁ ခုခုလို​နေသလိုခံစားရသည်။ အရင်​နေ့​တွေကဆို ​နေ့တိုင်း​​တွေ့​နေကျဖြစ်သည်။ မ​တော်တဆမဟုတ်​တောင် သူက ​နွေအိပ်မက် ကိုလာ​တွေ့​နေကျဖြစ်သည်။ ဒီ​​​နေ့တော့ အလုပ်များ​နေလို့ထင်သည်။ အရိပ်​ယောင်​လေး​တောင်မ​တွေ့ရ။ ညဘက်​ရောက်လာ​တော့ ​နွေအိပ်မက် လဲ နှင်းဆီနီ ရဲ့အမိန့်အရအ​စောကြီးအိပ်ရာဝင်ရသည်။ ​စော​စောအိပ်ရမယ်ဆိုပီး ဖုန်း​တောင်သိမ်းသွားလိုက်​သေးသည်။
'အ​မေ ​တောင်သူ့​လောက်မတင်းကျပ်ဘူး'
​နွေအိပ်မက် က​စော​စောအိပ်​နေကျမဟုတ်သဖြင့် မျက်စိ​ကြောင်​နေသည်။ အိပ်လို့မရ၊ ကုတင်​ပေါ်တွင် ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်လုပ်​နေမိရင်း နှင်းဆီနီ ကိုလှမ်းကြည့်မိ​တော့ အိပ်​ပျော်​နေသည်။ အဲ့တာနဲ့ ​နွေအိပ်မက် လဲကုတင်​ပေါ်မှအသာထကာ ကုတ်​ချောင်းကုတ်​ချောင်းနှင့် အခန်းထဲမှထွက်လာခဲ့သည်။ တံခါးကိုလဲ အသံမထွက်​အောင် ​သေချာပိတ်ခဲ့ရ​သေးသည်။ ပီးမှ သူမလဲ လသာ​ဆောင်ဆီထွက်လာခဲ့​တော့သည်။ လသာ​ဆောင်ဘက်​ရောက်​တော့ သူမ ၁ ​ယောက်တည်းမဟုတ်၊ အဖြူ​ရောင်ဂျူတီကုတ်နှင့် ခန့်သစ်လွင် အား​တွေ့လိုက်ရသည်။ ​နောက်​ကျောဘက်ကကြည့်တာ​တောင် ​ချောမှန်းသိသာလှသည်။ ​နွေအိပ်မက် လဲသူ့ဆီ​​လျှောက်သွားလိုက်သည်။ ခန့်သစ်လွင် ကိုကြည့်ရတာ ၁ ခုခုအားအ​လေးနက်စဉ်းစား​နေပုံ​ပေါက်သည်။ သူမအနားကပ်သွား​တာ​တောင် သတိထားမိပုံမ​ပေါ်။
​နွေအိပ်မက်: အသစ်
ထိုအခါမှသာ ​နွေအိပ်မက် အားလှည့်ကြည့်လာသည်။ သူမကိုမြင်​သောအခါ ပြုံးပြလာပီး၊
ခန့်သစ်လွင်: ​နွေ မအိပ်​သေးဘူးလား
​နွေအိပ်မက်: အင်း မျက်စိ​ကြောင်​နေလို့၊ ဒါနဲ့ အသစ် က​ရော ဒီမှာဘာလုပ်​နေတာလဲ
ခန့်သစ်လွင်: စဉ်းစားစရာ​လေး​တွေရှိ​နေလို့
​နွေအိပ်မက် မှာ ခန့်သစ်လွင် ကိုအကဲခတ်ကြည့်လိုက်ပီး​နောက် သူမ ၁ ​နေ့လုံးစိတ်ထဲခု​နေသည့်အ​ကြောင်းအရာကို​မေးမြန်းလာ​တော့သည်။
​နွေအိပ်မက်: အသစ် ​နွေ​မေးစရာရှိတယ်
ခန့်သစ်လွင်: ဘာ​မေးမလို့လဲ
​နွေအိပ်မက်: ဒီ​နေ့ မ​ငွေ​သော်တာ က​ဆေးစစ်ရင်းနဲ့ ​နွေ့ ကို အသစ် အ​ကြောင်း​တွေ​ပြောပြသွားတယ်၊ အသစ် ကလူတိုင်းအ​ပေါ်ကို ​နွေ့ လိုဆက်ဆံ​ပေးတာမဟုတ်ဘူးတဲ့၊ သူတို့ကို​တောင်မှ လုပ်​ဖော်ကိုင်ဖက်​တွေမို့ ​ကောင်းကောင်းဆက်ဆံ​ပေးတာတဲ့ ဟုတ်လား
ခန့်သစ်လွင်: ဟုတ်တယ်​လေ၊ ကိုယ်ဘယ်သူ့ကိုမှ ​ဖော်​ဖော်​ရွေ​ရွေ မဆက်ဆံဖူးဘူး
​နွေအိပ်မက် မှာသူ့အားသိချင်​သော မျက်လုံးများဖြင့်ကြည့်လာလျက်၊
​နွေအိပ်မက်: အဲ့တာဆို ​နွေ့ကိုကျ​တော့​ ဘာလို့​နွေး​နွေး​ထွေး​ထွေး ​​ဖော်​ဖော်​ရွေ​ရွေ ဆက်ဆံ​ပေးတာလဲ
ခန့်သစ်လွင် ကသူမအား အဓိပ္ပါယ်အပြည့်ပါ​သော မျက်လုံးတို့ဖြင့်ကြည့်လာသည်။ ဘယ်သူ့ကိုကြည့်ကြည့် အမြဲ​အေးစက်စက်နိုင်တတ်တဲ့ အဲ့မျက်လုံးစူးရှရှ ​တွေက ​နွေအိပ်မက် ​​ရှေ့ဆိုရင်​တော့ အမြဲ​နွေး​နွေး​ထွေး​ထွေး ရှိကြသည်။
'မင်း​မေးလို့ ကိုယ်​ဖြေရတာ​နော်'
ခန့်သစ်လွင်: မင်းကကိုယ့်အတွက်ထူးခြား​နေလို့
​နွေအိပ်မက် ကနားမလည်​သောမျက်လုံးတို့ဖြင့်ကြည့်လာသည်။
​ခန့်သစ်လွင်: မင်းကကိုယ် ချစ်​ရတဲ့ ​ကောင်မ​လေးဖြစ်​နေလို့
မထင်မှတ်ထား​သောအဖြကိုကြားလိုက်ရချိန်တွင် ​နွေအိပ်မက် ၏မျက်လုံးများကဝိုင်းစက်ကုန်သည်။ ရုတ်တရက် သူမကိုယ်သူမနားကြားမှားသွားသည်ဟု​တောင်ထင်လိုက်မိသည်။ ဒါ​ပေမဲ့ အဲ့စကား​ကြားလိုက်တုန်းက သူမရဲ့ နှလုံးသားလေးက ထိန်းချုပ်လို့မရ​တော့​အောင်​ဗြောင်းဆန်​နေခဲ့သည်။ ​နွေအိပ်မက် ဘယ်လိုတုန့်ပြန်ရမယ် ဆိုတာ​တောင် မစဉ်းစားနိုင်​တော့​ချေ။ ခန့်သစ်လွင် က​တော့ သူမကို ကြည့်​နေဆဲဖြစ်သည်။ သူမမျက်ဝန်းထဲက အ​ဖြေကိုရှာ​ဖွေ​နေသည့်အလား။
​နွေအိပ်မက်: ဟို...ဟို...​နွေ အခန်းပြန်​တော့မယ်
​ပြောပီး ​ရှောင်ထွက်သွားဖို့လုပ်​နေတဲ့ ​ကောင်မ​လေးကို ခန့်သစ်လွင် ၁ ခု​တော့​ရ​အောင်​ပြောလိုက်​သေးသည်။
ခန့်သစ်လွင်: ကိုယ်မင်းအ​ဖြေကို ​စောင့်​နေမယ်
စကားဆုံးသည်နှင့် လှစ်ခနဲ ထွက်​ပြေးသွား​သော ​ကောင်မလေးမှာ​တော့ ​လေအလျင်နှင့်ဖြစ်သည်။ ခန့်သစ်လွင် ပြုံးမိသွားသည်။
'ကိုယ်မင်းအ​ပေါ် မျှော်လင့်ချက်ထားလို့ရတယ်မလား ​နွေ'
_______
​နွေအိပ်မက် က​တော့အခန်းထဲဝင်လာပီး အခန်းတံခါးကိုမှီကာ သူမရင်ဘတ်ကိုသူမ ဖိထားမိသည်။
'နင်ကဘာလို့ အဲ့​လောက်​တောင်ခုန်​နေရတာလဲ၊ ​နှလုံးရောဂါပါ ထပ်တိုးချင်တာလား'
​နွေအိပ်မက် လဲကုတင်​ပေါ်လှဲလိုက်ကာ အတင်းမျက်လုံးများကိုမှိတ်ထားမိ​တော့သည်။ ​ဒါ​ပေမဲ့ သေချာတာ ၁ ခုက​တော့ သူမဒီညအိပ်လို့မရနိုင်​တော့ဘူးဆိုတာပင် ဖြစ်သည်။
_______
​နောက်​နေ့,
ခန့်သစ်လွင် မှာ​ဆေးရုံသွားရန် အဝတ်သားလဲပီး​​အောက်ထပ်သို့ဆင်းလာခဲ့သည်။ မနက်စာစားရန် ထမင်းစားပွဲတွင်ဝင်ထိုင်​တော့ အ​မေကအသင့်​စောင့်​နေသည်။ အ​မေ့ကိုကြည့်ရတာ ၁ ခုခု​ပြောချင်​နေပုံ​ပေါ်သည်။ သူ့အား ၁ ချိန်လုံးလိုက်ကြည့်​နေသည်။
ခန့်သစ်လွင်: အ​မေ ကျွန်​တော့်ကို​ပြောစရာရှိလို့လား
​ဒေါ်ခင်ခင်​ဆွေ မှာသက်ပြင်း ၁ ချက်ချလိုက်ပီးမှ စကားစလာသည်။
​ဒေါ်ခင်ခင်​ဆွေ: ဒီလိုကိစ္စ​တွေမှာ အ​မေဝင်မပါသင့်ဘူးဆိုတာသိပါတယ်၊ ဒါ​ပေမဲ့ အ​မေမင်းကို​ပြောချင်တာရှိတယ်၊ အ​မေ မင်းအ​ဖေဆီကကြားထားတယ်မင်းတကယ်ပဲ အဲ့ကောင်မ​လေးကိုသ​ဘောကျတာလား
ခန့်သစ်လွင် ​​ဒေါ်ခင်ခင်​ဆွေ ၏ဆိုလိုရင်းကိုသ​ဘော​ပေါက်ပါသည်။
ခန့်သစ်လွင်: ဟုတ်တယ် အ​မေ၊ ကျွန်​တော်သ​ဘောကျတယ်
​ဒေါ်ခင်ခင်​ဆွေ: မင်းသူ့ကိုချစ်မိရင် အနည်းနဲ့အများ​တော့ မင်းခံစားရမယ်ဆိုတာ​ရောသိလား
ခန့်သစ်လွင်: ကျွန်​တော်အားလုံးကိုသိထားပီးသားပါ၊ ဒါ​ပေမဲ့ ကျွန်​တော်​စိတ်ဆုံးဖြတ်ပီးသွားပီ
​ဒေါ်ခင်ခင်​ဆွေ: မင်းဆုံးဖြတ်ပီးသားဆို​တော့လဲ အ​မေဝင်မ​ပြော​တော့ပါဘူး
ခန့်သစ်လွင်: ကျွန်​တော့်ကိုနားလည်​ပေးတာ ​ကျေးဇူးတင်ပါတယ် အ​မေ

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးWhere stories live. Discover now