အပိုင်း-(၁၈)

305 16 0
                                    

Unicode

​အောင်သူရ ၏အ​မေးစကားကိုကြား​သောအခါ ​နွေအိပ်မက် မှာချက်ချင်းတုန့်ပြန်လာ​တော့သည်။
​နွေအိပ်မက်: သူကဘာလို့မကြိုက်ရမှာလဲ ​​ပေါက်ကရ​တွေ​ပြောမ​နေနဲ့
​အောင်သူရ: ဒါနဲ့ မ​​နေ့က ဦး​လေး လာသွားတယ်ဆို
ခုဏ​လေးကမှ တက်တက်ကြွကြွရှိ​နေ​သေး​သော​ နွေအိပ်မက် မှာထိုစကား​ကြောင့် ချက်ချင်းငြိမ်သွားလျက်၊
​နွေအိပ်မက်: အင်း ​နွေ့ကိုသူနဲ့လိုက်ခဲ့ဖို့လာ​ခေါ်တာ
​အောင်သူရ မှာ​ခေါင်းသာညိတ်ပြလိုက်ရင်းဘာမှပြန်မ​ပြောဖြစ်​တော့​ချေ။ ဒီကိစ္စ​တွေနဲ့ပက်သက်ပီး ​နွေအိပ်မက် ပြန်မ​ပြောချင်​ကြောင်း သူလဲ ရိပ်မိပါသည်။ ထို့​ကြောင့် စကားလမ်းကြောင်းလွှဲလိုက်ရသည်။
​အောင်သူရ: အိပ်မက် လာ မနက်စာစားလို့ရပီ
​နွေအိပ်မက် မှာလဲချက်ချင်း ပြန်ပြုံးပြလိုက်ပီး၊
​နွေအိပ်မက်: အင်း
_______
ခန့်သစ်လွင် ၁ ​ယောက် မနက်ပိုင်း round လှည့်ပီးသွားသဖြင့် နား​နေခန်းထဲသို့ဝင်လာခဲ့သည်။ နား​နေခန်းထဲတွင်ရှိနှင့်​​နေ​​သော ရဲရင့်​သွေး က ခန့်သစ်လွင် ကိုမြင်​​သောအခါ​ပြောလာသည်။
ရဲရင့်​သွေး: ခန့်သစ်လွင် မင်းကြည့်ရတာလဲ ပင်ပန်း​နေတဲ့ပုံနဲ့၊ မ​နေ့ကလဲ ၁ ညလုံးအိမ်မပြန် ပြန်ဘူးလား
ခန့်သစ်လွင်: အင်း ငါသူ့ကို​စောင့်​ပေး​နေတာ
ရဲရင့်​သွေး ၁ ​ယောက်သက်ပြင်းသာချမိ​တော့သည်။
ရဲရင့်​သွေး: မင်းဘာလို့သူ့ကို အဲ့​လောက်​တောင်ဂရုစိုက်​နေရတာလဲ
ခန့်သစ်လွင် က​တော့ ကုတင်​ပေါ်တက်လှဲကာ မျက်လုံး​တွေ​ပေါ်လက်တင်လျက် ​မှေး​နေရင်း၊
ခန့်သစ်လွင်: ငါချစ်တဲ့လူငါ ဂရုစိုက်တာထူးဆန်းလို့လား
ခန့်သစ်လွင် ထံမှထိုစကားမျိုးကို ရဲရင့်​သွေး ပထမဆုံးကြားဖူးခြင်းဖြစ်သည်။
'မ​ငွေ​သော်တာ ​ပြောတာ​တွေကမှန်​နေတာပဲ'
ရဲရင့်​သွေး: မင်းသူ့ကို တကယ်ကြီးချစ်မိသွားတာလား
ခန့်သစ်လွင်: အင်း
ရဲရင့်​သွေး မှာ​ခေါင်းကိုခါယမ်းမိ​တော့သည်။
'မင်းဘာလို့ နာကျင်ရမှာသိ​နေရက်နဲ့ သူ့ကိုမှလဲကွာ'
ရဲရင့်​သွေး: ဪ...ဒါနဲ့ ငါမင်းကို​ပြောမလို့
ခန့်သစ်လွင်: ဘာလဲ
ရဲရင့်​သွေး: ​​မေအိမ့်မှူး ပြန်​ရောက်​နေပီ
'​မေအိမ့်မှူး' ဆို​သောနာမည်ကိုကြားသည်နှင့် လက်​​အောက်မှ ခန့်သစ်လွင် ၏မျက်ခွံတို့ကအနည်းငယ် လှုပ်ရှားသွားကြသည်။ သူကမျက်လုံး​ပေါ်မှ လက်​တွေကိုဖယ်လိုက်လျက် မျက်နှာကျက်ဆီ​ငေးကြည့်​နေရင်း ​အေးစက်စွာပြန်​​မေးလာသည်။
ခန့်သစ်လွင်: ဘယ်တုန်းက ပြန်​ရောက်တာလဲ
ရဲရင့်​သွေး: မနက်ကပဲ ပြန်​ရောက်တာ
ခန့်သစ်လွင် မှာဆက်လှဲမ​နေ​တော့ပဲ ထထိုင်လိုက်ကာ၊
ခန့်သစ်လွင်: ငါအိမ်ပြန်​တော့မယ်
​ပြောပီးသည်နှင့်ထထွက်သွား​တော့သည်။
_______
ည​နေ​ဆေးရုံကဆင်းပီး အိမ်ပြန်​ရောက်​သောအခါ ရဲရင့်​သွေး အား ​မေအိမ့်မှူး ကဆီးကြိုကာ​​မေးလာသည်။
​မေအိမ့်မှူး: ကိုကို ပြန်လာပီလား၊ ခန့်သစ် ကို အိမ့်မှူး ပြန်​ရောက်​နေတဲ့အ​ကြောင်း​ပြောပြခဲ့လား
ရဲရင့်သွေး ကသူ့ညီမအား စိတ်ပျက်စွာကြည့်လိုက်ရင်း၊
​မေအိမ့်မှူး: သူကဘာတဲ့လဲ
ရဲရင့်​သွေး: ဘာမှ​တော့မ​ပြောဘူး၊ ဒါ​ပေမဲ့ သူ့ကိုကြည့်ရတာ စိတ်အ​နှောက်ယှက်ဖြစ်သွားတဲ့ပုံပဲ
​မေအိမ့်မှူး: ဒါဆိုရင်​တော့ မနက်ဖြန် အိမ့်မှူး ကိုယ်တိုင် ​ဆေးရုံကိုလာရ​တော့မယ်
ရဲရင့်​သွေး: အိမ့်မှူး နင်သူ့ကိုမ​နှောက်ယှက်ပါနဲ့​တော့၊ သူသာနင့်ကိုပြန်ကြိုက်ချင်ရင် အ​စောကြီးထဲကနင်တို့တွဲ​နေ​လောက်ပီ
​မေအိမ့်မှူး က​တော့ ရဲရင့်​သွေး စကား​တွေကိုဂရုပင်မစိုက်ပါ။
​မေအိမ့်မှူး: မသိဘူး၊ အိမ့်မှူးက​​တော့ သူပြန်မကြိုက်မချင်း လက်မ​လျှော့နိုင်ဘူး
ရဲရင့်​သွေး က​တော့​ခေါင်းခါယမ်းရင်းသာ အ​ပေါ်သို့တက်လာရင်း ခန့်သစ်လွင် အတွက်ကံ​ကောင်း​စေရန်သာဆု​တောင်း​ပေးမိ​တော့သည်။
_______
​​နွေအိပ်မက် လဲအခန်းထဲချည်းပဲ​နေရတာပျင်းလာသဖြင့်လမ်း​လျှောက်ထွက်လာခဲ့သည်။ ၁ ​နေရာ​ရောက်​တော့ ​ကောင်မ​လေး ၁ ​ယောက်က သူမလက်ကိုဆွဲလာသည်။ ​နွေအိပ်မက် လှည့်ကြည့်မိသည်။ ထို​ကောင်မ​လေးမှာ ခဲစိမ်း​ရောင်ဆံပင်ဂုတ်ဝဲ​လေးနှင့်ဖြစ်ပီး၊ ဂျင်း​ဘောင်းဘီဒူးပြဲနှင့် အ​ပေါ်ကရှပ်အင်္ကျီအဖြူကို ခါစည်းကာဝတ်ထားပီး ​ဒေါက်ဖိနပ်အနက်​ကိုလဲစီးထားသည်။ ကြည့်ရတာ​ လူနာနှင့်​တော့မတူ။ ​နွေအိပ်မက် လှည့်ကြည့်လာတာမြင်​တော့ သူမကပြုံးလျက်​မေးလာသည်။
​မေအိမ့်မှူး: မမ ​ဒေါက်တာခန့်သစ်လွင် ဘယ်မှာရှိလဲသိလား
'ဘာလား၊ အဲ့တာ သူနာပြု​တွေကိုမ​မေးဘဲ ဘာလို့ငါ့ကိုလာ​မေး​​နေတာပါလိမ့်၊ ငါကဘယ်လိုသိမှာလဲ'
သူမစိတ်ထဲကသာ​ပြောလိုက်မိပါသည်။ ဆရာဝန် ဘယ်မှာရှိလဲ​ကို လူနာ ၁ ​ယောက်ကို​မေး​နေသည့်အပြင် ​မေးတဲ့ဆရာဝန်ကလဲ ခန့်သစ်လွင် တဲ့လား။
​နွေအိပ်မက်: အမ လဲမသိဘူး ညီမ​လေး
ထိုစဉ်​ ​ငွေ​သော်တာ ကသူမတို့ကို​တွေ့သွားပုံရသည်။ အနား​ရောက်လာရင်း၊
​ငွေ​သော်တာ: ညီမ​လေးက ​ဒေါက်တာခန့်သစ်လွင် ကိုရှာ​နေတာလား
​မေအိမ့်မှူး: ဟုတ်
​ငွေ​သော်တာ: အမ လိုက်ပို့​ပေးမယ်​​လေ
​မေအိမ့်မှူး: ဪ...ဟုတ်
​ငွေ​သော်တာ မှာထို​ကောင်မ​လေးအား​ခေါ်ရင်းထွက်လာ​သောအခါ၊
​မေအိမ့်မှူး: ခုဏက ၁ ​ယောက်ကသူနာပြုမဟုတ်ဘူးလား
ထိုအ​မေးစကား​ကြောင့် ​ငွေ​သော်တာ မှာရယ်လိုက်ရင်း၊
​ငွေ​သော်တာ: သူက ​ဆေးရုံတက်​နေတဲ့လူနာပါ၊ သူနာပြုမဟုတ်ပါဘူး
​မေအိမ့်မှူး: ဟုတ်လား၊ အိမ့်မှူး ကသူ့ကို​တွေ့​တော့ လူနာလို့မထင်လိုက်မိဘူး
​ငွေ​သော်တာ: ဟုတ်တယ် အိပ်မက် ကလူနာလို့မထင်ရ​လောက်​အောင်ပဲ strong ဖြစ်တယ်
ထိုအချိန် ​မေအိမ့်မှူး စိတ်ထဲ​တွေး​နေမိတာက၊
'လူနာက အဲ့​လောက်​ချစ်စရာ​ကောင်းတာလား၊ လူနာက လူနာနဲ့​တောင်မတူဘူး'

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးWhere stories live. Discover now