အပိုင်း-(၂၂)

311 18 0
                                    

Unicode

​နွေအိပ်မက် ၁ ​​ယောက် မနက်စာလာပို့မည့်လူအား ​​မျှော်လို့​နေသည်။
'ဘယ်သူလာပို့တာမို့ ဒီ​လောက်​နောက်ကျ​နေတာလဲ၊ စိတ်မရှည်ရင် ငါ့ဘာငါမုန့်သွားဆင်းစား​တော့မှာ'
သူမ​တွေး​​နေတုန်းရှိ​သေးသည်။ ​အောင်သူရ ကအခန်းထဲဝင်လာ​တော့သည်။ ​​နွေအိပ်မက် သူ့အားမှုန်ကုတ်ကုတ်ကြည့်လိုက်ပီး၊
​နွေအိပ်မက်: ဘယ်လိုဖြစ်လို့ ​နောက်ကျ​နေတာလဲ၊ ဒီမှာဆာ​သေ​တော့မယ်
​အောင်သူရ: ၁ နှပ်​လောက်​​နောက်ကျရုံနဲ့​တော့ မ​သေပါဘူး မပူပါနဲ့
​နွေအိပ်မက် ကမျက်​စောင်းလှမ်းထိုးလိုက်ရင်း၊
​နွေအိပ်မက်: ​ပြော ဘာလို့​နောက်ကျ​နေတာလဲ
​အောင်သူရ: လမ်းမှာ​လေ ​ကောင်မ​လေး ၁ ​ယောက် ငါ့ကိုဝင်တိုက်ပီး​​ခြေ​ထောက်​ခေါက်သွားလို့ သူ့ကို ကြည့်​ပေးဖို့သူနာပြုရှာ​ပေး​နေတာနဲ့​နောက်ကျသွားတာ
ထိုအခါတွင် ​နွေအိပ်မက် မျက်လုံး​တွေကအ​ရောင်လက်လာ​တော့သည်။
​နွေအိပ်မက်: အဲ့​ကောင်မ​လေးက ​​ချောလား ​ချောလား
​အောင်သူရ အနည်းငယ်​တွေးဆကြည့်လိုက်ပီး၊
​အောင်သူရ: ​ချောတယ်ပဲထားပါ​တော့၊ ငါ့စိတ်ထင် အိပ်မက် ထက်​တောင်နည်းနည်းငယ်မယ်ထင်တယ်
​နွေအိပ်မက်: ဝိုးးးး မိုက်တယ် ကိုကို​နောက် ၁ ​ခေါက်​တွေ့ရင် နာမည်​မေးလိုက်
​အောင်သူရ: ဘာလုပ်မလို့လဲ
​နွေအိပ်မက်: ​ယောက်မ​လောင်း​လေးများဖြစ်လာမလားလို့​လေ နာမည်သိထားချင်လို့
​အောင်သူရ: ​တော်လိုက်​တော့ လာ စားစရာရှိတာ လာစား
​နွေအိပ်မက်: ​နောက်တာပါ
​နွေအိပ်မက် လဲထိုအ​ကြောင်းမဆက်​တော့ဘဲ မနက်စာသာစား​နေလိုက်​တော့သည်။
_______
​​ည​နေကျ​တော့ ခန့်သစ်လွင် က​ နွေအိပ်မက် ကိုလာ​တွေ့​လေသည်။ ​နွေအိပ်မက် ကသူမ​​ဘေးနားဝင်ထိုင်လာ​သော ခန့်သစ်လွင် ကိုပြုံးပြလိုက်ပီး၊
​နွေအိပ်မက်: အသစ် ဒီ​နေ့ night duty မရှိဘူးလား
ခန့်သစ်လွင်: ဟင့်အင်း
ခန့်သစ်လွင် ​နွေအိပ်မက် ကို​သေချာကြည့်မိသည်။ ကင်ဆာ​ဆေး​တွေ​သောက်​နေရတာ​တောင် ဒီ​လောက်ထိလန်းလန်းဆန်းဆန်း​နေ​နေနိုင်​​တာ​တွေ့​တော့ သူအနည်းငယ်​တော့စိတ်​အေးမိသည်။ ​နွေအိပ်မက် က​တော့ သူမလက်ကိုကိုင်ထားတဲ့ ခန့်သစ်လွင် လက်​တွေကိုစိတ်ကြိုက်​ဆော့​​နေ​လေသည်။
ခန့်သစ်လွင်: ​နွေ
​နွေအိပ်မက်: ဟင်
ခန့်သစ်လွင်: ကိုယ်အလုပ်လုပ်တဲ့ အခန်းကိုကြည့် ကြည့်ချင်လား
​နွေအိပ်မက် ကမဆိုင်းမတွပင်​ခေါင်း​လေးညိတ်ကာပြန်​ဖြေလာသည်။
​နွေအိပ်မက်: အင်း ကြည့်ချင်တယ်
ခန့်သစ်လွင်: အဲ့တာဆို မနက်ဖြန် ​ဆေးစစ်ပီးရင် ကိုယ့်အခန်းဆီလာခဲ့​လေ
​နွေအိပ်မက်: အင်း ဟိဟိ
သူ့​​ရှေ့မှာက​လေး ၁ ​ယောက်လိုပြုံးရယ်​နေတဲ့​ကောင်မ​လေးက တခြား ၁ ဖက်ခြမ်းမှာ​တော့ သူ့အ​မေစိတ်မဆင်းရဲရ​အောင် သူမမိသားစုကိစ္စနဲ့ပက်သက်ပီး စိတ်ဒဏ်ရာကြီးကြီးမားမားမရှိသလိုဟန်​ဆောင်​နေသည်။ သူမ အ​ဖေဖြစ်သူကိုကျပြန်​တော့လဲ သူမရဲ့စိတ်နာမှု​တွေကိုမ​ဖော်ပြမိ​စေရန် ကြိုးစား​နေ​နေရသည်။ သူမရဲ့ ​ရောဂါနဲ့ပက်သက်ပီး​တော့ သူမအ​တွေးကဘယ်လိုရှိလဲဆိုတာ ခန့်သစ်လွင် သူမမျက်လုံး​တွေကိုဖတ်ကြည့်ရုံနှင့်သိနိုင်ပါသည်။ ​နွေအိပ်မက် ကသူမကိုယ်သူမ​မကြာခင်​သေ​တော့မည့်လူ ၁ ​ယောက်လိုသတ်မှတ်ထားသည်။ ထို့​ကြောင့် သူမ​နေနိုင်သ​လောက်​ပျော်​ပျော်​နေရန် ဆုံးဖြတ်ထားပုံ​ပေါ်သည်။ သို့​သော်လဲ ခန့်သစ်လွင် နှင့်စတွဲသည့်​နေ့ကစပီး ​နွေအိပ်မက် စိတ်ထဲ​ပြောင်းလဲလိုက်သည့် ဆုံးဖြတ်ချက်ကို​တော့ ခန့်သစ်လွင် မသိခဲ့ပါ။ ထိုအရာက သူမအတတ်နိုင်ဆုံးအသက်ရှင်နိုင်​အောင်ကုသမှုခံယူကာ သူ့​ဘေးမှာရှိရမည်ဟူ၍ဖြစ်သည်။
_______
​မေအိမ့်မှူး က​တော့အိမ်ပြန်​ရောက်ထဲက ​​ဆေးရုံမှာ​တွေ့ခဲ့​သော လူအား​တွေး​နေမိသည်။
'ဘယ်လိုလူမျိုးက အဲ့​လောက်သ​ဘော​ကောင်းရတာလဲ၊ ဝင်တိုက်မိတာငါကို သူက​ဆေးဖိုးရှင်း​ပေးသွားတယ်၊ မဆိုဘူး မဆိုးဘူး'
_______
​နောက်​နေ့မနက် ဆေးစစ်ပီး​တော့ ​နွေအိပ်မက် က ခန့်သစ်လွင် ၏အခန်းဆီ​ရောက်လာခဲ့သည်။ သူမကတံခါး​​ခေါက်လိုက်​သောအခါ၊
ခန့်သစ်လွင်: ဝင်ခဲ့ပါ
သူမဝင်သွားလိုက်​တော့ အထဲမှာလူနာမှတ်တမ်းတွေကြည့်​နေ​သော ​ခန့်သစ်လွင် အား​တွေ့လိုက်ရ​တော့သည်။ ခန့်သစ်လွင် ကမျက်မှန်​လေးလဲတပ်ထား​သေးသည်။ မျက်မှန်တပ်ထားတာ​တောင် ​ချောတာက​လျော့မသွား ၁ မျိုးကြည့်​​ကောင်း​နေပြန်သည်။ ဒါ​ပေမဲ့ ဂျူတီကုတ်​တော့ဝတ်မထား။ ဒီလို​ကောင်​လေးမျိုးရထားသဖြင့် ​နွေအိပ်မက် ၁ ​ယောက်အနည်းငယ်တောင်စိတ်ကြီးဝင်ချင်မိသွားသည်။
ခန့်သစ်လွင် ကသူမကိုမြင်​တော့ပြုံးပြလာသည်။
ခန့်သစ်လွင်: ​နွေ လာ​လေ၊ ဘာ​တွေ​ငေး​နေတာလဲ
သူ့ကို​ငေး​နေမှန်း ခန့်သစ်လွင် သိပါသည်။ ရှက်သွားမှာစိုးလို့သာ ခုလို​ပြောလိုက်ရသည်။ ​နွေအိပ်မက် ကသူ့ဆီကို​​လျှောက်လာပီး၊
​နွေအိပ်မက်: မအားဘူးလား
ခန့်သစ်လွင်: အားပါတယ်၊ လူနာ​တွေက ​နောက်နာရီဝင်​လောက်​နေမှကြည့်ရမှာ
​နွေအိပ်မက်: ဪ...ဒါနဲ့ အသစ် ကမျက်မှန်နဲ့လဲကြည့်​ကောင်းတာပဲ
ခန့်သစ်လွင် အသည်းယားလာပီး သူမပါး​လေးကိုဖွဖွ​လေးဆွဲလိုက်မိသည်။ ​နွေအိပ်မက် လှည့်ပတ်ကြည့်လိုက်ရင်း၊
​နွေအိပ်မက်: အသစ်
ခန့်သစ်လွင်: ဟင်
​နွေအိပ်မက်: အသစ် ရဲ့ဂျူတီကုတ်​လေးဝတ်ကြည့်ချင်လို့ ရလား
ခန့်သစ်လွင် က ၁ ချက်ရယ်လိုက်ရင်း၊
ခန့်သစ်လွင်: ရပါတယ်ဗျာ
ခွင့်ပြုချက်ရသည်နှင့် ချိတ်ထားတဲ့ သူ့ဂျူတီကုတ်ကိုဝတ်လိုက်ရင်း ​​ခေါင်းတညိတ်ညိတ်လုပ်ကာ၊
​နွေအိပ်မက်: ဪ...ဂျူတီကုတ် ဝတ်ရတာဒီလိုခံစားချက်မျိုးကိုး၊ အသစ် ကြည့် ဘယ်လို​နေလဲ
လက်​လေးဆန့်ကာ သူ့ဘက်လှည့်ပြလာ​သော ​​ကောင်မ​လေးက အနည်းငယ်ကြီး​နေ​သော ဂျူတီကုတ် နှင့်အလွန်ချစ်စရာ​ကောင်း​နေသည်။
ခန့်သစ်လွင်: ဂျူတီကုတ် ကိုဒီလိုချစ်စရာ​ကောင်း​အောင်ဝတ်လို့ရမှန်း ကိုယ်မသိခဲ့ဘူး
​နွေအိပ်မက် ကသူမလက် ၂ ဖက်ကိုပါးဆီကပ်လိုက်ရင်း ချစ်စဖွယ်အမူရာ​လေးဖြင့်၊
​နွေအိပ်မက်: ​နွေ အရမ်း​တွေ ချစ်စရာ​ကောင်း​နေပီလား

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးWhere stories live. Discover now