Unicode
ဒီနေ့တော့ နွေအိပ်မက် ခန့်သစ်လွင် ကိုသူမ မကြာခင်ထွက်သွားတော့မည့်အကြောင်းပြောပြဖို့စီစဉ်ထားတာဖြစ်သည်။ ညကျတော့ ခန့်သစ်လွင် သူမဆီရောက်လာခဲ့သည်။ ဒီနေ့တော့ ဂျူတီကျနေသဖြင့်နည်းနည်းနောက်ကျမှရောက်လာခဲ့ခြင်းဖြစ်သည်။ နွေအိပ်မက် ကိုလှမ်းကြည့်မိတော့သူ့ကို အိပ်ရာပေါ်မှာထိုင်နေရင်းပြုံးပြလာသည်။ သူမပြုံးနေပေမဲ့ မျက်လုံးကဝမ်းနည်းရိပ်တွေကို ခန့်သစ်လွင် သတိထားမိပါသည်။ သူမနားကိုသွားလိုက်မိတော့၊
နွေအိပ်မက်: အသစ် ဒီနေ့စောင့်အိပ်ပေးပါလား
ခန့်သစ်လွင် လဲပြုံးကာခေါင်းညိတ်ပြလိုက်တော့ နွေအိပ်မက် ကအိပ်ရာပေါ်လှဲလိုက်ပီး ၁ ဖက်ကိုတိုးလိုက်ကာ လွတ်သွားသောနေရာကိုလက်ဖြင့်ပုတ်ပြလိုက်သည်။ ခန့်သစ်လွင် လဲအလိုက်သိစွာ သူမဘေးနားဝင်အိပ်လိုက်သည်။ နွေအိပ်မက် ဘက်လှည့်ကာ သူမ ကိုကြည့်မိတော့၊
နွေအိပ်မက်: အသစ် နွေပြောစရာရှိတယ်
ခန့်သစ်လွင်: ပြောလေ
နွေအိပ်မက်: နွေ...ဒီတနင်္ဂနွေပဲ အမေရိကားကိုသွားရတော့မယ်
ခန့်သစ်လွင် ကနာကျင်မှုတွေကိုဖုံးရန်ပုံမှန်အတိုင်းသာ ပြန်ပြောခဲ့မိသည်။
ခန့်သစ်လွင်: နွေ ဟိုမှာကုဖို့ဆုံးဖြတ်လိုက်ပီပေါ့
နွေအိပ်မက်: အင်း
ခန့်သစ်လွင်: ကောင်းတာပေါ့ ဟိုမှာကပိုပီးပစ္စည်းစုံတယ်လေ၊ ပိုလဲစိတ်ချရတာပေါ့
နွေအိပ်မက် ခေါင်းလေးညိတ်ကာ ခန့်သစ်လွင် ရင်ခွင်ထဲတိုးဝင်ရင်း တိုးလျစွာပြောလိုက်သည်။
နွေအိပ်မက်: နွေ အိပ်ချင်ပီ
ခန့်သစ်လွင် လဲသူ့ရင်ခွင်ထဲတိုးဝင်လာသော ကောင်မလေးကိုထွေးဖက်ထားလိုက်တော့၊ ရင်ခွင် ၁ နေရာကစိုစွတ်မှုကိုခံစားရလိုက်ရသည်။ နွေအိပ်မက် ကသူမရဲ့မျက်ရည်တွေကို သူ့အားမြင်ခွင့်မပြုခဲ့ပါ။ သူ့ရင်ခွင်ထဲမှာသာ တိတ်တဆိတ်ငိုကြွေးနေခဲ့သည်။ ခန့်သစ်လွင် ကိုယ်တိုင်လည်းပဲ သူမနည်းတူခံစားနေရတာကြောင့် ဘာနှစ်သိမ့်စကားမှမပြောမိတော့။ သူမခေါင်းလေးကိုသာ အသာနမ်းလိုက်တော့သည်။
'ဝမ်းမနည်းပါနဲ့ ကိုယ်တို့သေချာပေါက်ပြန်တွေ့ကြမှာပါ'
'နွေ သေချာပေါက် အသစ် ဆီပြန်လာမှာပါ'
_______
ဒီလိုနဲ့ပဲ နွေအိပ်မက် ၁ ယောက်ထွက်သွားခဲ့သည်။ သူမထွက်သွားချိန်တွင် ခန့်သစ်လွင် ကိုတောင်မနှုတ်ဆက်ခဲ့တော့ပါ။ ဝမ်းနည်းစရာအမှတ်တရကြီးကိုထပ်မချန်ထားခဲ့လိုသောကြောင့် တိတ်တဆိတ်သာထွက်သွားခဲ့သည်။ နွေအိပ်မက် ထွက်သွားပီး ၂ ရက်လောက်နေတော့ ခန့်သစ်လွင် ဆီ မေအိမ့်မှူး ရောက်လာပီး စာ ၁ စောင်ပေးလာခဲ့သည်။
မေအိမ့်မှူး: မမအိပ်မက် ကသူထွက်သွားရင် ခန့်သစ် ကိုဒီစာလေးပေးပေးပါတဲ့
ခန့်သစ်လွင် ထိုစာကိုအကြာကြီးစိုက်ကြည့်နေမိသည်။
ခန့်သစ်လွင်: ကျေးဇူးပါ အိမ့်မှူး
မေအိမ့်မှူး: ရပါတယ် အဲ့တာဆို အိမ့်မှူး သွားတော့မယ်နော်
မေအိမ့်မှူး ထွက်သွားတော့မှ ခန့်သစ်လွင် စာကိုဖွင့်ဖတ်ကြည့်လိုက်မိသည်။ စာထဲတွင်-

YOU ARE READING
ကျွန်တော့်ရဲ့ နွေအိပ်မက်လေး
Romance'နာကျင်မှုတွေ အခက်အခဲတွေမရှိပဲ အချစ်စစ် ၁ ခုကိုရှာမတွေ့နိုင်ဘူး။ အချစ်စစ် ၁ ခုကိုလိုချင်ရင်တော့ နာကျင်မှုနဲ့ အခက်အခဲတွေကိုကျော်ဖြတ်ရမှာပဲ' (Unicode+Zawgyi)