အပိုင်း-(၁၃)

342 18 0
                                    

Unicode

ကား​ပေါ်တွင်,
ခန့်သစ်လွင်: ဘယ်သွားချင်လဲ
​နွေအိပ်မက် မှာ ခန့်သစ်လွင် အားလှည့်ကြည့်လာကာ
​နွေအိပ်မက်: ဘယ်ပဲဖြစ်ဖြစ်ရပါတယ်
ခန့်သစ်လွင်: အဲ့တာဆို Myanmar Plaza သွားကြတာ​ပေါ့
​နွေအိပ်မက်: အင်း
တကယ်​တော့ ​နွေအိပ်မက် မှာ ခန့်သစ်လွင် နှင့်စကားသာ​ပြော​နေတာ ​လူကိုသေချာမကြည့်။ အဲ့တာကိုသတိထားမိ​တော့၊
ခန့်သစ်လွင်: ​နွေ ဒီ​နေ့မင်းကိုကြည့်ရတာ ၁ မျိုးပဲ၊ ကိုယ့်ကိုလဲ စကား​သေချာမ​ပြောဘူး
ထိုအခါမှ ​နွေအိပ်မက် မှာ ခန့်သစ်လွင် အားကြည့်လာသည်။ သို့​သော်လဲ ကြာကြာမကြည့်လိုက်ပါ ပြန်လှည့်သွားခဲ့သည်။ ပီးမှမဝံ့မရဲဖြင့်​ပြောလာသည်။
​နွေအိပ်မက်: တကယ်​တော့​လေ ဒီ​နေ့ အသစ် ကိုကြည့်ရတာ ပုံစံကတခြား ၁ ​ယောက်လိုပဲ အဲ့တာ​ကြောင့်...
ခန့်သစ်လွင် မှာထိုစကား​ကြောင့်ပြုံးမိသွားသည်။
'လက်စသက်​တော့ သူကဒီပုံစံကြည့်ရတာစိမ်း​နေတာကိုး'
ခန့်သစ်လွင်: ပုံစံပဲ​ပြောင်းတာပါ၊ ကိုယ်က ​နွေသိတဲ့ ခန့်သစ်လွင် ပါပဲ
​နွေအိပ်မက် မှာ ခန့်သစ်လွင် ကို​နောက် ၁ ကြိမ်ကြည့်လာပြန်သည်။ ဒီ ၁ ခါ​တော့ချက်ချင်းပြန်လှည့်မသွား​တော့​ချေ။
​နွေအိပ်မက်: အသစ် ဒီ​နေ့ လူငယ်ဆန်ဆန်နဲ့ အရမ်း​ချောတာပဲ
ခန့်သစ်လွင်: အပြင်လိုက်ပို့​ပေးလို့ ချီးကျူး​ပေး​နေတာများလား
​နွေအိပ်မက်: မဟုတ်ပါဘူး၊ ​နွေကလိမ်မ​ပြောတတ်ဘူး တကယ်ပါ
ခန့်သစ်လွင်: ဟုတ်ပါပီ
သူတို့ Myanmar Plaza ကို​ရောက်လာခဲ့ကြသည်။ ​နွေအိပ်မက် က​ရှေ့က​နေ သူမသွားချင်တဲ့ဆီသွားကာ​လျှောက်ကြည့်​နေသည်။ ခန့်သစ်လွင် က​တော့​ သူမနောက်က​နေ​တောက်​လျှာက်လိုက်​ပေး​နေသည်။ ​နွေအိပ်မက် မှာလွတ်လပ်​ပေါ့ပါးလို့​နေသည်။ ဒီ​နေ့စ​တွေ့တည်းက အရယ်အပြုံးမပျက်​​ပေ။ ခန့်သစ်လွင် လဲသူမကို​တောက်​လျှောက်လိုက်ကြည့်​နေရင်း သူမရဲ့ ထိုအပြုံး​လေး​အမြဲရှိ​နေဖို့ လုပ်​ပေးချင်မိသည်။ ဒီလိုနဲ့ ​နွေအိပ်မက် လဲစာအုပ်ဆိုင် ၁ ခုဆီ​ရောက်လာခဲ့​တော့သည်။ စာအုပ်ဆိုင်ဆို​တော့ ခန့်သစ်လွင် လဲဟိုဟိုဒီဒီ စာအုပ်​တွေရှာ​နေသည်။ ​နွေအိပ်မက် က​တော့စာအုပ်တန်း ၁ ခုဆီဝင်သွားလိုက်လျက် စာအုပ် ၁ အုပ်ယူကာကြည့်​နေသည်။ ခန့်သစ်လွင် ကသူမနား​ရောက်လာ​တော့ သူမ၏ထိုပုံရိပ်​လေးကိုသ​ဘောကျသဖြင့် ဓါတ်ပုံရိုက်ယူထားမိသည်။ သူကဖုန်းပြန်ပိတ်လိုက်​သောအချိန်မှ ​နွေအိပ်မက် မှာသူ့အားလှည့်ကြည့်လာပီး၊
​နွေအိပ်မက်: အသစ် စာအုပ်ကြည့်ပီးသွားပီလား
ခန့်သစ်လွင် ကပြုံးပြလျက်​ခေါင်းညိတ်ပြလိုက်သည်။ ​နွေအိပ်မက် ကတကယ်​တော့ စာအုပ်တွေကိုအဲ့​လောက်စိတ်ဝင်စားသူမဟုတ်ရပါ။ ဒီတိုင်း ခဏဝင်ကြည့်တာဖြစ်​သော်လည်း ခန့်သစ်လွင် ကစာအုပ်​တွေ​ရွေး​နေသဖြင့်​စောင့်​ပေး​နေခြင်းသာဖြစ်သည်။ ခန့်သစ်လွင် လဲလက်ထဲကစာအုပ်​တွေကို​ကောင်တာ မှာ​ငွေရှင်းလိုက်သည်။ ပီးမှ ​နွေအိပ်မက် နှင့်အတူထွက်လာခဲ့သည်။ ဒီလိုနဲ့ ၁ ​နေရာ​ရောက်​တော့ အရုပ်​ကောက်စက်​တွေကို ​နွေအိပ်မက် က​တွေ့မိ​​တော့၊
​နွေအိပ်မက်: အသစ် အရုပ်​ကောက်ရ​အောင်
ခန့်သစ်လွင်: ​နွေ​က ကောက်ချင်လို့လား
​နွေအိပ်မက်: အင်း ​တွေ့တိုင်း​ကောက်​နေကျပဲ၊ ကောက်တိုင်းလဲ ၁ ခါမှမရပါဘူး​လေ၊ ဒါ​ပေမဲ့ ​ကောက်ချင်တယ်
ခန့်သစ်လွင်: ကိစ္စမရှိပါဘူး ကိုယ်ကူ​ပေးမယ်​လေ
ထိုသို့ဖြင့် အရုပ်​ကောက်စက်ဆီ​ရောက်လာကြ​တော့သည်။ ​နွေအိပ်မက် က ၁ ခါ​ကောက်ကြည့်သည်။ မရ။
​နွေအိပ်မက်: အသစ် စမ်းကြည့်ပါလား၊ ​နွေ ​ကောက်ရင်ရမှာမဟုတ်ဘူး
ခန့်သစ်လွင် က​ခေါင်းညိတ်ပြလိုက်လျက်၊
ခန့်သစ်လွင်: အင်း
​နွေအိပ်မက်: လက်ထဲကအထုပ်​တွေ​ပေး ​နွေကိုင်​ပေးထားမယ်
ခန့်သစ်လွင် မှာလက်ထဲကအထုပ်​တွေကို ​နွေအိပ်မက် ဆီ​ပေးလိုက်ပီး​နောက် သူ့လက်​တွေကိုစတင်လှုပ်ရှား​တော့တယ်။ ​လက်​ချောင်း​ရှည်သွယ်သွယ်​တွေက ​နွေအိပ်မက် နဲ့အတူဂိမ်း​​ဆော့တုန်းကလိုပဲ ကျွမ်းကျွမ်းကျင်ကျင်လှုပ်ရှား​နေကြသည်။ ထို့​နောက်တွင်​တော့ အဖြူ​ရောင်ဝက်ဝံရုပ်​လေး ၁ ရုပ်ကစက်အပြင်သို့ထွက်ကျလာခဲ့​တော့သည်။ ​နွေအိပ်မက် မှာ​ပျော်သွားလျက် ထိုအရုပ်​လေးကို ယူလိုက်ပီး၊
​နွေအိပ်မက်: တကယ်ကြီးရသွားတာပဲ ကြည့်စမ်း၊ ​တော်လိုက်တာ
ခန့်သစ်လွင်: ​မင်းအတွက်​​ကောက်​ပေးတာ၊ ယူထားလိုက်​တော့
​နွေအိပ်မက် ​ပျော်​နေပုံများ ခုထက်ထိရယ်​နေတုန်းပင်။
​နွေအိပ်မက်: မိုက်လိုက်တာ ​ကျေးဇူး
ခန့်သစ်လွင် မှာသူမလက်ထဲမှအိတ်များကိုပြန်ယူလိုက်သည်။ ပီး​တော့မှ သူမကိုကြည့်ကာ ​တွေးမိသည်။
'​နွေအိပ်မက် မင်းအဲ့​လောက်ထိ ချစ်ဖို့​ကောင်းစရာလိုလို့လားကွာ'
ခန့်သစ်လွင်: ဗိုက်ဆာပီလား ၁ ခုခုသွားစားရ​အောင်​လေ
​နွေအိပ်မက်: အင်း
စား​သောက်ဆိုင်​ရောက်သည်အထိ အရုပ်ကိုလက်ထဲမှမချ။ သူမကိုကြည့်ရသည်မှာ တကယ့်က​လေး ၁ ​ယောက်လိုပင်။ ​နွေအိပ်မက် ကကိုယ့်ကိုကိုယ် အတင်းရင့်ကျက်လာ​အောင်လုပ်ထားပုံ​ပေါ်သည်။ စားစရာ​တွေမှာပီးသွား​​သောအခါ ​စောင့်​​နေရင်း ​နွေအိပ်မက် က​ပြောလာသည်။
​နွေအိပ်မက်: အသစ် ရည်းစားထားဖူးလား
ခန့်သစ်လွင်: ဟင့်အင်း ဘာလို့လဲ
​နွေအိပ်မက်: ဒီတိုင်း​မေးကြည့်တာပါ၊ အသစ် လိုလူမျိုးက ရည်းစားမရှိဘူးဆိုတာ ထူးဆန်းလို့
ခန့်သစ်လွင်: ဒါဆို မင်း​ရော ရည်းစားထားဖူးလား
​နွေအိပ်မက် က​ခေါင်း​လေးရမ်းကာဆိုလာသည်။
​နွေအိပ်မက်: ​နွေကလူ​တွေကို မယုံတဲ့​ရောဂါရှိတယ်၊ လူ ၁ ​ယောက်ကကိုယ့်ကိုချစ်ပါတယ် လို့​ပြောရင်​တောင် အဲ့တာကိုမယုံရဲဘူး အဲ့စကားကိုယုံမိလို့ ၁ ​​နေ့မှာ အဲ့လူ​ကြောင့်ခံစားရမှာ အရမ်း​​ကြောက်တာ၊ အဲ့တာ အဲ့ကိစ္စတင်မဟုတ်ဘူး​နော် ​နွေက ၁ ခါ ၁​ လေဆို ကိုယ့်သူငယ်ချင်းအရင်းကြီးကိုတောင် ယုံချင်တာမဟုတ်ဘူး
​နွေအိပ်မက် မှာသူမကိုယ်တိုင်​တောင်မသိလိုက်ပဲ ခန့်သစ်လွင် အားသူမအ​​ကြောင်းများကို​ပြောပြ​နေခဲ့မိသည်။ ဘာလို့လဲ​တော့မသိ​ပေမဲ့ ခန့်သစ်လွင် ​ရှေ့​ရောက်ရင် သူမစိတ်ထဲရှိတဲ့အတိုင်း အားလုံးကို​ပြောပြလိုက်ဖို့ဝန်မ​လေးခဲ့။ ခန့်သစ်လွင် က​တော့သူမ​ပြောသမျှကို နား​ထောင်​ပေး​နေသည်။
'၁ ရက်ကျရင် မင်းကိုယ့်ကိုယုံပီး ကိုယ့်အချစ်​တွေကို လက်ခံလာ​အောင် ကြိုးစားပါ့မယ်'
ခန့်သစ်လွင်: ၁ ​နေ့ကျရင် မင်းအရမ်းယုံကြည်ရတဲ့လူရှိလာမှာပါ
​နွေအိပ်မက်: အဲ့ ၁ ​နေ့​ရောက်လာဖို့​မျှော်လင့်ပါတယ်

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးWhere stories live. Discover now