အပိုင်း-(၁၂)

368 19 0
                                    

Unicode

ထိုနာမည်ကိုကြား​​တော့ ခန့်သစ်လွင် ရဲ့မျက်ခုံး ၁ စုံကမဆိုသ​လောက်ပင့်တက်သွားရသည်။
'ဒါဆိုရင် ငါနဲ့ အတူတူ​ဆော့​ဆော့ ​နေတဲ့ Spring က​နွေအိပ်မက်​ ​ပေါ့'
ခန့်သစ်လွင် လဲ​ကြောင်​နေပီး ​နွေအိပ်မက် ကိုကြည့်​နေမိ​တော့သည်။ ​​နွေအိပ်မက် လဲ ခန့်သစ်လွင် အကြည့်​တွေကိုသတိထားမိသွားပီး၊
​နွေအိပ်မက်: ဘာလို့လဲ
ခန့်သစ်လွင် အတည်ပြုချင်မိသည်။
ခန့်သစ်လွင်: မင်း King ကိုသိတယ်မလား
​နွေအိပ်မက် ၁ ​ယောက်​ကြောင်သွားသည်။ သူမနဲ့ ဂိမ်းထဲမှာအတူ​ဆော့​နေကျ ၁ ​​ယောက်ကို ခန့်သစ်လွင် က သိ​နေသည်။
​နွေအိပ်မက်: သူက...​နွေနဲ့အတူ​​ဆော့​နေကျ ၁ ​ယောက်​လေ၊ ဒါနဲ့ဘယ်လိုသိတာလဲ
ထိုအခါ ခန့်သစ်လွင် က​ဂိမ်းထဲက သူ့အ​ကောင့်ကို ​နွေအိပ်မက် အားပြလိုက်သည်။ ​နွေအိပ်မက် ကအ​ကောင့်ကိုကြည့်​နေရင်း​​တော်​တော် အံ့ဩသွားပုံ​ပေါ်သည်။ ​တော်​တော်နဲ့စကားထွက်မလာ​တော့။ ခဏကြာ​တော့မှ ထ​ပြောလာ​တော့သည်။
​နွေအိပ်မက်: ဝါးးးးးးးးး အဲ့​လောက်​တောင် တိုက်ဆိုင်တာမျိုးရှိ​သေးတယ်လား၊ မိုက်လိုက်တာ၊ အဲ့တာဆို​ ​​နွေ​ဆော့​နေကျအတိုင်း​ဆော့လို့ရပီ​ပေါ့၊ အသစ် က King တဲ့ မယုံနိုင်စရာကြီး
အံ့ဩပီး စကား​တွေတရစပ်​ပြော​နေသူကို ခန့်သစ်လွင် လိုက်ကြည့်​နေမိသည်။
ခန့်သစ်လွင်: ရပီ ​နွေ ရပီ၊ အသက်လေးဘာ​လေးရှူပါဦး
​နွေအိပ်မက် မှာ ခန့်သစ်လွင် ကိုကြည့်လျက် ရယ်ပြလိုက်ပီး၊
​နွေအိပ်မက်: ​ဟီး နွေ အရမ်း​ပျော်သွားလို့၊ အဲ့တာဆို ​ဆော့ရ​အောင်​လေ vite လိုက်​တော့
ဒီလိုနဲ့ပဲ သူတို့​ဆော့လိုက်ကြတာ ၂ နာရီ​လောက်​​တောင်ကြာသွားခဲ့သည်။ ​ထိုအချိန်​လောက်​ရောက်မှ ​နွေအိပ်မက် ကအပျင်းကြောဆန့်လိုက်ကာ၊
​နွေအိပ်မက်: ​ဆော့ရတာ​ညောင်းလာပီ
ခန့်သစ်လွင်: အဲ့တာဆိုလဲ နားရ​အောင်​လေ
​နွေအိပ်မက်: အင်း...ဒါနဲ့ မနက်ဖြန် တနင်္ဂ​နွေ​ဆို​တော့ အသစ် နားရက်မလား မနက်ဖြန် ​ဆေးရုံမလာဘူးပေါ့
ခန့်သစ်လွင်: အင်း​လေ ​နွေကဘာလုပ်ချင်လို့လဲ
​နွေအိပ်မက် မှာစိတ်ညစ်​နေ​သော ​လေသံ​လေးဖြင့်၊
​နွေအိပ်မက်: ဘာရယ်မဟုတ်ပါဘူး ​မေးကြည့်တာ
ခန့်သစ်လွင် မှာသူမမျက်နှာ​လေးကိုအကဲခတ်ကြည့်လိုက်လျက်၊
ခန့်သစ်လွင်: ဒါမှမဟုတ် မနက်ဖြန်အပြင်သွားချင်လား ကိုယ်လိုက်ပို့​ပေးမယ်​လေ
ထိုအခါ ​နွေအိပ်မက် ၏မျက်လုံး​လေးများလက်လာသည်။
​နွေအိပ်မက်: အဲ့လိုရလား
ခန့်သစ်လွင်: ရတာ​ပေါ့ ​၁ ရက် ၁ ​လေဆရာဝန်ကို​ပြောပီးသွားလို့ရတယ်
​နွေအိပ်မက်: အဲ့တာဆို သွားမယ်​လေ ​​နွေ လဲ ဒီမှာပဲ​နေရတာ ပျင်း​နေပီ
ခန့်သစ်လွင်: အဲ့တာဆို မနက်ဖြန် ၁၀း၀၀ ​လောက်ကိုယ်လာ​ခေါ်မယ်၊ ဒီ​နေ့​တော့ ဖုန်းမကြည့်​တော့နဲ့ နားလိုက်​တော့
​နွေအိပ်မက် မှာ​ခေါင်းညိတ်ပြလိုက်ရင်း၊
​နွေအိပ်မက်: ဟုတ်ကဲ့
ခန့်သစ်လွင်: အဲ့တာဆို ကိုယ်သွားပီ
ထို့​နောက် ခန့်သစ်လွင် လဲအိမ်ပြန်လာခဲ့​တော့သည်။
_______
ညဘက်​ရောက်​​တော့ ​နွေအိပ်မက် ဖုန်းကမြည်လာသည်။
​နွေအိပ်မက်: ဟယ်လို
နှင်းဆီနီ: ဟယ်လို နင်မအိပ်​သေးဘူးလား
​နွေအိပ်မက်: အင်း အ​မေ့ကိုငါမနက်ဖြန်အပြင်သွားမယ့်အ​ကြောင်း​ပြော​နေလို့
နှင်းဆီနီ: နင် ၁ ​ယောက်ထဲလား
​နွေအိပ်မက်: မဟုတ်ပါဘူး ​ဒေါက်တာခန့်သစ်လွင် လိုက်ပို့မှာ
နှင်းဆီနီ: နင်တို့က အဲ့အဆင့်​တောင်​ရောက်​နေပီ​ပေါ့
​နွေအိပ်မက်: ဘာကိုလဲ သူကငါပျင်း​နေမှာစိုးလို့ လိုက်ပို့တာပါ
နှင်းဆီနီ: ဪ ဆရာဝန် ကလူနာပျင်း​နေမှာစိုးလို့ ကိုယ်တိုင် ​အပြင်လိုက်ပို့တယ်​ပေါ့၊ ​အေးပါ...တကယ်​တော့ ငါမနက်ဖြန်လာမလို့ မရ​တော့ဘူး​ပေါ့
​နွေအိပ်မက်: အင်း
နှင်းဆီနီ: ​အေးပါ အဲ့တာဆိုလဲ ​နောက်​နေ့မှပဲလာ​တော့မယ်၊ ​​ပျော်​​ပျော်လည်ခဲ့ကြ
​နွေအိပ်မက်: အင်း
နှင်းဆီနီ လဲဖုန်းချသွား​တော့သည်။
_______
​နောက်​နေ့,
ခန့်သစ်လွင် မှာ​ဆေးရုံ​ရှေ့တွင် ​နွေအိပ်မက် အား​စောင့်လို့​နေသည်။ ခဏကြာ​သောအခါ ​နွေအိပ်မက် ဆင်းလာခဲ့သည်။ သူမမှာခါတိုင်း​တွေ့​နေကျနှင့်ကွဲထွက်စွာ ဒူး​အောက်နားထိရှည်​သော ပန်းနု​ရောင်ဂါဝန်​လက်ပြတ်​လေးကိုဝတ်ထားသည်။ အ​ပေါ်က​နေ ​နောက်ထပ် ပန်း​ရောင်ဆွယ်တာ အပါး​လေးကိုထပ်ဝတ်ထားသည်။ ​အဖြူ​ရောင်လေဒီရှူး​လေးစီးထားသည်။ ဆံပင်​တွေကို​တော့ ၁ ဝက်ခန့်စည်းထားပီး အိတ်​လေး ၁ လုံးကိုလဲလွယ်ထား​သေးသည်။ သူမ၏ချစ်စရာ​ကောင်း​သော ပုံစံ​လေးက ဒီ​​နေ့မှပိုလို့​တောင် ချစ်စရာ​ကောင်း​နေ​သေးသည်။ ​နွေအိပ်မက် မှာပြုံးရယ်လျက် ခန့်သစ်လွင် ဆီ​​လျှောက်သွားလိုက်သည်။ ခန့်သစ်လွင် က​​တော့ အနက်ရောင် တီရှပ်အပွ​လေးကို အနက်​ရောင်​ဘောင်းဘီရှည်ထဲထည့်ဝတ်ထားသည်။ စီးထား​သောရှူးဖိနပ်ကလဲ အနက်ရောင်​ပင်ဖြစ်သည်။ ဆံပင်​တွေက ​ဆေးရုံလာသလိုမျိုး သပ်သပ်ရပ်ရပ်ဖီးထားတာမျိုးမဟုတ်​သော်ငြား နဖူး​ပေါ် တစ်စ တစ်စ ဝဲကျ​နေသည့်ဆံပင်တို့က သူ့ကိုပိုလို့​တောင်ဆွဲ​​ဆောင်မှုရှိ​နေ​စေသည်။ ဝတ်ထား​သောအနက်​ရောက်​ကြောင့် သူ၏အသားတို့ကပိုပီး​တော့​တောင်ဖြူချင်​နေသ​ယောင်။ ​နွေအိပ်မက် မှာ ခန့်သစ်လွင် နားသွားကာ​ငေးကြည့်​နေမိသည်။
'ကိုရီယား မင်းသားတောင်ရှုံးတယ်ဆိုတာ ဒါမျိုးပဲဖြစ်ရမယ်'
ပီးမှ ​နွေအိပ်မက် လဲသူမစိတ်သူမစုစည်းလိုက်ကာ၊
​နွေအိပ်မက်: ​​စောင့်နေတာကြာပီလား
ခန့်သစ်လွင်: အဲ့​လောက်လဲ မကြာ​သေးပါဘူး၊ လာ သွားရ​အောင်​လေ
​နွေအိပ်မက်: အင်း
ခန့်သစ်လွင် ကကားတံခါးဖွင့်​ပေး​သောအခါ ​နွေအိပ်မက် လဲဝင်ထိုင်လိုက်သည်။ ခန့်သစ်လွင် လဲပဲကား​ပေါ်တက်ကာ ​မောင်းထွက်သွား​တော့သည်။
ထိုမြင်ကွင်းကို လှမ်းမြင်လိုက်ရ​သော သူနာပြု ၁ ချို့က​​တော့​ပြောမဆုံးဖြင့်ကျန်ရစ်ခဲ့တာ​ပေါ့။ 'ဒီလိုကြည့်​တော့ ၂ ​ယောက်ကလိုက်လိုက်တာ' 'တွဲသွားရင်ဘယ်​လောက်​ကောင်းမလဲ' ထိုသို့​ပြော​နေကြသူများလဲရှိသကဲ့သို့ 'မလိုက်ပါဘူး တို့ဒေါက်တာက ဘာလို့သူလိုလူနာနဲ့ကြိုက်ရမှာလဲ' ထိုသို့ကဲ့ရဲ့​နေကြသူများလဲရှိကြသည်။ မည်သို့ပင်ဖြစ်​စေ အရာအားလုံးက ​ခန့်သစ်လွင် ​ပေါ်မှာသာမူတည်​နေခြင်းဖြစ်သည်။ သူက မလွယ်ကူမှန်းသိရက်နဲ့ ​ရှေ့ဆက်တိုးချင်လျှင် မည်သူမှတားနိုင်မည်မဟုတ်ပါ။

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးTahanan ng mga kuwento. Tumuklas ngayon