Unicode
ခန့်သစ်လွင် ကဒီတိုင်းထွက်သွားလိုက်သဖြင့် မောင်နှမ ၂ ယောက်တည်းသာ ညနေစာစားဖြစ်တော့သည်။ အစကတော့ မေအိမ့်မှူး ကမသွားတော့ဘူးလုပ်နေသော်လဲ ရဲရင့်သွေး ကအတင်းခေါ်လာခြင်းဖြစ်လေသည်။ စားသောက်ဆိုင်ရောက်တော့ မေအိမ့်မှူး ၁ ယောက်စားစရာတွေကို ဟိုထိုး ဒီထိုး လုပ်ကာမျက်နှာက စူပုပ်ပုပ်။ ခဏနေတော့ လက်ထဲကခရင်းကိုချလိုက်ကာ သူမရှေ့တွင် စားကောင်းနေသော အစ်ကိုဖြစ်သူအားမေးလာတော့သည်။
မေအိမ့်မှုး: ကိုကို နားချိန်မဟုတ်ဘူးလား ခန့်သစ် ကဘယ်က အလုပ်ပေါ်လာတာလဲ
ရဲရင့်သွေး ကသူ့ညီမကို ၁ ချက်ကြည့်လိုက်ပီး၊
ရဲရင့်သွေး: လူနာ သွားကြည့်တာနေမှာပေါ့
'ငါနင့်ကို မလိမ်ဘူးနော်၊ လူနာသွားကြည့်တာ၊ အဲ့လူနာက ထူးခြားနေရုံပဲ'
ရဲရင့်သွေး စိတ်ထဲမှသာပြောလိုက်မိပါသည်။ အပြင်မှာထုတ်ပြောမိရင် သူပဲပြသနာရှာခံရမှာ။
မေအိမ့်မှူး: ဟွန့်...အိမ့်မှူး ကိုလူနာ ၁ ယောက်လောက်တောင် အရေးမပေးဘူး
_______
မနက်ခင်းရဲ့ နေရောင်ခြည်က နွေအိပ်မက် ရဲ့မျက်နှာပေါ်ဖြာကျလာမှသာလျှင် နွေအိပ်မက် နိုးလာခဲ့သည်။ သူမက မျက်လုံးတွေကိုအသာဖွင့်ကြည့်မိတော့ သူမမြင်နေရတာက ရင်ခွင်ကျယ် ၁ ခု။ သူမ မနေ့ညက ခန့်သစ်လွင် ၏ရင်ခွင်ထဲတွင်အိပ်ပျော်သွားခဲ့ခြင်းဖြစ်လေသည်။ နွေအိပ်မက် ၁ ယောက် ခန့်သစ်လွင် နိုးသွားမှာစိုးသဖြင့် အသက်ပင်ပြင်းပြင်းမရှူရဲ။ ညက သူမကိုလာစောင့်ကာ စကားပြောပေးရင်း တူတူအိပ်ပျော်သွားသည်ထင်သည်။ နွေအိပ်မက် ခန့်သစ်လွင် မျက်နှာကို အသာမော့ကြည့်မိသည်။ ထိုမျက်နှာချောချော ကအိပ်နေတာတောင်သူမအားအကြည့်ပြန်လွှဲမသွားနိုင်အောင် ဖမ်းစားထားနိုင်သည်။ ခဏကြာတော့ သူမကြည့်နေတဲ့ မျက်နှာပေါ်က မျက်ခွံလေးတွေက အနည်းငယ်လှုပ်လာသည်။ ထို့ကြောင့် နွေအိပ်မက် လဲအိပ်ချင်ဟန်ပြန်ဆောင်နေလိုက်သည်။ ခန့်သစ်လွင် ရဲ့မျက်လုံးတွေက တဖြည်းဖြည်းချင်းပွင့်လာပီး ရင်ခွင်ထဲရှိ နွေအိပ်မက် ကိုကြည့်မိသည်။
'အိပ်ချင်ယောင်ဆောင်တာလဲပီပြင်လိုက်တာ တကယ်အိပ်မောကျနေသလိုပဲ'
ခန့်သစ်လွင် ကအအိပ်ဆတ်တာကြောင့် နွေအိပ်မက် သူ့ရင်ခွင်ထဲ လှုပ်လိုက်မိထဲကနိုးနေ၍သာ သူမအိပ်ချင်ယောင်ဆောင်နေမှန်း သိခြင်းဖြစ်သည်။ ဟုတ်ပါသည်။ နွေအိပ်မက် အကျွမ်းကျင်ဆုံး အလုပ် ၂ ခုရှိသည်။ ဟန်ဆောင်ကာ ခံစားချက်တွေကိုဖုံးကွယ်ခြင်းနှင့် လျှို့ဝှက်ချက်ထိန်းသိမ်းခြင်းက သူမအကျွမ်းကျင်ဆုံးအလုပ်တွေဖြစ်သည်။ ခန့်သစ်လွင် လဲသူမကိုအကြာကြီးကြည့်နေပီးမှ နဖူးလေးကို ၁ ချက်ငုံ့နမ်းလိုက်သည်။ ပီးမှ နွေအိပ်မက် ဆက်အိပ်ချင်လဲအိပ်ရအောင် သူမခေါင်းအုံးထားသောသူ့လက်ကိုအသာဆွဲထုတ်လိုက်ရင်း အိပ်ရာမှထကာ ထွက်လာခဲ့တော့သည်။ ခန့်သစ်လွင် လဲဆေးရုံပြင်ရောက်ကာမှ အပျင်းကြောနဲနဲဆန့်လိုက်ရင်း အိမ်ပြန်ရန် ကားဆီလျှောက်လာခဲ့တော့သည်။
_______
နွေအိပ်မက် မှာတော့ ခန့်သစ်လွင် ထွက်သွားတာသေချာမှ မျက်လုံးတွေကို ၁ လုံးဆီပြန်ဖွင့်လာသည်။ ပီးနောက် သူမရင်ဘက်သူမဖိလိုက်ရင်း၊
'ရင်တွေခုန်လိုက်တာ ပေါက်ထွက်တော့မှာပဲ'
ကြည်နူးလို့ဝမှ နာရီကိုကြည့်မိတော့ ၇း၀၀ သာရှိသေးသည်။ နွေအိပ်မက် အတွက်ဒီအချိန်ကစောတာပေါ့။ ဆေးရုံမှာဆိုတော့ ပိုဆိုးသည်။ ဘာမှလဲလုပ်စရာမရှိသဖြင့် အိပ်ချည်းသာနေသည်။ ခုလဲ စောင်ပုံထဲပြန်ဝင်သွားကာ ၁ ဖက်သို့လှည့်လိုက်ရင်း ပြန်ကွေးနေတော့သည်။
_______
ဒီနေ့လဲ အောင်သူရ ပဲဆေးရုံသွားပေးရပြန်သည်။ ဒေါ်လေးကလဲ ဒီရက်ပိုင်းအလုပ်တွေများနေသည်။ သူ့သူငယ်ချင်းနဲ့ ဖက်ဆက်ဖွင့်ထားတဲ့ရတနာဆိုင်က ခုရက်ပိုင်းတော်တော်လူကျနေသည်။ နှင်းဆီနီ ကလဲသူ့အလုပ်နှင့်သူဆိုတော့ အားနေတဲ့ အောင်သူရ လေးကပဲအလုပ် ၁ ဖက်နဲ့ဆေးရုံလာပေးရတော့တာပေါ့။ အောင်သူရ လဲ နွေအိပ်မက် အတွက်ယူလာတဲ့စားစရာအထုပ်တွေဆွဲရင်းထွက်လာခဲ့သည်။ VIP လူနာခန်းတွေနား ရောက်ခါနီးကာမှ သူ့နောက်ကကောင်မလေး ၁ ယောက်ကသူပုခုံးကိုတိုက်မိသွားသည်။
မေအိမ့်မှူး: အ!
သူလှည့်ကြည့်လိုက်မိတော့ ကြမ်းပြင်ပေါ်ကျုံ့ကျုံ့လေးထိုင်နေကာ သူမရဲ့ညာဘက်ခြေကျင်းဝတ်လေးကိုလက်ဖြင့်အုပ်ကိုင်ထားလေသည်။
တကယ်တော့ မေအိမ့်မှူး ကဆေးရုံထဲကိုဖုန်းသုံးရင်းလျှောက်လာတာဖြစ်သည်။ ထို့ကြောင့် သေချာမမြင်မိဘဲရှေ့က ၁ ယောက်ကိုဝင်တိုက်မိသည်။ တိုက်မိတာက မေအိမ့်မှူး ဖြစ်ပေမယ့်လဲ ဒေါက်စီးထားတော့ အခန့်မသင့်စွာ ခြေထောက်ခေါက်ပီးလဲသွားရသည်။ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ မေအိမ့်မှူး လဲဘာမှမပြောမိပါ။ သူမ ဝင်တိုက်မိတဲ့ ၁ ယောက်ကသာ ကိုယ်ကိုကိုင်းကာ သူမရှေ့ဒူး ၁ ဖက်ထောက်လိုက်ရင်းမေးလာသည်။
အောင်သူရ: အဆင်ပြေရဲ့လား၊ ခြေထောက်နာသွားတာလား
မေအိမ့်မှူး သူ့ကိုကြည့်ကာမေးလာသော ၁ ယောက်ကိုသေချာကြည့်မိသည်။ ဒီ ၁ ယောက်လဲချောသည်ဟုပြောလို့ရသည်။ မျက်နှာဖွဲစည်းပုံက အလွန်အချိုးကျပီး ခန္ဓာကိုယ်လဲတောင့်တောင့်တင်းတင်းရှိသည်။ အသားရည်ကတော့အရမ်းမဖြူသော်လဲ အသားလက်သူဖြစ်တာကြောင့် သူ့ဟာသူတော့အတော်ကြည့်ကောင်းသည်။
'သေချာပေါက် ခန့်သစ် လောက်တော့မချောဘူးပေါ့'
မေအိမ့်မှူး လဲအကြာကြီးရုပ်ကိုအကဲဖြတ်နေမိပီးမှ၊
မေအိမ့်မှူး: ဟုတ် ခြေထောက်ခေါက်သွားတာထင်တယ်
အောင်သူရ: လာ ထ အကိုတွဲပေးမယ် ဟိုဘက်မှာ သူနာပြုတွေနဲ့ပြကြည့်ရအောင်
မေအိမ့်မှူး: ဟုတ်

YOU ARE READING
ကျွန်တော့်ရဲ့ နွေအိပ်မက်လေး
Romance'နာကျင်မှုတွေ အခက်အခဲတွေမရှိပဲ အချစ်စစ် ၁ ခုကိုရှာမတွေ့နိုင်ဘူး။ အချစ်စစ် ၁ ခုကိုလိုချင်ရင်တော့ နာကျင်မှုနဲ့ အခက်အခဲတွေကိုကျော်ဖြတ်ရမှာပဲ' (Unicode+Zawgyi)