Unicode
ငွေသော်တာ မှာ နွေအိပ်မက် အားပြန်ပြုံးပြလိုက်ပီးနောက်မေးလာသည်။
ငွေသော်တာ: ဂိမ်းဆော့နေတာလား
နွေအိပ်မက်: ဟုတ်တယ် အမရောဆော့လား တူတူဆော့ရအောင်လေ
ငွေသော်တာ မှာလက်ကိုခါယမ်းကာပြောလာသည်။
ငွေသော်တာ: တော်ပါပီ ညီမလေးရယ် အမကဂိမ်းမဆော့တတ်ဘူး
တွေအိပ်မက်: ကိစ္စမရှိပါဘူး အဲ့တာဆိုလဲ နွေဆော့တာရပ်ပီး အမနဲ့ စကားပြောမယ်လေ၊ ဘယ်လိုပဲဖြစ်ဖြစ်ဆော့နေရင် မျက်စိကြောင်ပီး အိပ်မပျော်လောက်ဘူး
ငွေသော်တာ: ကောင်းပါပီရှင်
ငွေသော်တာ မှာ နွေအိပ်မက် နှင့်စကားပြောကြည့်မိသောအခါ နွေအိပ်မက် ၏ကောင်းချက်များကိုရှာတွေ့ခဲ့သည်။ ဆေးရုံတက်နေသော လူနာ ၁ ဦးနှင့်မတူပဲ အလွန်တက်တက်ကြွကြွရှိကာ သူမဘေးရှိလူများကိုလဲ စိတ်သက်သက်သာသာရှိစေသည်။ သေချာပေါင်းကြည့်ရင် အရမ်း စိတ်ထားကောင်းတဲ့ ပုံစံမျိုးလေး။ နွေအိပ်မက် လဲ ငွေသော်တာ နှင့် ၁ ယောက် ၁ လှည့်စကားပြောနေရင်း မောမှသာအိပ်ပျော်သွားလေတော့သည်။
_______
ဆေးရုံအုပ်ရုံးခန်း,
ခန့်သစ်လွင် မှာသူ့အဖေအား နွေအိပ်မက် ၏အခြေနေနှင့်ပက်သက်ပီးမေးမြန်းလို့နေသည်။
ခန့်သစ်လွင်: အဖေ နွေအိပ်မက် အခြေနေဘယ်လိုရှိလဲ
ဦးအောင်မင်း: လူနာက strong ဖြစ်တော့ တိုးတက်မှုတော့ရှိပါတယ်၊ ဒါနဲ့ မင်း ဘာလို့ ဒီလူနာကျမှ ငါ့ကိုအသေအလဲတွေအကူညီတောင်းနေတာလဲ၊ ပြောတော့ ဆေးရုံအုပ်သားဆိုတာနဲ့ပဲ အခွင်းရေးတွေမသုံးချင်ပါဘူးဆို
ဟုတ်ပါသည်။ ခန့်သစ်လွင် မှာ နွေအိပ်မက် အားကုသပေးရန် ဦးအောင်မင်း အားအကူညီတောင်းထားခဲ့ခြင်းဖြစ်သည်။ ဆေးရုံတွင် ကိုယ့်အဖေကိုယ်တောင် မသိသလိုနေတဲ့ကောင်က အဲ့လိုအကူညီတောင်းတော့ စစချင်းမှာ ဦးအောင်မင်း လဲအံ့ဩသွားရသည်။ သို့သော်လဲ နွေအိပ်မက် ကိုမြင်ပီးသည့်နောက်မှာတော့ သူ့သားအကူညီတောင်းရခြင်းအကြောင်းရင်းကို ရိပ်မိသွားခဲ့ရသည်။
ခန့်သစ်လွင် မှာနေရခက်စွာပြုံးလိုက်ပီးနောက်၊
ခန့်သစ်လွင်: ကျွန်တော်က ဒီတိုင်း....
ဦးအောင်မင်း မှာဖြတ်ပြောလာသည်။
ဦးအောင်မင်း: အဲ့ကောင်မလေးကိုကြိုက်နေတာ ဟုတ်တယ်မလား
ခန့်သစ်လွင် မှာသူ့စိတ်အားထိုးဖောက်မြင်နေသော အဖေ အားကြောင်ကြည့်နေမိသည်။
ဦးအောင်မင်း: မင်းကိုငါမွေးထားတာပါကွာ...မင်းမပူပါနဲ့ ငါသူ့ကို အတတ်နိုင်ဆုံးပြန်ကောင်းလာအောင် ကုပေးမှာပါ
ခန့်သစ်လွင်: ကျေးဇူးတင်ပါတယ် အဖေပြောစရာမရှိတော့ရင် ကျွန်တော်သွားတော့မယ်နော်
ပြောပီးနောက် သူ့အကြောင်းထပ်မေးလာမည်စိုးသဖြင့် လစ်ထွက်လာခဲ့တော့သည်။
_______
နွေအိပ်မက် ကတော့မျက်နှာသစ်ပီး အပြင်ကိုငေးနေရင်း အမေ့အားစောင့်လို့နေသည်။ ခဏကြာတော့ ဒေါ်စံပယ်ဦး နှင့်အတူ အောင်သူရ ရောအခန်းထဲသို့ဝင်လာကြသည်။ နွေအိပ်မက် မှာတံခါးဘက်လှည့်ကြည့်လိုက်ရင်း၊
နွေအိပ်မက်: အမေရောက်လာပီလား...ကိုကို လဲပါတာပဲ
အောင်သူရ: ငါ့ညီမလေးကို moti လာပေးတာ
နွေအိပ်မက် မှာထိုစကားကြားသောအခါ မဲ့ပြလိုက်သည်။ အောင်သူရ မှာတော့ သူမအား ခြေဆုံးခေါင်းဆုံး ၁ ချက်ကြည့်လိုက်ပီး၊
အောင်သူရ: ကြည့်ရတာ moti ပေးစရာလိုတဲ့ရုပ်လဲမဟုတ်ပါဘူး
နွေအိပ်မက်: အမလေး ကျေးဇူးတင်လိုက်တာ ခုလိုလူနာခန်းထဲထိ တကူးတကလာရွဲ့ပေးလို့
အောင်သူရ: မလိုပါဘူး အချင်းချင်းတွေပဲကို
ဒေါ်စံပယ်ဦး မှာသူတို့ ၂ ယောက်ပြောသမျှနားထောင်နေရင်း ပြုံးမိသည်။
ဒေါ်စံပယ်ဦး: ကဲကဲ မောင်နှမတွေ ထမင်းစားလို့ရပီ၊ နောက်မှဆက်ပြောကြတော့
နွေအိပ်မက်: ဟုတ်ကဲ့
သူတို့ မနက်စာစားပီးသွားကြတော့ အောင်သူရ ကမေးလာသည်။
အောင်သူရ: အိပ်မက်
နွေအိပ်မက်: ဟင်
အောင်သူရ: အချိုတည်းစရာလေး ဘာလေးများမရှိဘူးလား
နွေအိပ်မက်: အောက်ထပ်မှာ မုန့်ဆိုင်တွေတော့ရှိတယ် သွားကြည့်မလား
အောငိသူရ: အေး သွားမယ်
နွေအိပ်မက် မှာ ဒေါ်စံပယ်ဦး ဘက်လှည့်ကာမေးလိုက်သည်။
နွေအိပ်မက်: အမေရော လိုက်မလား
ဒေါ်စံပယ်ဦး: တော်ပါပီ သမီးတို့သာသွားကြပါ
နွေအိပ်မက်: မှာချင်တာရော
ဒေါ်စံပယ်ဦး: မမှာတော့ဘူး
နွေအိပ်မက်: အဲ့တာဆို သမီးတို့ ခဏသွားလိုက်ဦးမယ်နော်
နွေအိပ်မက် နှင့် အောင်သူရ လဲအောက်ထပ်သို့ဆင်းလာခဲ့သည်။
_______
ခန့်သစ်လွင် ၁ ယောက်ကတော့ သူ့အခန်းတွင်လူနာကြည့်ပေးလို့နေသည်။ လူနာကြည့်ပေးပီးတော့ ခြေညောင်းလက်ဆန့် လုပ်လိုက်ရင်း ပြတင်းပေါက် အပြင်ဘက်သို့လှမ်းကြည့်လိုက်မိသည်။ နွေအိပ်မက် နှင့်အတူ ကောင်လေး ၁ ယောက်ကမုန့်ဆိုင်တွေဘက်လျှောက်သွားတာတွေ့လိုက်ရသည်။ ထိုကောင်လေး၏ ပုံစံမှာသပ်သပ်ရပ်ရပ်ရှိပီး ဝါဝင်းသောအသားရည်မျိုးရှိသည်။ ရုပ်ရည်ကလဲ ချောသည်ဟုဆိုနိုင်သည်။ နွေအိပ်မက် မှာထိုကောင်လေးနှင့် ရယ်ရယ်ပြုံးပြုံး တရင်းတနှီးစကားပြောနေသောအခါ ခန့်သစ်လွင် မှာသိချင်စိတ်ဖြစ်လာရသည်။
'ဒီကောင်က ဘယ်သူပါလိမ့်၊ ဘာလို့ နွေအိပ်မက် နဲ့ရင်းနှီးတဲ့ ပုံပေါက်နေတာလဲ'
သူချက်ချင်း လိုက်သွားချင်သော်ငြား ကြည့်ပေးဖို့ လူနာတွေကကျန်နေသေးသဖြင့် လက်လျှော့လိုက်ရသည်။ ညနေလောက်ရောက်၍ အလုပ်နဲနဲပါးသွားမှ သူလဲ နွေအိပ်မက် အခန်းဆီသို့ထွက်လာခဲ့လိုက်သည်။ သူတံခါးခေါက်ရန် ကြံလိုက်သောအခါ အထဲမှ ရယ်သံလွင်လွင်လေးပျံ့လွင့်လာသည်ကိုကြားလိုက်ရသည်။ အထဲကို ၁ ချက်ကြည့်လိုက်သောအခါ မနက်က နွေအိပ်မက် နှင့်တွဲတွေ့လိုက်သောကောင်လေးမှာ ခုချိန်ထိမပြန်သေးကြောင်းတွေ့လိုက်ရသည်။
ESTÁS LEYENDO
ကျွန်တော့်ရဲ့ နွေအိပ်မက်လေး
Romance'နာကျင်မှုတွေ အခက်အခဲတွေမရှိပဲ အချစ်စစ် ၁ ခုကိုရှာမတွေ့နိုင်ဘူး။ အချစ်စစ် ၁ ခုကိုလိုချင်ရင်တော့ နာကျင်မှုနဲ့ အခက်အခဲတွေကိုကျော်ဖြတ်ရမှာပဲ' (Unicode+Zawgyi)