အပိုင်း-(၈)

408 19 0
                                    

Unicode

ခန့်သစ်လွင် မှာ ၁ ချက်ရယ်လိုက်ပီးမှ​ပြောလာသည်။
ခန့်သစ်လွင်: အဲ့​တော့ဘာလုပ်​ပေးရမလဲ
​နွေအိပ်မက်: သူနာပြု ၁ ​ယောက်လောက်​စောင့်​အိပ်ဖို့​ခေါ်​ပေးလို့မရဘူးလား
ခန့်သစ်လွင် မှာ​နောက်မှ သူနာပြု အားလှမ်း​မေးလိုက်သည်။
ခန့်သစ်လွင်: ဒီလူနာကို​စောင့်အိပ်​ပေးဖို့ ၁ ​ယောက်ယောက် ​ခေါ်​ပေးလို့ရမလား
သူနာပြု: ကျွန်မလဲ ​ခေါ်​ပေးချင်ပါတယ် ဒါ​ပေမဲ့ ဒီ​နေ့​တော့မရ​လောက်​တော့ဘူး၊ မနက်ဖြန်မှပဲရမယ်
​နွေအိပ်မက် မှာအကူညီလို​သောမျက်လုံး​လေးဖြင့် ခန့်သစ်လွင် အားကြည့်လာသည်။ ခန့်သစ်လွင် မှာစဥ်းစားကြည့်လိုက်ပီး​နောက်၊
ခန့်သစ်လွင်: ဒီလိုဆိုရင်​ရော...ကျွန်​တော်လဲ round လှည့်တာပီးသွားပီ ဒီ​နေ့ ကျွန်​တော်လဲ ညဂျူတီကျတာဆို​တော့ ကျွန်​တော်​စောင့်​ပေးမယ်​လေ
​နွေအိပ်မက် မှာမ​သေချာမ​ရေရာ​သော​လေသံ​လေးဖြင့်​မေးလာသည်။
​နွေအိပ်မက်: အဲ့လိုရလို့လား
ခန့်သစ်လွင်: ရပါတယ် ကျွန်​တော် ခဏ​နေပြန်လာခဲ့မယ်
​နွေအိပ်မက်: ဟုတ်
ခန့်သစ်လွင်​ ​နှင့်သူနာပြု မှာထွက်သွားခဲ့သည်။ ခဏကြာ​သောအခါမှ ခန့်သစ်လွင် ၁ ​ယောက်ထဲပြန်​ရောက်လာသည်။ သူက သူမကုတင်​ဘေးရှိ ထိုင်ခုံ​ပေါ်တွင်ထိုင်လိုက်သည်။ ​နွေအိပ်မက် မှာ​တော့ သူ့အားလိုက်ကြည့်​နေမိသည်။ လူ ၂ ​ယောက်ရှိ​နေ​သောအခန်းကြီးက အရမ်းကိုတိတ်ဆိတ်လွန်း​နေသည်။ ​နွေအိပ်မက် မှာ​နေရခက်လာသည်။
​နွေအိပ်မက်: ​ဒေါက်တာ ဒီမှာအလုပ်လုပ်တာကြာပီလား
ခန့်သစ်လွင် မှာသူမအားကြည့်ကာပြန်​ဖြေလာသည်။
ခန့်သစ်လွင်: ​​ကျောင်းပီးထဲကလုပ်တာ ၂ နှစ်​လောက်​တော့ရှိပီ
​နွေအိပ်မက်: ဪ...အဲ့တာဆို ​ဒေါက်တာက ဒီလိုပဲတချို့လူနာ​တွေကို​စောင့်​ပေး​နေကျလား
ခန့်သစ်လွင် ၏မျက်နှာမှာပြုံးရိပ်သန်းသွားရသည်။
ခန့်သစ်လွင်: မဟူတ်ပါဘူး...မင်းက ပထမဆုံးပဲ ဘာလို့လဲဆို​တော့ ပထမဆုံးရက်မှာ​​စောင့်အိပ်​ပေးမဲ့ လူကိုပြန်လွှတ်တာ မင်း ၁ ​ယောက်ပဲရှိတယ်
​နွေအိပ်မက် မှာပြုံးမိသွားသည်။
​နွေအိပ်မက်: ​သူများ​တွေ ဒုက္ခများမှာစိုးလို့ပါ
ခန့်သစ်လွင် မှာသူမအား ကြည့်​နေမိသည်။ ​နွေအိပ်မက် အားကြည့်​နေမိတိုင်း သူ့အကြည့်များကိုပြန်ရုပ်သိမ်းဖို့​မေ့​နေတတ်သည်။ အမှန်ဆို ဒီ​​နေ့က သူ့ဂျူတီ မဟုတ်ရပါ။ ​နွေအိပ်မက် လာမည်ကိုသိ​နေ​သော​ကြောင့် ဂျူတီကျ​သော ဆရာဝန် ၁ ​ယောက်နှင့်လဲထားခြင်းဖြစ်သည်။ သူတို့ ၂ ​ယောက်စကား​ပြောကြရင်း ၁၀း၀၀ ​လောက်မှ ​နွေအိပ်မက် မှအိပ်​ပျော်သွားသည်။ ခန့်သစ်လွင် မှာသူမအား​စောင်​လေးခြုံ​ပေးလိုက်သည်။ သူက​တော့ သူမအား​စောင့်ကြည့်​​ပေး​နေရင်း ထိုင်ခုံ​ပေါ်တွင်လက်​ထောက်လျက်သာအိပ်​ပျော်သွားသည်။
လိုက်ကာကြားက​နေ​ရောင်​လေးအချို့က ခန့်သစ်လွင် ၏မျက်နှာ​ပေါ်သို့ကျ​ရောက်လာမှသာ ခန့်သစ်လွင် မှာနိုးလာသည်။ သူကမျက်လုံးများကိုဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ လက်နှစ်ဖက်နှင့် လည်ပင်းကိုအ​​ညောင်း​ဖြေလိုက်ပီး​နောက်မှ ​ခုချိန်ထိ အိပ်မောကျ​နေ​သေး​သော ​နွေအိပ်မက် အားကြည့်လာသည်။ ပန်းနု​ရောင် နှုတ်ခမ်းဖူးဖူးလေး​တွေ၊ စင်း​နေ​သောနှာတံ၊ ပါးနုနု​လေး ၂ ဖက်၊ မျက်လုံးဝိုင်းဝိုင်းတို့မှာ​တော့ မှိတ်လို့ထားသည်။ ခန့်သစ်လွင် မှာသူမမျက်နှာ​လေးအား အချိန်​တော်ကြာ​အောင်ကြည့်​နေခဲ့သည်။ သူမမျက်နှာနားရှိဆံပင် စ​လေးများကိုသပ်​ပေးလိုက်ကာ ​စောင်ကို​သေချာခြုံလိုက်သည်။ ပီးမှသာ အခန်းထဲကပြန်ထွက်လာခဲ့သည်။ ခန့်သစ်လွင် မှာအိမ်ပြန်​ရေမိုးချိုးရန် ကားပါကင်သို့ထွက်လာခဲ့သည်။ ကားပါကင်မ​ရောက်ခင် လမ်း ၁ ဝက်၌ ​ရဲရင့်​သွေး နှင့်တိုးပါ​တော့သည်။ ရဲရင့်​သွေးမှာ ခန့်သစ်လွင် ကို​တွေ့သည်နှင့် အမိအရဖမ်းကာ​မေးလာ​တော့သည်။
ရဲရင့်​​သွေး: ​ဟေ့​ကောင် မင်းမ​နေ့ကအိမ်မပြန်ဘူးလား
ခန့်သစ်လွင်: အင်း​ ဘာဖြစ်လို့လဲ
ရဲရင့်​သွေး မှာအနည်းငယ်စဥ်းစားကြည့်လိုက်ပီး​နောက်၊
ရဲရင့်​သွေး: မ​နေ့က မင်းဂျူတီ​မဟုတ်ပါဘူး
ခန့်သစ်လွင်: အင်း တခြားလူအစား​နေ​ပေးတာ
ရဲရင့်​သွေး မှာထိုစကားကိုကြား​သောအခါ အံ့ဩခြင်းကြီးစွာဖြင့်​ပြောလာသည်။
​ရဲရင့်​သွေး: မင်းလို​ကောင်ကလား တခြားလူအစား​နေ​ပေးတာ၊ ငါ့အစား​နေခိုင်တာ​တောင် ငါမနဲတိုးလျှိုး​တောင်းပန်​နေရတဲ့​ကောင်က​​လေ?
ခန့်သစ်လွင် ထို​ကောင်အား'မင်းဘာဖြစ်ချင်​နေတာလဲ'ဟူ​သောအဓိပ္ပါယ်ဖြင့် ၁ ချက်စူးရဲစွာကြည့်လိုက်သည်။ ခန့်သစ်လွင် ၏အကြည့်များကိုသ​ဘော​ပေါက်သွား​သောအခါ ရဲရင့်​သွေး မှာပြုံးပြလိုက်လျက်၊
ရဲရင့်​သွေး: အဲ့လိုကြီးမကြည့်ပါနဲ့ကွာ၊ ဆက်မ​မေး​တော့ပါဘူး
ခန့်သစ်လွင်: ပီးတာပဲ...ငါသွားပီ
ခန့်သစ်လွင် မှာလှည့်ထွက်သွား​လေ​တော့သည်။ ရဲရင့်​သွေး မှာ​တော့ ခန့်သစ်လွင် အားအထူးဆန်းကြီးသဖွယ်လိုက်ကြည့်​နေ​တော့သည်။
'၁ ခုခု​တော့ရှိကိုရှိရမယ်'
_______
​နွေအိပ်မက် မှာမျက်လုံး​လေးများပွတ်ကာနိုးလာသည်။ သူမ၏မျက်လုံးဝိုင်း​လေးများမှာ လုံးဝမကြည်လင်ကြ​သေး။ ကြည့်ရသည်မှာ မ​နေ့ညကနှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်ခဲ့ပုံ​ပေါ်ပါသည်။ သူမက မျက်လုံး​တွေကြည်လာ​သောအခါ ​ရေချိုးခန်းထဲဝင်သွားသည်။ သွားတိုက်​နေရင်းက ​တွေးမိ​တွေးရာလဲ ​တွေး​နေမိပြန်သည်။
'​ဒေါက်တာ ခန့်သစ်လွင် က​တော်တော်​ချောတယ်၊ သဘောလဲ​ကောင်းတယ်၊ သူ့​ကောင်မ​လေးဖြစ်မယ့်သူက​တော့ ​တော်​​တော်ကံ​ကောင်းမှာပဲ'
တကယ်​တော့ သူမမသိတာ ၁ ခုရှိ​လေသည်။ ထိုအရာမှာ ခန့်သစ်လွင် ကအခြားသူများအ​ပေါ်ခပ်တန်းတန်း ပဲဆက်ဆံတတ်သ​လောက် သူမအ​ပေါ်တွင်​တော့ အလွန်တရာဂရုစိုက်ကာ သ​ဘော​ကောင်း​ပေးသည်ဟူ​သောအချက်ပင်ဖြစ်သည်။

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးWhere stories live. Discover now