Unicode
နွေအိပ်မက် အိမ်သို့ပြန်ရောက်လာခဲ့သည်။ ဒေါ်စံပယ်ဦး မှာနေ့လည်စာအတွက်ပြင်ဆင်နေရင်းက ပြောလာသည်။
ဒေါ်စံပယ်ဦး: သမီး ဆရာဝန် ကဘာတဲ့လဲ
နွေအိပ်မက် မှာသူမအမေအားအကြာကြီးကြည့်လို့နေသည်။ ဒေါ်စံပယ်ဦး မှာတော့ စကားပြန်မရသဖြင့် နွေအိပ်မက် နားသွားလိုက်ကာ၊
ဒေါ်စံပယ်ဦး: သမီးဘာဖြစ်လို့လဲ
ထိုအခါမှသာ နွေအိပ်မက် မှာတိုးလျစွာပြန်ဖြေလာတော့သည်။
နွေအိပ်မက်: အမေ...ဆရာဝန် ကပြောတယ်၊ သမီးက အသည်းကင်ဆာဖြစ်နေတာတဲ့
ဒေါ်စံပယ်ဦး မှာအံ့ဩဆွံ့အသွားရသည်။ အရမ်းလဲစိတ်ပူသွားရသည်။ သို့သော်လဲ သူမမှာစိတ်မာသူ ၁ ဦးဖြစ်ရာ အရမ်းတော့ ရှော့မရသွားပါချေ။
ဒေါ်စံပယ်ဦး: သမီးရယ် သေချာရဲ့လား
နွေအိပ်မက်: ဟုတ်...ဒါပေမဲ့...အမေ အရမ်းကြီးစိတ်မပူပါနဲ့ ဆရာဝန်ကပြောတယ်...သမီး အခြေနေကအရမ်းမဆိုးသေးတော့ ပျောက်အောင်ကုလို့ရပါတယ်တဲ့
ဒေါ်စံပယ်ဦး မှာစဉ်းစားချင့်ချိန်ကာပြောလာသည်။
ဒေါ်စံပယ်ဦး: သမီး ဒါမှမဟုတ်လဲ သမီးအဖေက အမေရိကားမှာရှိနေတာပဲ အဲ့မှာသွားကုရင်ရော
နွေအိပ်မက်: သမီး နိုင်ငံခြားကိုမသွားချင်ဘူး အမေ အရမ်းစိတ်ရှုပ်ရလိမ့်မယ်...ဒီမှာပဲ အရင်ကုကြရအောင်ပါ နော်
ဒေါ်စံပယ်ဦး မှာသက်ပြင်း ၁ ချက်ချလိုက်ပီးနောက်၊
ဒေါ်စံပယ်ဦး: အဲ့တာဆိုလဲ အရင်ဆုံးဒီမှာကုပီး အခြေနေစောင့်ကြည့်ကြတာပေါ့....ပီးတော့ သမီးအလုပ်တွေကိုအမြန် တခြားလူကိုလွှဲပေးလိုက်တော့ ဆေးကုဖို့ပဲအရင်လုပ်ရအောင်
နွေအိပ်မက်: ဟုတ်
ဒေါ်စံပယ်ဦး မှာ နွေအိပ်မက် ၏ကျောလေးကိုပုတ်ကာနှစ်သိမ့်လိုက်သည်။
ဒေါ်စံပယ်ဦး: သမီး ဘာမှမပူနဲ့ သမီး လုံးဝနေပြန်ကောင်းစေရမယ်
နွေအိပ်မက် မှာသူမအမေ၏ ရင်ခွက်ထဲတွင်ဝင်နေလိုက်တော့သည်။ ဒေါ်စံပယ်ဦး မှာတော့ သူမအားထွေးထားလိုက်သည်။
_______
ရုံးတွင်ဖြစ်သည်။ နွေအိပ်မက် မှာအလုပ်များအားလုံးကို လက်ထောက်အားလွှဲပေးနေသည်။
လက်ထောက်: မနွေအိပ်မက် ဆေးရုံကဘယ်နေ့သွားမှာလဲ
နွေအိပ်မက်: မနက်ဖြန်လေ အဲ့တာကြောင့် ဒီနေ့အလုပ်တွေအကုန်လာ လက်စသပ်တာ
လက်ထောက်: မနွေအိပ်မက် အားတင်းထားနော် ကျွန်တော်တို့လဲ အားရင်လာလည်ပါ့မယ်
နွေအိပ်မက် မှာပြုံးလျက်သာပြန်ဖြေလာသည်။ သူမ၏အခုစိတ်အခြေနေမှာ စစချင်းကထက် အများကြီးကောင်းလာသည်ဟုပြောလို့ရသည်။ သူမစိတ်ကိုပြင်ဆင်သွားနိုင်ခဲ့သည်။
နွေအိပ်မက်: ကျေးဇူး
_______
နွေအိပ်မက် အားဆေးရုံသို့ ဒေါ်စံပယ်ဦး နှင့် နှင်းဆီနီ တို့လိုက်ပို့ပေးကြသည်။ သူမအတွက် VIP ခန်း ၁ ခန်းအားငှားပေးထားသည်။ သူမတို့ရောက်သောအခါ ပစ္စည်းများကိုအရင်နေရာချကြသည်။
ဒေါ်စံပယ်ဦး: ဒီနေ့ ပထမဆုံးနေ့ဆိုတော့ အမေစောင့်အိပ်ပေးရမလား
နှင်းဆီနီ: ငါရော အိပ်ပေးရမလား
နွေအိပ်မက် မှာပြုံးလျက် လက်ရမ်းကာပြောလာသည်။
နွေအိပ်မက်: မလိုပါဘူး ၂ ယောက်လုံးပြန်ပီး အနားယူကြပါ၊ ဒီမှာအိပ်ရတာ သက်တောင့်သက်သာ ရှိမှာမဟုတ်ဘူး
ဒေါ်စံပယ်ဦး: အဲ့တာဆိုလဲ ဆေးစစ်ပီးတဲ့ထိတော့နေပေးမယ်လေ
နှင်းဆီနီ: ငါရောပဲ
နွေအိပ်မက် မှာငြင်းလို့မရမှန်းသိနေသဖြင့် လက်ခံလိုက်ရသည်။ ဆေးစစ်ချိန်ရောက်သောအခါ ဆရာဝန် ၁ ယောက်နှင့် သူနာပြု ၁ ယောက်ရောက်လာခဲ့သည်။ ဆရာဝန်ကြီး မှာ နွေအိပ်မက် ၏အဖေအရွယ်လောက်တော့ရှိသည်။ သို့သော်လဲ ပြုံးပြုံး ပြုံးပြုံး နှင့်အလွန်သဘောကောင်းသည်။ စစ်ဆေးပီးနောက်ပြန်ထွက်သွားသည်။ နှင်းဆီနီ မှာနွေအိပ်မက် နားကပ်ကာပြောလာသည်။
နှင်းဆီနီ: ဟို ဒေါက်တာ ချောချောလေး မကုပေးဘူးလား
နွေအိပ်မက် မှာ နှင်းဆီနီ အားတွန်းလိုက်လျက်ပြောလာသည်။
နွေအိပ်မက်: နင်ဘယ်လိုဖြစ်
ညနေလောက်ရောက်တော့ နှင်းဆီနီ ရော ဒေါ်စံပယ်ဦး ပါပြန်သွားကြသည်။ နွေအိပ်မက် မှာနေရာစိမ်းနေသဖြင့် ၁ မျိုးကြီးခံစားရသည်။ ထို့အပြင် သူမရောက်နေတာက ဆေးရုံဖြစ်နေတော့ပိုဆိုးသည်။ သူမမှာ ပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်နေရင်း တွေးမိတွေးရာတွေးနေခဲ့မိသည်။ သူမဘဝကလဲ တကယ်ကို'ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ'ဆိုသလိုပဲ။ တိုက်တိုက်ဆိုင်ဆိုင် ၁၀ တန်း နှစ်ရောက်မှ အဖေနဲ့ အမေ ကကွဲသွားသည်။ သူမမှာ သူမ၏စိတ်အဆင်မပြေမှုများကို လျစ်လျူရှုရန် အတော်ကြိုးစားခဲ့ရသည်။ အခု အရာအားလုံးမေ့မေ့ပျောက်ပျောက် ဖြစ်ပီး အဆင်ပြေခါနီးကာမှ ဒီရောဂါက ထဖြစ်ပြန်သည်။ တကယ်ကို ကံဆိုးလွန်းသည်။ ထိုအချိန်တွင် သူမအခန်းတံခါးအား ၁ ယောက်ယောက်ကခေါက်လာသည်။ ထိုအခါမှသာ သူမအတွေးများပြတ်တောက်သွားရသည်။ အထဲသို့ ဆရာဝန် ၁ ယောက်နှင့် သူနာပြု ၁ ယောက်ဝင်လာပြန်သည်။ ဆရာဝန်မှာ ခန့်သစ်လွင် ဖြစ်သည်။
ခန့်သစ်လွင်: ကျွန်တော် ညနေဘက် round လှည့်တာပါ၊ လူနာ အဆင်မပြောတာတွေ ဘာတွေများရှိလား
နွေအိပ်မက် မှာပြုံးပြလိုက်လျက်၊
နွေအိပ်မက်: အကုန်ပြေပါတယ်၊ ၁ ခုပဲ
ခန့်သစ်လွင်: ဘာဖြစ်လို့လဲ
နွေအိပ်မက်: ကျွန်မ သရဲကြောက်တယ်
လုန်ပြန်ပီ။ ထိုကောင်မလေး၏ရုတ်တရက်စကား ၁ ခွန်းမှာ ခန့်သစ်လွင် အားအမြဲ ပြုံးသွားအောင်လုပ်နိုင်သည်။
ခန့်သစ်လွင်: သရဲမရှိပါဘူး
နွေအိပ်မက်: ဒါပေမဲ့ ကြောက်တာပဲလေ
ခန့်သစ်လွင်: အဲ့တာဆို ဘာလို့ အိမ်ကလူတွေကိုပြန်လွှတ်လိုက်တာလဲ
နွေအိပ်မက် မှာခုမှနောင်တရသောပုံလေးဖြင့်၊
နွေအိပ်မက်: အဲ့တုန်းကလင်းနေသေးတယ်လေ ကြောက်ရကောင်းမှန်းမှမသိတာ
DU LIEST GERADE
ကျွန်တော့်ရဲ့ နွေအိပ်မက်လေး
Romantik'နာကျင်မှုတွေ အခက်အခဲတွေမရှိပဲ အချစ်စစ် ၁ ခုကိုရှာမတွေ့နိုင်ဘူး။ အချစ်စစ် ၁ ခုကိုလိုချင်ရင်တော့ နာကျင်မှုနဲ့ အခက်အခဲတွေကိုကျော်ဖြတ်ရမှာပဲ' (Unicode+Zawgyi)