အပိုင်း-(၁၁)

372 18 0
                                    

Unicode

ခန့်သစ်လွင် မှာတံခါး​ခေါက်လိုက်သည်။ ​နွေအိပ်မက် က​တော့ တံခါးဘက်လှည့်ကြည့်လိုက်ရင်း၊
​နွေအိပ်မက်: ဘယ်သူလဲ မသိဘူး
​အောင်သူရ: ငါသွားဖွင့်​ပေးလိုက်မယ်
​အောင်သူရ ကတံခါးသွားဖွင့်​ပေးလိုက်​သောအခါ ​နွေအိပ်မက် မှာ ခန့်သစ်လွင် အားလှမ်း​တွေ့လိုက်ရသည်။ ခန့်သစ်လွင် အား​တွေ့သည်နှင့် ​နွေအိပ်မက် မျက်နှာ​ပေါ်မှ အပြုံးတို့ကပို​တောက်ပလာကြသည်။
​နွေအိပ်မက်: ဪ ​ဒေါက်တာပဲ လာ​လေ
ခန့်သစ်လွင် မှာလဲ ​နွေအိပ်မက် အားပြန်ပြုံးပြလိုက်လျက် အထဲသို့ဝင်လာခဲ့သည်။
​နွေအိပ်မက်: ​ဒေါက်တာ ဘာကိစ္စများရှိလို့လဲ
ခန့်သစ်လွင်: ဒီတိုင်း အဆင်​ပြေလားလို့ လာကြည့်တာပါ၊ ခါတိုင်းဆို ​နွေအိပ်မက် ကဒီချိန် ၁ ​ယောက်ထဲဖြစ်​နေတတ်လို့၊ ဒီ​နေ့​တော့ ၁ ​ယောက်တည်းမဟုတ်ဘူးပဲ
​နွေအိပ်မက် မှာ ခန့်သစ်လွင် ​​နောက်တွင်ရပ်​နေ​သော ​အောင်သူရ အားညွှန်ပြလိုက်ရင်း မိတ်ဆက်​ပေးလိုက်သည်။
​နွေအိပ်မက်: သူက ​နွေရဲ့ ဝမ်းကွဲအစ်ကို​လေ၊ ဝမ်းကွဲဆို​ပေမဲ့ အရမ်းရင်းနှီးကြတယ်
​နွေအိပ်မက် မှာ​ အောင်သူရ ဘက်ကိုလှည့်လိုက်ရင်း ​ပြောပြန်သည်။
​နွေအိပ်မက်: သူက ​ဒေါက်တာခန့်သစ်လွင် ကိုကို့ကိုဟို ၁ ခါ​ပြောပြတဲ့သူ​လေ
​အောင်သူရ: ​ဪ...​တွေ့ရတာဝမ်းသာပါတယ်
ခန့်သစ်လွင်: ဟုတ်ကဲ့
'လက်စသက်​တော့ ဝမ်းကွဲအစ်ကိုဖြစ်​နေတာကိုး'
​အောင်သူရ မှာ ​နွေအိပ်မက် ကို ၁ လှည့် ခန့်သစ်လွင် ကို ၁ လှည့်အကဲခတ်လိုက်မိသည်။
'ကြည့်ရတာ ဒီ ၂ ​ယောက်ကြားမှာ ၁ ခုခု​တော့ရှိတဲ့ပုံပဲ ငါ third wheel ​တော့မဖြစ်ချင်ဘူး'
​အောင်သူရ: အိပ်မက် ငါပြန်​တော့မယ် ​နောက်မှထပ်လာခဲ့မယ်
​နွေအိပ်မက်: ပြန်​​တော့မလို့လား ​ပြော​တော့ ညအိပ်ချင်လဲအိပ်မယ်ဆို
ထိုစကားကိုကြား​သောအခါ ခန့်သစ်လွင် ၏အကြည့်များက ​အောင်သူရ ဆီ​ရောက်သွားရသည်။ ထိုအကြည့်များ​ကြောင့်လား​တော့မသိ။ ​အောင်သူရ လဲ​ကျောမလုံသလိုခံစားလိုက်ရသည်။
​အောင်သူရ: မအိပ်​တော့ဘူး၊ အစက​တော့ နင့်ကို​စောင့်​ရှောက်​ပေးမဲ့လူမရှိဘူးထင်လို့​ပြောတာ၊ ခုကြည့်ရတာ​တော့ အဲ့လိုမဟုတ်တဲ့ပုံပဲ၊ အဲ့​တော့ ငါပြန်​တော့မယ်
​နွေအိပ်မက် မှာ​ ​အောင်သူရ ၏စကားကိုနားမလည်လိုက်ငြား အထူးတလည်ပြန်မ​မေး​နေ​တော့၊
​​နွေအိပ်မက်: ​အဲ့တာဆိုလဲ ဂရုစိုက်ပြန်ဦး
​အောင်သူရ: အင်း
ထို့​နောက် ​အောင်သူရ လဲပြန်သွား​တော့သည်။ ​အောင်သူရ ထွက်သွားပီးမှ ​နွေအိပ်မက် က ခန့်သစ်လွင် အား​ပြောလာသည်။
​နွေအိပ်မက်: ​ဒေါက်တာ ထိုင်​လေ
ခန့်သစ်လွင် လဲ​ခေါင်းညိတ်ပြလိုက်ပီး ဆိုဖာ​ပေါ်တွင်ဝင်ထိုင်လိုက်သည်။
ခန့်သစ်လွင်: ဒီ​​ရက်​တွေအတွင်း ​နေလို့မ​ကောင်းတာ​တွေ ဘာ​တွေဖြစ်​သေးလား
​နွေအိပ်မက်: ဟင့်အင်း အ​ကောင်းတိုင်းပဲ ၁ ခါ ၁ ခါ ဗိုက်​လေးနဲနဲနာတာကလွဲလို့​ပေါ့
ခန့်သစ်လွင်: အဲ့တာက​တော့ ဖြစ်တတ်ပါတယ်၊ အရမ်းမပြင်းထန်ရင်​တော့ မစိုးရိမ်ရပါဘူး
​နွေအိပ်မက် မှာဂျူတီကုတ် အဖြူ​ရောင်​လေးဝတ်ထား​သော သူမမျက်စိ​ရှေ့ရှိ ထို​ဒေါက်တာလေးကို​ငေးကြည့်​နေမိသည်။
'ချောလိုက်တာများ​ပြောမပြတတ်​လောက်​အောင်ပဲ'
ခန့်သစ်လွင် ကသူမအား ​ကြည့်လာ​သောအခါ တွင်​တော့ မျက်လုံး ၂ ခုကအကြည့်ချင်းဆုံသွားရသည်။ ​ထိုအခိုက်တန့်​လေးတွင် နွေအိပ်မက် ၏နှလုံးသား ၁ စုံကလှုပ်ခတ်သွားမိသည်။ ခန့်သစ်လွင် က​တော့ ဘာမှမဖြစ်သလိုပင် သူမ၏မျက်လုံး​တွေအားကြည့်​နေရင်း​မေးလာသည်။
ခန့်သစ်လွင်: မ​နေ့က ​ငွေ​သော်တာ လာ​​စောင့်အိပ်​ပေးတာ အဆင်​ပြေရဲ့လား
ထိုအခါမှ ​နွေအိပ်မက် လဲကိုယ့်စိတ်ကိုပြန်စုစည်းကာ​ဖြေလာသည်။
​နွေအိပ်မက်: ​ပြေပါတယ် အဲ့သူနာပြု အမ ကသ​ဘော​ကောင်းတယ်...ဒါနဲ့...
​နွေအိပ်မက် ကိုကြည့်ရသည်မှာ ​ပြောဖို့မချင့်မရဲဖြစ်​နေပုံ​ပေါ်​လေသည်။
ခန့်သစ်လွင်: ဘာ​ပြောမလို့လဲ ​ပြော​လေ
​နွေအိပ်မက်: ဟို​လေ...​နွေ့ကို ​နွေအိပ်မက် လို့အပြည့်စုံကြီး မ​ခေါ်ပါနဲ့လား မရင်းနှီးသလိုခံစားရတယ်၊ သူများ​တွေ​ခေါ်သလို အိပ်မက် ပဲဖြစ်ဖြစ် ​နွေ ပဲဖြစ်ဖြစ် ​ခေါ်လို့ရတယ်
ထိုစကားကိုကြား​သောအခါ ခန့်သစ်လွင် မှာပြုံးမိသွားသည်။
ခန့်သစ်လွင်: ​ကောင်းပါပီ ကိုယ် ​နွေအိပ်မက် ကို ​နွေလို့ပဲ​ခေါ်ပါ့မယ်၊ ဒါ​ပေမဲ့ မင်းလဲ ကိုယ့်ကို ​ဒေါက်တာလို့ မ​ခေါ်ရဘူး နာမည်ဖြစ်ဖြစ်​ခေါ်ရမယ် အဲ့လိုဆိုရင်​ရော
​နွေအိပ်မက် နားကြားမမှားလိုက်ပါ။ ခန့်သစ်လွင် ကသူကိုယ့်သူ 'ကိုယ်' လို့သုံးသွားတာဖြစ်သည်။ ​​နွေအိပ်မက် အတွက် ခန့်သစ်လွင် ထိုသို့နာမ်စားသုံးလိုက်ခြင်းကို အလွန်နှစ်သက်မိသည်။ သူမက ​တော်ရုံ တန်ရုံ ​ယောက်ျားလေး ၁ ​ယောက်ကထိုသို့ရင်းရင်းနှီးနှီး သုံးနှုန်းလာခြင်းကို သ​ဘောမကျတတ်ပါ။ သူနဲ့ကျမှ ​​နွေအိပ်မက် က ​နွေအိပ်မက် နဲ့​တောင်မတူ​တော့သလို။ သူမကပြုံးပြလာလျက်၊
​နွေအိပ်မက်: အင်း....အဲ့တာဆို...ခန့်သစ်လွင် လို့​ခေါ်ရမှာက နဲနဲ​တော့ရိုင်းသလိုပဲ ​နွေ အလယ်စာလုံး​လေးကိုကြိုက်တယ် 'အသစ်' ဆိုရင်​ရော
ထိုစကားကိုကြား​သောအခါ ခန့်သစ်လွင် ဘယ်လိုမှမ​နေနိုင်​တော့ပါ သွားတန်း​တွေ​ပေါ်လာသည်အထိ ရယ်မိ​တော့သည်။
'ဘာရယ်! အသစ် တဲ့လား၊ သူပဲရှာရှာကြံကြံ စဥ်းစားတတ်တယ်'
​နွေအိပ်မက်: ဘာလို့ရယ်တာလဲ
ခန့်သစ်လွင် မှာကိုယ့်ကိုကိုယ် မနဲပြန်ထိန်းထားလိုက်ရပီး၊
ခန့်သစ်လွင်: ဘာမှ​တော့မဖြစ်ပါဘူး ကိုယ့်ကို အဲ့လိုမျိုး ဘယ်သူမှမ​ခေါ်ဖူး​တော့ ၁ မျိုးရယ်ချင်သွားလို့
​နွေအိပ်မက်: အဆင်မ​ပြေလို့လား
ခန့်သစ်လွင်: ရပါတယ် မင်းအဆင်​ပြေသလိုပဲ​ခေါ်ပါ
​နွေအိပ်မက်: ဒါနဲ့​လေ လူနာကြည့်စရာမရှိ​တော့ဘူးလား
ခန့်သစ်လွင်: အင်း မရှိ​တော့ဘူး
​နွေအိပ်မက် ၏မျက်လုံး​လေးများလက်လာသည်။
​နွေအိပ်မက်: အသစ် ဂိမ်း​ဆော့လား
ခန့်သစ်လွင်: အင်း​ ဆော့တယ်
​နွေအိပ်မက်: တူတူ​ဆော့ရ​အောင် ​နွေနဲ့​ဆော့​ပေးမဲ့လူမရှိလို့ပျင်း​နေတာ
ခန့်သစ်လွင်: ​ဆော့​ပေးမယ်​လေ ​နွေ့အ​ကောင့်နာမည်ကဘာလဲ
​နွေအိပ်မက်: Spring

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးWhere stories live. Discover now