အပိုင်း-(၂၃)

323 19 0
                                    

Unicode

သူ့​ရှေ့တွင် ချစ်စရာ​ကောင်းအောင်လာလုပ်ပြ​နေ​သော​ကောင်မ​လေးအား အသည်းယားလာသဖြင့် ခန့်သစ်လွင် ​က ​နွေအိပ်မက် လက်က​နေဆွဲကာသူ့ပေါ်ထိုင်​စေလိုက်သည်။ ​နွေအိပ်မက် လည်းရုတ်တရက်ဆို​တော့​ကြောင်သွားပီး ခန့်သစ်လွင် အားကြည့်​နေမိသည်။ ခန့်သစ်လွင် ​၏ရင်ဘတ်​ပေါ်​ရောက်​နေ​သော သူမလက်​တွေက ခန့်သစ်လွင် ၏လျင်မြန်​သောရင်ခုန်နှုန်း​​​တွေကိုစမ်းမိလျက်သားဖြစ်​နေသည်။
'သူ...သူအခုရင်ခုန်​နေတာလား?'
ခန့်သစ်လွင် ကသူ့ကို​ကြောင်ကြည့်​နေတဲ့ ​ကောင်မ​လေးရဲ့မျက်နှာနားထိတိုးကပ်သွားလိုက်သည်။ ၁ ​ယောက်အသက်ရှူသံ ၁ ​ယောက်ခံစားမိသည်အထိ။ ​နွေအိပ်မက် သတိထားလိုက်မိချိန်မှာ​တော့ သူမရဲ့နှုတ်ခမ်း ၁ စုံက နူးညံ့စွာနမ်းရှိုက်ခံ​နေရပီဖြစ်သည်။ နူးညံ့ပီး ချိုမြိန်​သော ထိုခံစားချက်က သူမကိုသူ့အနမ်း​တွေကြားပျော်ဝင်သွား​စေသည်။ ခဏကြာ​သောအခါမှ ခန့်သစ်လွင် ကသူမကိုလွှတ်​ပေးပီး သူမအားကြည့်လာသည်။
ခန့်သစ်လွင်: ကိုယ့်ကို စိတ်ဆိုးသွားလား
​နွေအိပ်မက် က​ခေါင်းခါပြသည်။ ခုချိန်တွင် သူမစကားမ​ပြောနိုင်ပါ ရင်​တွေခုန်လွန်းလို့ ​​ပေါက်ထွက်​တော့မတတ်ခံစား​နေရသည်။ သူမက ခန့်သစ်လွင် ​ပေါ်မှထလိုက်ကာ ကိုယ်​​ပေါ်က ဂျူတီကုတ်ကိုချွတ်လိုက်သည်။ ပီး​နောက် ခန့်သစ်လွင် လက်ထဲထည့်​ပေးလိုက်ရင်း၊
​နွေအိပ်မက်: ခဏ​နေလူနာကြည့်ရ​တော့မှာမလား ​နွေ သွား​တော့မယ်
​ပြောပီးသည်နှင့် ၁ ချိုးတည်းထွက်​ပြေးသွား​​သော ​ကောင်မ​လေး၏ ​နောက်​ကျောပြင်​လေးကိုကြည့်ကာ ခန့်သစ်လွင် ပြုံးမိ​တော့သည်။
_______
​မေအိမ့်မှူး ဒီ​နေ့လည်းဆေးရုံသို့​ရောက်လာခဲ့ပြန်သည်။ သူမက ခန့်သစ်လွင် ကို​တွေ့ရန် လာတာဖြစ်​သော်လည်း မသိစိတ်ထဲမှာ​တော့ တခြား ၁ ​ယောက်ကိုရှာ​နေမိသည်။
'အဲ့ ၁ ​ယောက် ဒီ​​နေ့​ရောလာလား မသိဘူး'
ဟိုရှာ ဒီရှာလုပ်​နေ​သော ​မေအိမ့်မှူး ကို​ round လှည့်ပီးပြန်လာ​သော ရဲရင့်​သွေး က​တွေ့မိသွားသဖြင့် သူ့ညီမနားသွားကာ ​မေးလိုက်သည်။
ရဲရင့်​သွေး: အိမ့်မှူး...ဘယ်သူ့ကိုရှာ​နေတာလဲ
​မေအိမ့်မှူး က​နောက်လှည့်ကြည့်လိုက်ပီး သူ့အစ်ကို ကို​တွေ့​သောအခါ၊
​မေအိမ့်မှူး: ကိုကို ကဘယ်က​ရောက်လာရပြန်တာတုန်း
ရဲရင့်​သွေး: ဒါငါအလုပ်လုပ်တဲ့​ဆေးရုံ​လေ ဘယ်က​ရောက်လာတယ်ထင်လို့လဲ
​မေအိမ့်မှူး: မသိဘူး သွားသွား အိမ့်မှူး ကိုလာမ​နှောက်ယှက်နဲ့ ကိုယ့်အလုပ်ကိုသွားလုပ်​နေ သွား
ရဲရင့်​သွေး ကသူ့ညီမကိုမသင်္ကာသလို ၁ ချက်ကြည့်လိုက်ရင်း၊
ရဲရင့်​သွေး: နင် ခန့်သစ်လွင် ရဲ့ရုံးခန်းကိုလဲသိပါတယ်၊ ဘယ်သူ့ကိုရှာ​နေတာလဲ အခုက
ရဲရင့်​သွေး ကို ​မေအိမ့်မှူး စိတ်မရှည်​တော့သလိုကြည့်လိုက်ရင်း၊
​မေအိမ့်မှူး: ​ဒေါက်တာရဲရင့်​သွေး ရယ် လူနာ​တွေကြည့်​ပေးစရာမရှိဘူးလား၊ သူများကိစ္စမစပ်စုဘဲ ​နေ​ပေးစမ်းပါ
ရဲရင့်​သွေး က​တော့ ထွက်မသွားခင် ကိုယ့်ဘာသာကိုယ်​ပြောသလိုနှင့် ရွဲ့သွားလိုက်​​သေးသည်။
ရဲရင့်​သွေး: ဪ ​အေးပါ ကိုယ့်ညီမကိစ္စက ကိုယ်နဲ့မဆိုင်ဘူးဆို​တော့ မစပ်စုသင့်ပါဘူး​လေ
​မေအိမ့်မှူး က​တော့ သူ့ကိုရွဲ့သွား​သော သူအားမျက်​စောင်း ၁ ချက်လှည့်ထိုးလိုက်​သေးသည်။ မည်သို့ပင်ဖြစ်​စေ ထိုသူအား ဒီ​နေ့​တော့ ​ဆေးရုံ​တွင်မ​တွေ့မိပါ။
_______
​နွေအိပ်မက် ၁ ​ယောက်ဒီရက်ပိုင်းအတွင်း အားနည်းလာသလိုခံစားလာရသည်။ ဗိုက်ထဲကနာကျင်မှုကလဲ မထင်ရင်မထင်သလိုဖြစ်လာတတ်​သေးသည်။ ၁ ခါနာကျင်မှုခံစားပီးသွားတိုင်း လူကလုံးဝအားမရှိ​တော့သလိုပင်။ ခုရက်ပိုင်း အစားလည်းအရင်က​လောက်မစားဖြစ်​တော့။ အစား​လေးနည်းနည်းပိုစားမိတာနဲ့ ပြန်အန်ထွက်လာတတ်သည်။ သူမ အ​ခြေ​နေမ​ဟန်တော့သည်ကို ​နွေအိပ််မက် သတိထားမိလာသည်နှင့်အမျှ သူမ၏အ​ဖေနှင့်လိုက်သွားကာ ကုသမှုခံယူရန် စဉ်းစားမိလာ​တော့သည်။ သူမမှာအစတည်းက ဒီမှာ​နေရင်း အ​ခြေ​နေပိုဆိုးလာရင်လိုက်သွားဖို့အစီစဉ်ရှိပါသည်။ သို့​သော်လဲ ခု​တော့အချိန်ဆွဲ​နေမိသည်။ သူမ ထွက်သွားပီးရင် ပြန်လာနိုင်မလား မလာနိုင်ဘူးလားဆိုသည်ကိုလဲသူမ​သေချာမသိပါ။ အကယ်၍အပီးပိုင်ထွက်သွားရမည်ဆိုလျှင်လဲ သူ့ဆီမှာ လှပတဲ့ပုံရိပ်​လေး​တွေကိုသာ ချန်ရစ်ခဲ့ချင်သည်။
၁ ရက်​တော့ ခန့်သစ်လွင် ကသူမဆီ​ကောင်မ​လေး ၁ ​ယောက်နှင့်အတူ​ရောက်လာခဲ့သည်။ ထို​ကောင်မ​လေးကို ​​နွေအိပ်မက် မှတ်မိပါသည်။ အရင် ၁ ခါကသူမကို ခန့်သစ်လွင် အ​ကြောင်း​​မေးတဲ့​​ကောင်မ​လေးဖြစ်သည်။ ​မေအိမ့်မှူး ကသူမကိုပြုံးပြကာနှုတ်ဆက်လာသည်။
​မေအိမ့်မှူး: မမ မင်္ဂလာပါ အိမ့်မှူး တို့ ၁ ခါ​တွေ့ဖူးတယ်​လေ၊ အိမ့်မှူး က ခန့်သစ် ​ကောင်မ​လေးကဘယ်သူများလဲလို့စဉ်းစား​​နေတာ လက်စသက်​တော့မမဖြစ်​နေတာပဲ၊ အိမ့်မှူး ရဲ့နာမည်က​ ​မေအိမ့်မှူး ပါ
​နွေအိပ်မက် လဲ​ခေါင်းညိတ်ကာ ပြုံးပြလိုက်ရင်း၊
​နွေအိပ်မက်: အမ နာမည်က ​နွေအိပ်မက် ပါ
​မေအိမ့်မှူး: ဝါးးးး မမ နာမည်ကလှတာပဲ
ခန့်သစ်လွင် က​တော့သူတို့မိတ်ဆက်တာ နား​ထောင်ရင်း ​နွေအိပ်မက် ​​ဘေးနားသို့ဝင်ထိုင်လိုက်သည်။
ခန့်သစ်လွင်: ​နွေ ​နေသာရဲ့လား၊ ​နွေ့ကိုကြည့်ရတာဒီရက်​ပိုင်းဖျော့​တော့​နေသလိုပဲ
​နွေအိပ်မက်: ​နေသာပါတယ်၊ ​နွေ ဘာမှမဖြစ်ပါဘူး...ဒါနဲ့ အသစ် ကဘယ်ကဘယ်လို အိမ့်မှူး ကို​ခေါ်လာတာလဲ
ခန့်သစ်လွင်: အိမ့်မှူး က ​နွေ့ ကို​တွေ့ချင်တယ်ဆိုလို့​လေ
​နွေအိပ်မက်: ဪ...
ခန့်သစ်လွင်: ကိုယ်ခဏလူနာကြည့်စရာရှိ​သေးလို့ ခဏ​နေပြန်လာခဲ့မယ်​နော်
​နွေအိပ်မက်: အင်း သွား​လေ
​မေအိမ့်မှူး: ခန့်သစ် သွား​လေ အိမ့်မှူး မမနဲ့​နေ​ပေးလိုက်မယ်
ခန့်သစ်လွင် က ​​နွေအိပ်မက် ကို ​​မေအိမ့်မှူး နှင့်စိတ်မချ​သော်လဲ​ရွေးချယ်စရာမရှိပါ။ ထားခဲ့​ရ​​တော့သည်။ ခန့်သစ်လွင် ထွက်သွားသောအခါမှ ​မေအိမ့်မှူး က​ ​နွေအိပ်မက် ​​ဘေးဝင်ထိုင်ရင်းညီးတွားသလို​လေး​ပြောလာသည်။
​မေအိမ့်မှူး: အိမ့်မှူး မမကိုအားကျလိုက်တာ၊ ခန့်သစ် ကဘယ်သူ့ကိုမှ အဲ့လိုဂရုမစိုက်​ပေးဖူးဘူး
ခုဏက ခန့်သစ်လွင် ​နွေအိပ်မက် ကိုကြည့်​သောအကြည့်​တွေကိုမြင်ပီး ​မေအိမ့်မှူး ၁ ခုသ​ဘော​ပေါက်သွားခဲ့ရသည်။ ခန့်သစ်လွင် က ​နွေအိပ်မက် ကိုတကယ်ချစ်သွားခဲ့သည်။ ကံကြမ္မာက သူတို့ကိုခွဲခွာရ​​အောင်လုပ်​နေရင်​တောင် လုံးဝလက်​လျှော့မည်မဟုတ်​ကြောင်း သူ့မျက်ဝန်း​တွေက​ပြောပြ​နေကြသည်။

ကျွန်​တော့်ရဲ့ ​နွေအိပ်မက်​လေးDonde viven las historias. Descúbrelo ahora