အပိုင်း ၃

6K 229 0
                                    

Unicode font

အပိုင်း ( ၃ )

အခန်း ( ၅ )

"သားသား ဘာဖြစ်နေတာလဲ၊ မျက်နှာလဲ မကောင်းပါလား၊ အလုပ်အဆင်မပြေလို့လား"
"ဗျာ မေမေ၊ မဟုတ်ပါဘူး၊ အဆင်ပြေပါတယ်"

ဧည့်ခန်းထဲထိုင်ပြီး အတွေးလွန်နေတဲ့ နယုန် မေမေ့အသံကြားမှ သတိပြန်ဝင်လာခဲ့သည်။ Laptop ကြီးရှေ့ချကာ ကျော်ထက်ပြောပြခဲ့တဲ့ သင်္ကြန်အကြောင်းကို ပြန်ပြီးစဉ်းစားနေမိတာပါ။

"ဟင်.. ဒါဆို နေမကောင်းလို့များလား"

စကားသံမဆုံးသေး၊ နယုန်ရဲ့နဖူးပေါ်သို့ မေမေ့လက်က ရောက်လာခဲ့သည်။ မေမေက နယုန်တို့ ငယ်စဉ်ကတည်းက သားသမီးတွေကို ထိုသို့ ဂရုစိုက်တတ်သူပါ။

"ကိုယ်လဲ မပူပါဘူး၊ ခေါင်းကိုက်နေတာလား"

နယုန် ရယ်လိုက်မိရင်း မေမေရဲ့လက်ကို ဆွဲကိုင်ကာ သူ့နဘေးနား ထိုင်ခိုင်းလိုက်သည်။

"သား ဘာမှမဖြစ်ပါဘူးမေမေရာ၊ ဟိုဟိုဒီဒီ လျှောက်တွေးနေမိလို့ပါ"

မေမေက နယုန်ကို မျက်လုံးပြူးကာ ကြည့်လာပြီး

"ရည်းစားထားဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်"

မေမေမေးခွန်းကြောင့် သူ အ့ံဩသွားရသည်။ မေမေ ရိပ်မိရလောက်အောင်ထိ သူ့ပုံစံက မိန်းကလေးတစ်ယောက်အကြောင်း တွေးနေတယ်ဆိုတာ အရမ်းကို သိသာနေလို့များလား။

"သားနော် သားက အခုမှ အလုပ်စလုပ်ခါစပဲ ရှိသေးတာ၊ အဲ့လိုကိစ္စမျိုးတွေနဲ့ စိတ်မရှုပ်စေချင်ဘူး၊ ပြီးတော့ အသက်က ငယ်ငယ်လေးပဲရှိသေးတာကို၊ အိမ်ထောင်ပြုဖို့ စောပါသေးတယ်၊ ဒါကြောင့် ရည်းစားမထားနဲ့နော်၊ အပျော်ထားတာ ဘာညာတွေလဲ မကြားချင်ဘူး၊ အပိုင်ဖမ်းတတ်တဲ့ မိန်းမတွေနဲ့ တွေ့ရင် အပျော်ကနေ အပျက်ဖြစ်သွားလိမ့်မယ်၊ အချိန်တန်ရင် သားနဲ့သင့်တော်မယ့် အိမ်ထောင်ဖက်ကို မေမေကိုယ်တိုင်ရွေးပေးပြီး မင်္ဂလာဆောင်ပေးမှာ"
"ဟင်... မေမေ ကိုကို့ကို မင်္ဂလာဆောင်ပေးတော့မလို့လား"

အခုမှ ဧည့်ခန်းထဲရောက်လာတဲ့ လပြည့်က နားစွန်နားဖျားကြားကာ မေမေရဲ့ဘေးက ခုံမှာ အမြန်ဝင်ထိုင်ပြီး မေးလေတော့သည်။

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Where stories live. Discover now