အပိုင်း ၂၁

4.8K 164 2
                                    

Unicode font

အပိုင်း ( ၂၁ )

အခန်း ( ၅၁ )

သင်္ကြန်ကိုပို့ပြီး အိမ်ပြန်လာချိန်မှာတော့ နယုန်ကို မိသားစုဝင်အားလုံးက ဧည့်ခန်းမှာထိုင်၍ စောင့်ကြိုနေခဲ့သည်။ လုံးဝသဘောမတူဘူးလို့ ပြောဖို့ဆိုတာ ထုတ်ဖော်ပြောကြားစရာမလိုပဲ သိနေပြီးသားပါ။ လူကြီးတွေက လကလေးနဲ့နှိုင်းယှဉ်ပြီး သင်္ကြန်ကို အပြစ်မြင်ကြပေမယ့် သူကတော့ ချစ်ရသူမို့ ကိုယ့်ချစ်သူကို ဘယ်နေရာမှာမှ အပြစ်မမြင်နိုင်ခဲ့။ ပြီးတော့ လကလေးနဲ့ စေ့စပ်ရန် လူကြီးချင်းကြိတ်ပြီး စီစဉ်နေတဲ့ကိစ္စကိုလည်း လုံးဝလက်မခံနိုင်ကြောင်း ပြောထားပြီးပါပြီ။

"ကိုကို… လပြည့် အဲ့ဒီမိန်းမနဲ့ လုံးဝသဘောမတူဘူးနော်၊ မမလကလေးနဲ့ ယူရင်ယူ၊ မယူရင်လည်း သူနဲ့တော့ သဘောမတူဘူး၊ ရုပ်လေးကတော့ မဆိုးပေမယ့် စိတ်ထားကောင်းမယ့်ပံု မပေါ်ဘူး၊ ရည်းစားတွေလည်း အများကြီးထားခဲ့သေးတာတဲ့၊ ကိုကိုက ဘယ်နယောက်မြောက်လဲ မသိဘူး၊ သူ့အမေကလည်း နောက်အိမ်ထောင်နဲ့မို့ နေချင်သလိုနေဆိုပြီး လွှတ်ထားခဲ့တာတဲ့၊ အို… ဘာပဲဖြစ်ဖြစ် လပြည့်ကတော့ သူ့ကို ယောင်းမ မတော်ချင်ဘူး၊ အတူလည်း မနေချင်ဘူး"

လပြည့်သည် လူငယ်ပီပီ စကားကို သွယ်ဝိုက်ခြင်းမရှိပဲ ဘွင်းဘွင်း ပြောသည်။ ညီမလေးကို ဘာမှပြန်ပြောချင်စိတ် မရှိပေ။ သူ့အတွက် သင်္ကြန်ဟာ ဘယ်နေရာမှာမှ အပြစ်မြင်စရာမရှိသောကြောင့် ဘယ်လိုပဲ အပြစ်တင်ပြောဆိုနေပါစေ ဘာမှပြောင်းလဲမသွားနိုင်ခဲ့။ အရင်က ရည်းစားနှစ်ယောက်ထားခဲ့ဖူးတာကို အပြစ်တင်စရာမရှိပါ။ ကိုယ်နဲ့ချစ်ကြိုက်ပြီးနောက်ပိုင်း ကိုယ့်အပေါ်သစ္စာရှိဖို့သာ အရေးကြီးတယ်လို့သာ ခံယူပါသည်။ စိတ်ရှိတဲ့အတိုင်း လုပ်ခွင့်ရခဲ့တာ၊ ချစ်ခင်အလိုလိုက်သောမိဘတွေဆီမှာ မွေးဖွားခဲ့ရတာ ဒါတွေအားလုံးက သူမ ဘဝအခြေအနေနဲ့သူမ။ သူတောင် တစ်ခါတလေ စိတ်တိုင်းကျ နေခွင့်ရခဲ့သော သင်္ကြန်ကို အားကျမိသေးသည်။

"မြေးရယ်… ဖွားကတော့ သဘောမတူတာ မဟုတ်ဘူး၊ ဒါပေမဲ့ လက်ထပ်ပြီးနောက်ပိုင်း အဆင်မပြေမှာပဲ စိုးရိမ်တာ၊ ဖွားတို့အိမ်က ဘာပဲလုပ်လုပ် တစ်မိသားစုလုံး စည်းစည်းလုံးလုံး အတူလုပ်ကြတာ၊ မိသားစုအချင်းချင်းကြားမှာ ရန်ဖြစ်စကားများရတာမျိုး မဖြစ်စေချင်ဘူး၊ ကိုယ့်မိသားစုနဲ့ကိုယ်အေးအေးချမ်းချမ်း နေချင်တယ်ဆိုတာ သားသိပါတယ်၊ မိသားစုချင်း Culture မတူကြတော့ အစိမ်းသက်သက် လူတစ်ယောက်အနေနဲ့ အဖွားတို့မိသားစုနဲ့ နေသားကျဖို့ မလွယ်ဘူး၊ အကျင့်စရိုက် မတူတဲ့လူတွေ အတူနေကြရင် ပြဿနာဖြစ်မှာစိုးတယ်၊ ဒါကြောင့် သားရဲ့လေးလေးကိုတောင် အိမ်ခွဲပေးလိုက်တာပေါ့"

🔟 ချစ်ရသော ယုန်ဖြူလေး [ Ohh! my boy ]Onde histórias criam vida. Descubra agora